ကလေးများအား အတူတကွပြုစုပျိုးထောင်ပေးခြင်းကသင့်ရဲ့ကိုယ်ခံအားစနစ်ကိုအဆင့်မြင့်တင်ပေးနိုင်


မိသားစုတစ်စုအတွင်း သား သားမီးမီး တစ်ယောက်စပြီး ၀င် ရောက်လာကတည်းက မိသားစုဘ၀ ပိုမိုပျော်ရွှင်သာယာဖို့ကောင်းလာသလိုကလေးငယ်တစ်ယောက်ကိုပြုစုပျိုးထောင်ပေးခြင်းကခန္ဓာကိုယ်ခံအားစနစ်အတွက်ကောင်းမွန်စေပါတယ်လို့ဆိုထားပါသည်။ Natu re Immunology တွင်ထုတ်ပန်ခဲ့သောသုတေသနစနစ်တစ်ခုအရမိဘများ၏သားသမီးများ၏ သား သမီးများအား အတူတကွ ပျိုးထောင်ပံ့ပိုးပေးခြင်းက ကိုယ်ခံအားစနစ်ကိုများစွာသက်ရောက်မှုရှိပါတယ် လို့ဆိုပါသည် ။

ဘယ်လ်ဂျီယံနှင့်ဗြိတိန်နိုင်ငံတို့ရှိ သုတေသနပညာရှင်များ ပူးပေါင်းပြုလုပ်သည့် ယင်းလေ့လာမှုတွင် အသက် ၂ နှစ်မှ ၈၆ နှစ်အရွယ်အတွင်းရှိ ပါဝင်သူဦးရေစုစုပေါင်း ၆၇၀ တို့၏ ကိုယ်ခံအား စနစ်အကြောင်း အသေးစိတ်ကို ၃ နှစ်ကြာအောင်လေ့လာခဲ့ကြသည် ။
သိသာထင်ရှားမှုရှိတဲ့အချက်တစ်ချက်ကတော့ကလေးငယ် ၁ ဦး ကိုမိဘ ၂ ပါးကအတူတကွ ကြည့်ရှု စောင့်ရှောက်ပေးခြင်း ဖြစ်ကြောင်း သိရသည် ။ မိသားစု အတူတကွတည်ထောင်သော သူတို့တွင် ကိုယ်ခံအားစနစ်ပြောင်းလဲမှုနည်းပါးပြီး အခြားသောလူဦးရေအုပ်စုများနှင့်နှိုင်းယှဉ်ပါက ၅၀% ခန့်ပိုမို နည်းပါးသည် ကိုတွေ့ရှိရသည် ။

 ဖြစ်နိုင်ချေ အကြောင်းအရင်းများကို စဉ်းစားရာတွင် အဏုဇီဝပိုးမွှား များ အလဲ အလှယ်ပြု လုပ်ခြင်းကြောင့်ဖြစ်နိုင်ကြောင်း ၊ ၁၀ စက္ကန့်ခန့် နမ်းရှုံ့ ခြင်းသည်စုံတွဲတစ်တွဲအကြား ဘက်တီးရီးယား သန်း ၈၀ ကိုအလဲအလှယ်ဖြစ်စေသည့်သုတေသနအထောက်အထားများရှိကြောင်း သိ ရသည် ။ ပရော်ဖက်ဆာအေဒရီ ယန်မှသားသမီးများကပြုစုပျိုး ထောင်ပေးမှုသည်မည်သူမဆိုရင် ဆိုင်ဖို့ ၀န်မလေးသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ကိုယ်ခံအားစနစ် အ ပေါ် သက်ရောက်မှုများရှိခြင်းသည်လည်း အံ့သြဖွယ်မကောင်းလှပါ}} ဟု ကောက်ချက်ချပြောကြားခဲ့ပါသည် ။

Dr A.Z
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ