သင့်ရဲ့အောင်မြင်မှုတွေကို အထောက်အကူပြုစေမည့် အစားအစာများ


၁.အလုပ်အင်တာဗျူးဖြေစဉ် - အလုပ်အင်တာဗျူးမဖြေမီ၌ အစာ ကြေလွယ်၍ အင်တာဗျူးဖြေစဉ် တစ်လျှောက်လုံး လိုအပ်သောစွမ်း အင်ကို ပေးနိုင်ပြီး ဖြေစဉ်၌ အူလမ်း ကြောင်းကို အနှောင့်အယှက်မပေး

နိုင်မည့်အစာများကို စားသင့်သည်။ ယင်းအစာများမှာ အစိမ်းရောင်အ ရွက်များသောဟင်းသီးဟင်းရွက်များ၊ ပဲနို့၊ ဒိန်ချဉ်နဲ့အသားဓာတ်များကို စားသင့်ပါတယ်။
၂.မကြာခဏဒေါသထွက်နေလျှင်- လေ့လာမှုတစ်ခုအရ Omega-3 Fatty acid နည်းနေပါက ဒေါသ ထွက်လွယ်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် Omega-3 ကြွယ်ဝစွာ ပါဝင်တဲ့ငါးအမျိုးမျိုးဇင့်ဓာတ်ကြွယ်ဝ

တဲ့အခွံမာသီးတွေနဲ့ လက်ဖက်စိမ်း ရေနွေးကြမ်းတို့ကို စားသုံးပေးသင့်ပါ တယ်။
၃. အရေးကြီးတဲ့ဆုံးဖြတ်ချက် ချ တော့မည်ဆိုလျှင်-အရေးကြီးတဲ့တစ် စုံတစ်ရာဆုံးဖြတ်ချက်ချတော့မည်ဆို လျှင် ဒိန်ချဉ်စားသုံးပေးသင့်ပါ တယ်။ ဒိန်ချဉ်က ဦးနှောက်ကို ကြည် လင်စေရုံသာမက စိတ်လှုပ် ရှားမှု လည်း

လျော့နည်းစေပြီး ဒိန်ချဉ်တွင် ပါဝင်သောဇင့်နှင့်အိုင်အို ဒင်းတို့က ဦးနှောက်လုပ်ဆောင်မှုကို မြင့်တက် စေပြီး ဆုံးဖြတ်နိုင်စွမ်းရည်ကို မြင့် တက်စေပါတယ်။
၎.စာမေးပွဲဖြေစဉ် - စာမေးပွဲဖြေ စဉ်တွင် အခွံမာသီး၊ ငါး၊ ဒိန်ချဉ်၊ ကွေကာ၊ အသီးခြောက်နဲ့ဥအမျိုးမျိုး ကို စားသုံးခြင်းအားဖြင့် အာရုံပိုမို စူးစိုက်နိုင်ပြီး စွမ်းအင်ကိုလည်း လို သလောက် ဖြည့်ဆည်းပေးနိုင်ပါ တယ်။

သကြား၊ ကဖင်းနဲ့အယ်ကို ဟောပါဝင်တဲ့အစားအစာတွေကို တော့ ရှောင်ကြဉ်သင့်ပါတယ်။ ယင်း တို့က ဦးနှောက်ရဲ့လုပ်ဆောင်နိုင် စွမ်းရည်ကို ကျစေနိုင်ပါတယ်။
၅.ကိုယ်ဝန်ရရှိရန် - ကိုယ်ဝန်ရရှိဖို့ ဆိုရင်တော့ ကမာကောင်၊ ခုံးကောင် တွေက အကောင်းဆုံးပါပဲ။ ယင်းတို့ ထဲတွင်ပါဝင်သောြွကယ်ဝတဲ့ဇင့် ဓာတ်တွေက လိင်စိတ်ဓာတ်ကို မြင့် တက်စေနိုင်ပြီး အမျိုးသားရော

အမျိုးသမီးတွင်ပါ မျိုးမအောင်ခြင်း ကို ကာကွယ်ပေးပါတယ်။ ထို့ပြင် ရေခဲမုန့်၊ အစိမ်းရောင်အရွက်များ၊ ဆယ်လမွန်ငါးနဲ့အခွံမာသီးတွေက မမျိုးဥြွေကမှုကို ပိုမိုအထောက်အပံ့ ဖြစ်စေပါတယ်။
၆.အားကစားလေ့ကျင့်ရာတွင် - အားကစားလေ့ကျင့်နေစဉ်အချိန် များတွင် အရောင်အသွေးစုံလင်တဲ့ အသီးအရွက်များဖြစ်တဲ့ငှက်ပျော၊လိ မ္မော်၊ ခရမ်းချဉ်၊ ဒေါက်ခွ၊ ဂေါ်ဖီ စတာတွေ စားပေးသင့်ပါတယ်။ ယင်းတို့က

သက်လုံကောင်းစေရုံ သာမက သင်ယူထားသည့်အတတ် ပညာများကို ပိုမိုမှတ်မိစေပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ