အသည်းအဆီဖုံးဝေဒနာ အတွက် သဘာဝဆေးဝါး
အသည်းအဆီဖုံးတယ်ဆို တာအသည်းဆဲလ်လေးတွေမှာ အဆီတွေစုပုံလာခြင်းဖြစ်ပါတယ် ။ အသည်းအဆီဖုံးတဲ့ရောဂါမှာ အရက်အလွန်အကျွံသောက်သုံးမှု ကြောင့်အသည်းအဆီဖုံးခြင်းနဲ့ တခြားအကြောင်းများကြောင့် အဆီဖုံးခြင်းဆိုပြီးအကြောင်းရင်းနှစ်ခုရှိပါတယ် ။ အသည်းအဆီဖုံးတဲ့ အခါ သွေးတွင်းကိုလက်စ်ထရောတွေတက်လာမယ်။ အ၀လွန်လာမယ် ။ ဆီချိုရောဂါ၊ ခန္ဓာကိုယ်အ လေးချိန်တွေအမြဲကျလာတယ် ။
အာဟာရချို့တဲ့လာမယ်စတဲ့ ဝေဒနာလေးတွေခံစားလာရပါလိမ့် မယ်။ ယေဘုယျအားဖြင့်တော့ အသည်းအဆီဖုံးသူအများစုက လက္ခဏာပြလေ့မရှိကြပါဘူး ။ ဒါပေမဲ့ ၀မ်းဗိုက်မသက်မသာဖြစ်လာမယ် ။ အ၀လွန်လာမယ်၊အစာစားချင်စိတ်လျော့နည်းလာမယ်။ နေထိုင်မကောင်းဖြစ်မယ်စတဲ့ ဝေဒနာတွေခံစားရလေ့ရှိပါတယ်။လက်ရှိအချိန်မှာတော့ အသည်းအဆီဖုံးရောဂါအတွက် ထိရောက်တဲ့ကုသမှုမရှိသေးပါဘူး ။ ဒါပေမဲ့ နေ့စဉ်နေထိုင်မှုပုံစံတွေ ၊ စားသောက်မှုပုံစံပြောင်းလဲလိုက်ရုံနှင့် အသည်းအဆီဖုံးဝေဒနာကို အ နည်းငယ်မျှ သက်သာ လာစေနိုင် ပါတယ် ။ ပြီးတော့ အသည်းအဆီဖုံးဝေဒနာအတွက် အိမ်တွင်းဖြစ် သဘာဝဆေးဝါးလေးတွေ ရှိပါသေးတယ် ။
ပန်းသီး၊ အရက် ဗီနီဂါ
ပန်းသီးအရက် ဗီနီဂါက အသည်းအဆီဖုံးဝေဒနာကို ကုသနိုင်တဲ့ သဘာဝဆေးဝါးတွေထဲကတစ်ခုပါ။ ပန်းသီးဗီနီဂါက အသည်းဝန်းကျင်တစ်ဝိုက်က အဆီပိုတွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ် အလေးချိန်လျော့ကျစေဖို့ ကူညီပေးပါတယ် ။ အသည်းရဲ့လုပ်ဆောင်မှုတွေကို ကောင်းမွန်လာသလို အသည်းရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပါတယ်။ နေ့စဉ်အစားမစားခင်မှာ ပန်းသီးအရက်ဗီနီဂါ လဿဘက်ရည် ၁ ဇွန်း၊ ပျားရည်အနည်းငယ်ကို ရေနွေးနွေးနဲ့ရောစပ် ပြီး တစ်နေ့နှစ်ကြိမ်သောက်သုံး ပေးနိုင်ပါတယ် ။
သံပုရာရည်
သံပုရာရည်မှာအသည်းလုပ်ဆောင်မှုကို ပိုပြီးကောင်းမွန်စေတဲ့ အင်တီအောက်ဆီဒင့်တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီပါဝင်ပါတယ်။ သံပုရာရည်က ခန္ဓာကိုယ်နဲ့အသည်းက အဆိပ်အတောက်များကို ဖယ်ရှား သန့်စင်ပေးပါတယ်။ သံပုရာသီး တစ်ဝက်ကိုအရည်ညှစ်ပြီး နေ့စဉ် နှစ်ကြိမ်မှ သုံးကြိမ်သောက်သုံးပေး နိုင်ပါတယ်။
လက်ဖက်ရည်ကြမ်း
လက်ဖက်ရည်ကြမ်းမှာအသည်း လုပ်ဆောင်မှုတွေကိုပိုပြီးတိုးတက်စေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ လက်ဖက်ရည်ကြမ်း ကအသည်းအတွင်းမှာ စုပုံနေတဲ့အဆီပိုတွေကိုဖယ်ရှားပေးပါ တယ် ။ လက်ဖက်ရည်ကြမ်းကိုပုံမှန် သောက်သုံးပေးမယ်ဆိုရင် ခန္ဓာ ကိုယ်အလေးချိန်ကို ကျစေနိုင်ရုံ သာမက ခန္ဓာကိုယ်မှအဆီပိုတွေကို ဖယ်ရှားပေးပါလိမ့်မယ် ။
နနွင်း
အဖိုးတန် အင်တီအောက်ဆီ ဒင့်တွေကြွယ်ဝစွာပါဝင်တဲ့ နနွင်းက အသည်းအဆီဖုံးဝေဒနာအတွက် အကောင်းဆုံးဆေးဝါးဖြစ်ပါတယ် ။ နနွင်းက အသည်းကအဆီပိုတွေ ကိုဖယ်ရှားပေးပြီး အသည်းကိုပို ကျန်းမာစေပါတယ်။ နနွင်းက အဆီကိုခြေဖြတ်နိုင်စွမ်းရှိပြီး ခန္ဓာ ကိုယ်အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ် ။ နနွင်းမှုန့်လက်ဖက် ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်ကို ရေ တစ်ဖန်ခွက်ခန့်ဆူအောင်တည်ပါ။ တစ်နေ့နှစ်ကြိမ်သောက်သုံးပေး နိုင်ပါတယ် ။
နွယ်ချို
နွယ်ချိုကလည်း အသည်းအဆီဖုံးရောဂါကိုကာကွယ်တိုက်ဖျက်ပေးနိုင်တဲ့ သဘာဝပစ္စည်းတွေထဲ ကတစ်ခုဖြစ်ပါတယ်။ နွယ်ချို လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကိုရေနွေးပူ ပူထဲမှာ ၅ -၁၀ မိနစ်ခန့်စိမ်ထားပေးပြီး အနည်ထိုင်သွားတဲ့အခါ ပျားရည်အနည်းငယ်ရောစပ်ပြီး တစ်နေ့နှစ်ကြိမ်သောက်သုံးပေးနိုင် ပါတယ်။
သင်္ဘောသီး
သဘောင်္သီးအသားရော အစိပါ အသည်းအဆီဖုံးဝေဒနာကို ကုသပေးနိုင်ပါတယ် ။ သင်္ဘောသီး က အသည်းအဆီဖုံးခြင်းကိုဖြစ်စေတဲ့ အဆီတွေကို လျောင်ကျွမ်းစေဖို့ကူညီပေးပါလိမ့်မယ် ။ သင်္ဘောသီး အစေ့ခြောက် ၅ -၆ စေ့ခန့် ကို သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းရောစပ်ပြီး တစ်နေ့ နှစ်ကြိမ် သောက်သုံးပေးနိုင်ပါတယ် ။
ကုလားဆီးဖြူသီး
ကုလားဆီးဖြူသီးကလည်း ဗီတာမင်စီကြွယ်ဝစွာပါဝင်ပြီး အသည်းမှ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းများကို စွန့်ထုတ်ပေးပါတယ် ။ ကုလားဆီးဖြူသီးက သွေးတွင်းကိုလက်စ်ထရောမြင့်မားခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုရောဂါတွေကိုလည်း သက်သာစေပါတယ်။ ကုလားဆီးဖြူသီးကို နေ့စဉ် ၃-၄ လုံးခန့်စားနိုင်သလို ချက်ပြုတ် ရာမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ် ။
နောက်ထပ်ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းကောင်းလေးတွေကတော့ """
- ခနဿဓာကိုယ်အလေးချိန်အ လွန်တက်နေတဲ့အခါ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ ။ တစ်ပတ်အတွင်း ၄ ပေါင် ဒါမှမဟုတ် ၄ ပေါင်ထက် အလေးချိန်ကျခြင်းက အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ် ။
- အဆီဓာတ်နည်းပါးပြီ၊း အမျှင်ဓာတ်ြွကယ်ဝတဲ့အစားအစာ များ စားသုံးပေးပါ ။
- အချိုဓာတ်လွန်ကဲစွာစား သုံးခြင်း၊ ဆီကြော်မုန့်တွေစားသုံး ခြင်းရှောင်ပါ ။
- အရက်သောက်သုံးခြင်း ရှောင်ပါ ။
Health Guide
https://www.facebook.com/pg/healthguidemyanmar
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin