မနက်စာနဲ့ညစာ ဘာကို လျှော့စားသင့်သလဲ


မနက်စာကိုများများ စားသုံးပေး သူတွေဟာ ညစာများများ စားသူတွေ ထက်စာရင် ပိုပြီးကိုယ်အလေးချိန်ကျ ဆင်းတဲ့အပြင် ခါးပတ်လည်အဆီ တွေလဲ လျော့ပါးနိုင်တယ်လို့ သုတေ သနတစ်ခုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒီသုတေသနကို Tel Aviv University မှ သုတေသနအဖွဲ့က ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး မနက်ခင်းစာ ကို ပိုစားပေးပြီး ညစာကိုလျှော့စား ပေးခြင်းလို အစားအစာကို timing လုပ်ပေးခြင်းဟာ အဝလွန်ခြင်းကို ထိန်းချုပ်နိုင်ပြီး ကျန်းမာရေးနဲ့ညီညွတ် တဲ့အပြုအမူဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ချောကလက်ကိတ်၊ ကွတ်ကီးအစရှိတဲ့ အချိုပွဲတွေပါ ထည့်သွင်းစားသုံးတဲ့ မနက်ခင်းစာ ဟာ အင်ဆူလင်၊ သွေးတွင်းအချို ဓာတ်နဲ့ သွေးတွင်းအဆီ ဓာတ်တွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။

 ဒါ့အပြင် နှလုံးသွေးကြောရောဂါ တွေနဲ့ သွေးတိုး ရောဂါတွေကိုလည်း လျော့ပါးစေနိုင် ပါတယ်။
လေ့လာမှုခေါင်းဆောင် ပါမော က္ခ Dr.Daniela Jakubowicz နဲ့ အဖွဲ့ဟာအဝလွန်နေတဲ့ အမျိုးသမီး ၉၃ယောက်ကို လေ့လာခဲ့ပြီး မနက် စာနဲ့ညစာ စားသုံးမှုတွေကို လေ့လာ ခဲ့ပါတယ်။ လေ့လာမှုဟာ ၁၂ပတ် ကြာမြင့်ခဲ့ပါတယ်။ လေ့လာမှုအဆုံး မှာတော့ big breakfast လို့ခေါ်တဲ့ မနက်ခင်းမှာ အစားအစာတွေကို ပိုမိုစားသုံးပေးသူတွေဟာ ပျမ်းမျှ ကိုယ်အလေးချိန် ၁၇.၈ပေါင်ကျ ဆင်းပြီး ခါးအဆီတွေလဲ ကျဆင်း ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ ညစာပို စားသုံးသူတွေကတော့ ကိုယ်အလေး ချိန် ၇.၃ပေါင်တက်ခဲ့ပြီး ခါးပတ် လည်အတိုင်းအတာ ၁.၄လက်မတိုး ခဲ့တာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Dr.Daniela Jakubowicz ကတော့ မနက်ခင်းစာကို ပိုမိုစားသုံး ပေးခြင်းဟာ အစာစားသုံးမှုကို မြင့် တက်စေတဲ့ဟော်မုန်း ghrelin ကို နည်းပါးစေပြီး အင်ဆူလင်၊ ဂလူး ကို့စ်နဲ့၊ အဆီဓာတ်တွေကို သွေးထဲ မှာပိုမိုထိန်းချုပ်နိုင်စေတယ်လို့ ရှင်းပြ ခဲ့ပါတယ်။
ဒီလေ့လာမှုကိဲု Journal of Obesity မှာ ဖော်ပြထားတာဖြစ်ပါ တယ်။

ငြိမ်းအေး
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ