ဦးနှောက်ကိုထိခိုက်ပျက်စီးစေနိုင်သည့် အစားအသောက်များ


လူခန္ဓာကိုယ်၌ ဦးနှောက်သည့် အရှုပ်ထွေးဆုံးနှင့် အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်သဖြင့် ဦးနှောက်ကို အထူးဂရုပြုရန် လိုအပ်သည့်အတွက် ဦးနှောက်ကိုထိခိုက်ပျက်စီးစေနိုင်သည့် အစားအသောက်များကို Global Health မှ ဇန်နဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

Global Health မှ ထုတ်ပြန်ခဲ့သည့် ဦးနှောက်ကို ထိခိုက်ပျက်စီးစေနိုင်သည့် အစားအသောက် စာရင်း၌ မသန့်ရှင်းသောဆီ ၊ ပြန်သုံးဆီများသည် ဦးနှောက်၏ လုပ်ဆောင်မှုကိုများ အလွန်အမင်း ထိခိုက် ပျက်စီးစေနိုင်ပြီး နှလုံးနှင့် ပတ်သက်သည့် ရောဂါများကို ဖြစ်ပွားစေနိုင်ပြီး အစာအစာများကို ပိုမို အရသာရှိစေရန် အသုံးပြုသည့် အချိုမုန့်များသည်လည်း ဦးနှောက်ဆဲလ်များကို ပျက်စီးစေနိုင်ကာအချိုဓာတ် များပြားသည့် အစားအသောက်များသည်လည်းဦးနှောက်၏ လုပ်ဆောင်ချက်များကို ပျက်စီးစေနိုင်သည့် အပြင် ဆားကိုလည်း အလွန်အကျွံ စားသုံးမိပါက ဦးနှောက်နှင့် ပက်သတ်သည့် ရောဂါများနှင့် စိတ်ပိုင်း ဆိုင်ရာရောဂါများ ဖြစ်ပွားသည့်အထိဆိုးရွားစေနိုင်သည့်အပြင် အစားအသောက်များကိုဆင်ခြင် စားသုံးပေးခြင်းဖြင့် ကိုယ်တွင်းအင်္ဂါများ၌ ဆိုးကျိုးများမဖြစ်ပေါ်စေနိုင်ပဲကျန်းမာကြံခိုင်စေနိုင်ကြောင်း Global Health မှ Dr. John Lenson မှ ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည် ။

ဦးနှောက်သည် လူခန္ဓာကိုယ်၌ အရေးအကြီးဆုံးအပိုင်းအဖြစ် တည်ရှိနေပြီး ဦးနှောက်သည် အလေးချိန် ၄ ပေါင်မျှသာရှိသော်လည်း ကိုယ်ခန္ဓာ တစ်ခုလုံးရှိ အာရုံကြောများကို ထိန်းချုပ်ညွှန်ကြားပေးပြီး ဦးနှောက် သာသေဆုံးသွားပါက ကျန်ရှိ ကိုယ်ခန္ဓာ တစ်ခုလုံးသေဆုံးသွားမည်ဖြစ်သည့်အတွက် လူတိုင်းဦးနှောက်၏ ကျန်းမာရေးကိုအထူးဂရုပြုသင့်ကြောင်း Global Health မှ ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ