ကောင်းကျိုးပေးသည့်ကိုလက်စထရောများ သကြားဓါတ်ကြောင့် ပျက်စီးနိုင်


methylglyoxal အမည်ရှိ သကြားဓါတ်တစ်မျိုးသည် ကောင်းကျိုးပေးသည့် HDL ကိုလက်စထ ရောကို ကျဆင်းစေကြောင့်း  University of Warwick သုတေသီ များက ဆိုသည် ။
LDL ကိုလက်စထရောသည် နှလုံးရောဂါနှင့် ဆက်စပ်လျက်ရှိပြီး ၎င်းင်းကိုမြင့်တက်စေသည့် methylglyoxal သကြားဓါတ်သည်လည်း သက်ကြီးရွယ်အိုများ ၊ ဆီးချိုရောဂါ နှင့် ကျောက်ကပ်ရောဂါ ရှိသူများတွင် အများဆုံးတွေ့ရလေ့ရှိသည်။

methylglyoxal ကြောင့် ပျက်စီးသွားသည့် ကောင်းကျိုးပေး HDLကိုလက်စထရောများသည် သွေးတွင်းမှ ချက်ချင်းဖယ်ရှားခံရပြီး သွေးတွင်း HDL ကိုလက်စထရော ပမာဏ ရုတ်တရက်လျော့ကျသွားသည်။ ထို့ပြင် သွေးတွင်းကျန်ရှိသည့် HDL ကိုလက်စထရောများမှာ လုပ်ငန်းတာဝန်အပြည့်အ၀ လုပ်ဆောင် နိုင်ခြင်း မရှိတော့ပေ။

ဦးဆောင်သုတေသီ Dr. Naila Rabbani ၏အဆိုအရ methylglyoxal ကြောင့် HDLကိုလက်စထရောများ ပျက်စီးရခြင်း သည် သွေးတွင်း HDL ကိုလက်စ ထရောကျဆင်းရသည့် အဓိက အကြောင်း ရင်းဖြစ်နိုင်ပြီး သွေးတွင်း ရှိပြီးသား HDL ကိုလက်စထရော လုပ်ငန်းများကောင်းစွာ မလည်ပတ် နိုင်ခြင်း၏ အဓိကအကြောင်းရင်း လည်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အာနိသင်ကြောင့် နှလုံးရောဂါများ ဖြစ်ပွားရန် (၁၀)ရာခိုင်နှုန်းခန့် အန္တ ရာယ်မြင့်တက်လာသည်ဟု Dr. Naila Rabbani ကဆိုသည်။

ကောင်းကျိုးပေး HDL ကိုလက်စထရော ကျဆင်းခြင်းကို ကုသနိုင်သည့်ဆေးဝါး ယခုအချိန် ထိ မပေါ် ထွက်သေးသော်လည်း Methylglyoxal ကြောင့် HDL ကိုလက်စထရော ကျဆင်းခြင်း ကို တွေ့ရှိ ရခြင်းကြောင့် methylglyoxal ကျဆင်းစေသည့် ဆေးဝါးများ တီထွင်နိုင်ပါက ကောင်းကျိုးပေး HDL ကိုလက်စထရောကျဆင်း သည့် ပြဿနာကို ကုသနိုင်မည်ဖြစ် ကြောင်း သုတေသီများကဆိုသည် ။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ