အတက်ရောဂါရှိသော အမျိုးသမီးများနှင့်ကျန်းမာရေး
လေ့လာမှုတစ်ရပ်အရ အတက် ရောဂါရှိသော ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင် စဉ်အတွင်း သေဆုံးခြင်းမြင့်တက်စေသည်ဟုသိရသည်။ အတက် =ရောဂါ သည် ဦးနှောက်အတွင်း နာ့ဗ်ကြော များလှုပ်ရှားခြင်းစွမ်းရည်များ ပုံမှန် မဟုတ်ခြင်းကြောင့်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင်နှစ်စဉ် လူပေါင်း၁သိန်းခွဲခန့်သည် အတက်ရောဂါ ဖြစ်နေကြသည်ဟု သိရသည် ။ ကိုယ်ဝန်ဆောင်များတွင် ၀.၃ဦးနှင့် ၀.၅ရာခိုင်နှုန်းသည် အတက်ရောဂါဖြစ်တတ် ကြသည်ကို တွေ့ရသည် ။ လေ့လာမှုစစ်တမ်းများ အရ အတက်ရောဂါရှိသောအမျိုးသမီးများသည် ကိုယ်ဝန်စောမွေးခြင်းနှင့် ကလေး ထိခိုက်ဒဏ်ရာအရများခြင်းတို့ကို လည်းဖြစ်စေသည်ဟု သိရ သည် ။ အတက်ရောဂါရှိသော ကိုယ် ၀န်ဆောင် ၁သိန်းတွင်၆ဦးနှုန်းသည် သေဆုံးသည်ဟု စစ်တမ်းများအရသိ ရသည် ။ ထို့ကြောင့် အတက်ရောဂါ ရှိသော ကိုယ်ဝန်ဆောင်များအနေနှင့် ရောဂါကို စောလျဉ်စွာကုသသင့် သည်ဟုသိရသည်။
မာဃ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin