အဝလွန်သူများအတွက် အစာစားချင်စိတ်ကို လျော့ချပေးမည့်လှည့်ကွက်အချို့


၁. အစာစားရာတွင် အစားအပေါ် တွင်သာ အာရုံထားပါ။
လူအများစုဟာ ကုမ္ပဏီမှာ အများနဲ့စုစားတာ ဖြစ်စေ၊ TV ကြည့် ရင်းစားတာဖြစ်စေ၊ မြူးကြွတဲ့သီချင်း သံများကို နားထောင်ရင်းဖြစ်စေ စားခြင်းဖြင့် ခန္ဓာကိုယ်က အစာဝပြီ ဆိုတာကို သတိထားမိစေရာမှာ အတားအဆီး ဖြစ်တတ်ပါတယ်။ အစာစားရာတွင် အာရုံစိုက်ထား ခြင်းဖြင့် ခန္ဓာကိုယ်က အစာဝပြီဟူ သည့်ခံစားမှုကို ပိုမိုလျင်မြန်စွာ သတိထားမိစေနိုင်ပါတယ်။

၂. အနံ့ခံပါ။ များများဝါးပါ။
သင့်ရဲ့အစာဟာ အနံ့ကောင်း မွန်ခြင်းအားဖြင့်အစား ကိုပိုမိုအာရုံ စိုက်စေနိုင်ပြီးပြည့်ဝသည့် ခံစားမှုကို အာရုံခံရာ၌ အထောက်အကူဖြစ် စေပါတယ်။ များများဝါးခြင်းကလည်း ဦးနှောက်အား ဗိုက်ဝပြီဟူသည့် အချက်ပြမှု ပို့လွှတ်စေသော ဟော် မုန်းကို ထွက်စေပါတယ်။

၃.အရည်များများ၊ အသားပွပွ အစားများစားပါ။
ဥပမာ ကာဗိုဟိုက်ဒြိတ် တင်း ပြည့်ကြပ်ပြည့်ပါသော ထမင်းကဲ့ သို့အစာများများစားမည့်နေရာတွင် ဟင်းသီးဟင်းရွက်စွပ်များစားခြင်းက ဗိုက်ကို ပိုမိုလျင်မြန်စွာပြည့်စေနိုင်ပါ တယ်။

၎.အဆီများသောအစားများစားပြီး လျှင် အစာဝသည်ဆိုသည့်ခံစားချက် ကို ရရှိရန် အချိန်အနည်းငယ်လိုပေ သည်။ ထို့ကြောင့် အဆီများသော အစာများကို စားရာ၌ အခြားအစာ များကဲ့သို့ လျင်မြန်စွာမစားဘဲ ဖြေး ဖြေးနှေးနှေးစားပေးသင့်ပါတယ်။
၅.လုံလောက်စွာအိပ်ပါ
လုံလောက်စွာ အိပ်စက်ထား ခြင်းဖြင့် အစာစားလိုစိတ်ကို လျော့ ကျစေပါတယ်။

၆. ရေဓာတ်ပြည့်ဝစွာနေပါစေ
သာမန်အားဖြင့် တစ်ရက်ကို ရေ ၈ ဖန်ခွက်ခန့်သောက်ရန် လိုပြီး အစာ မစားမီ ရေတစ်ဖန်ခွက် (သို့)နှစ်ဖန် ခွက်ခန့်သောက်ခြင်းက ဗိုက်ကိုပြည့် တင်းစေပြီး အစာစား ချင်စိတ်ကို လျော့ကျစေပါတယ်။

၇.ပန်းကန်သေးသေးဖြင့်စားပါ။

၈.ပျင်းရိဖွယ်ကောင်းသည့် အစာ များစားပါ။ ဥပမာ ပေါင်မုန့်ရိုးရိုး၊ ကြွပ်ရွ၍ အချိန်ကြာကြာဝါးရသော အရွက်သုတ်များ၊ အရိုးများသောငါး များ။

၉.ထမင်းမစားမီ မိနစ် ၂၀ခန့်အလို တွင် ပန်းသီး ၁လုံးစားပေးပါ။

၁၀.သဘာဝအစာများစားပါ။ အသင့် ထုတ်ပိုးထားသောအစားများ တွင် ကယ်လုရီများပိုမိုပါဝင်လေ့ရှိ သည်။

အပိန်လေး
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ