အိမ်မှာ ရောဂါပိုးအများဆုံးရှိတဲ့အရာဟာ ဘာလဲ၊


ရောဂါပိုးမွှားတွေကပ်နေတဲ့ လက်သုတ်ဝတ်တွေက အိမ်အနှံ့ ရောဂါအပြန့်နိုင်ဆုံး အရာတွေဖြစ်ကြောင်း လေ့လာသူတွေက ပြောကြားခဲ့တယ်။

မီးဖိုချောင်သုံး အ၀တ်တွေတင်မကဘဲ ရေချိုးခန်းသုံး မျက်နှာသုတ်ပ၀ါတွေ ကလည်း ရောဂါဖြန့် ဝေပေး နိုင်ကြောင်း သိရတယ် ။ ပြဿနာမှာ တဘက်တွေဟာ အချိန်ကြာမြင့်စွာ စိုထိုင်းနေ လို့ ရောဂါပိုးတွေပေါက်ဖွား နိုင်ဖို့ အသင့်တော်ဆုံးဖြစ်လျက် ရှိတယ်။ မျက်နှာသုတ်ပ၀ါတွေကိုသုတ်ရင်းနဲ့ အိမ်အတွင်းလျှောက်သွားနေတတ်ကြသဖြင့်လည်း မျက်နှာသုတ်ပ၀ါတွေကို အိမ်အတွင်းရောဂါပိုးမွှား သယ်ဆောင်နိုင်မှု အများဆုံးပစ္စည်း အဖြစ် သတ်မှတ်ထားကြတယ်။

မကြာသေးမီက တွေ့ရှိချက်အရ အစာအဆိပ်သင့်ခြင်းနဲ့ ၀မ်းလျှောရောဂါဖြစ်ပွားစေတဲ့ မစင်မှာပါဝင်တဲ့ အီကိုလိုင်ဘက်တီးရီးယားတွေလို မီးဖိုချောင်ဘက်တီးရီးယားတွေကို မီးဖိုချောင်သုံး လက်သုတ်ပ၀ါ (၈၉)ရာခိုင်နှုန်းမှာ တွေ့ရပြီး၊ တဘက်မှာ(၂၅ဒသမ ၆)ရာခိုင်နှုန်းမှာလည်း တွေ့ရှိရကြောင်း သိရတယ်။
လက်သုတ်ပ၀ါတွေဟာ အညစ်အကြေးတွေနဲ့ အစွန်းထင်းဆုံးဖြစ်သလို၊ အသားစိမ်း ငါးစိမ်းတွေနဲ့လည်း ထိတွေ့မှုရှိပြီး၊ အမြဲလိုလို စိုစွတ်နေ တတ်တဲ့အရာဖြစ်တာကြောင့်လည်း ဖြစ်တယ်။

အ၀တ်နဲ့ လက်သုတ်ပြီးနောက် အစားအသောက်ကို ကိုင်တွယ်လိုက် ခြင်းဖြင့် အ၀တ်မှရောဂါပိုးတွေဟာ ပါးစပ်ထဲ ရောက်သွားတော့တယ်။ ဒါ့အပြင် လက်သုတ်ဝတ်တစ်ခုထဲကို မိသားစုအားလုံးသုံးစွဲခြင်းဖြင့် တစ်ယောက်ဆီက ဘက်တီးရီးယားတွေဟာ အားလုံးဆီပြန့်သွားတော့တယ်။
အဲဒီပိုမွှားတွေကို အ၀တ်လျှော်စက်ထဲ ထည့်လျှော်ပေမယ့်လည်း မနှိမ်နှင်းနိုင်ကြောင်း၊ မီးဖိုချောင်မှာ ဆပ်ပြာမှုန့်နဲ့ ပွတ်လျှော်ပေမယ့်လည်း ဆက်လက်ရှင်သန်နိုင်စွမ်းရှိကြောင်း သိရတယ်။ ဆပ်ပြာရေထဲမှာ နှစ်မိနစ် ကြာစိမ်ထားတာက ရေဖြင့်ချက်ချင်း လျှော်ပစ်တာထက် ပိုမိုထိရောက်ကြောင်းလည်း လေ့လာသူတွေက အကြံပြုထားတယ်။

ရေနွေးနဲ့ လျှော်မယ်ဆိုရင် လည်း ပူနေတဲ့ရေနွေးနဲ့ ထည့်ပြုတ်ပြီး လျှော်သင့်ကြောင်း၊ ခပ်နွေးနွေး၊ ပူတဲ့ ရေထဲမှာ လျှော်တာဟာ မထိရောက် ကြောင်းလည်း ပညာရှင်တွေက သတိ ပေးတယ်။
လေ့လာမှု စစ်တမ်းများကို အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် တက္ကသိုလ်မှ ပါမောက္ခ ချာလ်ဂါဘာ နဲ့အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်တယ်။

ညွန့်လွင်(စက်မှုတက္ကသိုလ်)
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ