မျိုးသားနှင့် အမျိုးသမီး ရောဂါတုံ့ပြန်မှုချင်း မတူညီရသည့် အကြောင်းအရင်း


အမျိုးသားနဲ့ အမျိုးသမီးကြားမှာ မတူညီတဲ့ ကျန်းမာရေး ပြဿနာတွေ အများကြီးရှိပါတယ်။ လိင်ပိုင်းဆိုင်ရာ ကွာခြားမှုကြောင့် ရောဂါတစ်ခုပေါ်မှာတောင် အမျိုးသားနဲ့ အမျိုးသမီးကြား တုံ့ပြန်မှုတွေက မတူညီကြပါဘူး။ ဒါကြောင့် အမျိုးသားနဲ့ အမျိုးသမီးမှာ အဖြစ်များတဲ့ရောဂါတွေအပေါ် တုံ့ပြန်မှု မတူရတဲ့ အကြောင်း အရင်းတွေကို ဖော်ပြပေးလိုက် ပါတယ်။

(၁) နှလုံးရောဂါ
နှစ်စဉ်နှစ်တိုင်း အမေရိကန်အမျိုးသမီး ငါးသိန်းခန့်ဟာ နှလုံးရောဂါကြောင့် အသက်သေဆုံးနေကြပါတယ်။ ဒီပမာဏဟာ နှလုံးရောဂါကြောင့် နှစ်စဉ်သေဆုံးတဲ့ အမျိုးသားအရေအတွက်ထက် ငါးသောင်းကျော် ပိုများနေပါတယ် ။ ဒါဟာ အမျိုးသမီးတွေဟာ ပထမအကြိမ် နှလုံးရောဂါထခြင်း (Heart Attack) ခံစားရတဲ့ နှစ်အတွင်းမှာကို ဒုတိယအကြိမ် နှလုံးရောဂါ ပြန်ထလွယ်တာကြောင့် ဖြစ်ပါတယ် ။

(၂) စိတ်ကျရောဂါ
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ဓာတ်ကျရောဂါ ခံစားနိုင်ခြေ နှစ်ဆကနေ သုံးဆအထိ ပိုများပါတယ် ။ ဒါဟာအမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်ဟော်မုန်း ထုတ်လုပ်မှုနည်းတာကြောင့် ဖြစ်ပါတယ် ။

(၃) အရိုးပါးရောဂါ
အမျိုးသမီးတွေရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးဟာ အရိုးပါးရောဂါ ခံစားနေရပါတယ်။ အမျိုးသားတွေမှာတော့ အရိုးပါးရောဂါ ဖြစ်နှုန်းနည်းပါးပါတယ်။ ဒါဟာ အမျိုးသမီးတွေမှာ အရိုးထုထည် ဆုံးရှုံးနှုန်း မြင့်မား တာကြောင့်ပါ ။

(၄) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာချင်းအတူတူ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ နှလုံးသွေးကြော ကျန်းမာရေး အပေါ် ဆိုးကျိုး သက်ရောက်မှု ပိုများပါတယ်။ ဒါဟာ အမျိုးသမီးတွေဟာ ဆေးလိပ်ဖြတ်တဲ့ အခါ အောင်မြင် မှုနှုန်းပိုနည်းပြီး ဆေးလိပ်ဖြတ်တဲ့အခါ ဖြစ်လာတဲ့ လက္ခဏာတွေကလည်း ပိုပြင်းထန်တတ်တာကြောင့်ပါ။

(၅) လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လိင်ဆက်ဆံရာမှာ ရောဂါ ကူးစက်နိုင်ခြေ နှစ်ဆပို များပြီး ရောဂါရရှိပြီးတာနဲ့ ခန္ဓာကိုယ်အလေးချိန်ဟာလည်း သိသိသာသာ ကျဆင်းတတ်ပါတယ်။ ဒါဟာအမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် တည်ဆောက် ပုံနဲ့ ခန္ဓာကိုယ်ခွန်အား ကြောင့်ဖြစ်ပါတယ်။

(၆) မေ့ဆေး၊ ထုံဆေးပေးခြင်း
မေ့ဆေး၊ ထုံဆေးပေးတဲ့အခါ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး မြန်မြန်ပြယ်လွယ်ပါတယ်။

(၇) ဆေးဝါးတုံ့ပြန်မှု
ဓာတ်မတည့်မှု သက်သာအောင် ပေးတဲ့ဆေး (Anti – histamine) နဲ့ ပဋိဇီဝပိုးသတ်ဆေး (Antibiotic)တွေလို အသုံးများတဲ့ ဆေးတွေမှာတောင် အမျိုးသမီးတွေနဲ့ အမျိုးသားတွေကြားမှာ မတူညီတဲ့တုံ့ပြန်မှုတွေနဲ့ မတူညီတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။

(၈) ကိုယ်တွင်း ခန္ဓာအချင်းချင်း ဓာတ်မတည့်သောရောဂါ (Autoimmune Disease)
ကိုယ်တွင်း ခန္ဓာအချင်းချင်း ဓာတ်မတည့်တဲ့ ရောဂါခံစားနေရသူ လေးဦးမှာ သုံးဦးဟာ အမျိုးသမီးတွေဖြစ်နေပါတယ်။

(၉) အရက်
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အစာအိမ်ထဲမှာ အရက်ထဲပါဝင်တဲ့ အီသနော ဓာတ်ကို ချေဖျက်နိုင်တဲ့ အင်ဇိုင်း (Gastric Enzyme) ထုတ်လုပ်နိုင်စွမ်း ပိုနည်းပါတယ်။ ဒါကြောင့်အရက်ပမာဏချင်း အတူတူသောက်ပြီးတဲ့အခါ အမျိုးသမီးတွေရဲ့သွေးထဲမှာ အယ်လ်ကိုဟောပမာဏ ပိုမြင့်မားနေတာပါ။

(၁၀) နာကျင်မှု
နာကျင်မှု ကုသဆေးတချို့ဟာ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ သက်သာနိုင်စွမ်း ပိုနည်းပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ