လက်သည်းကျန်းမာရေးအတွက်


(၁) လက်သည်းဆေးခြယ်ခြင်း
လက်သည်းပုံဖော် ဆေးခြယ် ရာတွင် အသုံးပြုသည့် အချို့သော ဆေးများတွင် အဆိပ် အတောက်ဖြစ်စေသော ဓာတုပစ္စည်းများပါဝင်ပြီး လက်သည်းများ ကြွပ်ဆတ်ပျက်စီး ခြင်း ၊ လက်သည်းတဝိုက်အသားများ ယားယံ အက်ကွဲတတ်သည်။ သို့ဖြစ် ၍ biotin ဖြည့်စွက်ပစ္စည်းများကို ရွေးချယ်သုံးစွဲပါ။

(၂) လက်အိတ်စွပ်ပါ
အဝတ်လျှော်၊ ပန်းကန်ဆေးစ သည့် အိမ်အလုပ်များပြုလုပ်ရာတွင် လက်အိတ်ကို စွပ်ထားသင့်သည်။ ရေကို အကြာကြီးထိရသည့် လက် သည်းများ၊ ဆပ်ပြာမှအစ အစွန်းချွတ် ဆေးအထိ မည်သည့်ပစ္စည်းကိုမဆို လက်အိတ်နှင့်သုံးပါ။ အလုပ်များ အားလုံးပြီးလျှင် (သို့) အလုပ်ဆက် တိုက်လုပ်နေရသူများ က အိပ်ယာ မဝင်မီ လက်ကိုသန့်ရှင်း ခြောက်သွေ့ စေပြီးနောက် အစိုဓာတ်ထိန်းဆီကို လိမ်းထားခြင်းဖြင့် ဘက်တီးရီးယား မှိုစွဲခြင်းရန်မှ ကာကွယ်နိုင်ပြီး ကျန်း မာသည့် လက်သည်းများထွက်ရှိလာ မည်။

(၃)လက်သည်းတုများ
လက်တွင် acrylic (အခရစ် လစ်) လက်သည်းအတုများ တပ်ဆင် ခြင်းသည်လည်း လက်သည်း၏ လေ ဝင်လေထွက်ကို လှောင်ပိတ်ထားသ ကဲ့သို့ ဖြစ်စေသည်။ အချို့ကဈေးကြီး ပေးလုပ်ရသည့် လက်သည်းတု များကို ရက်ကြာရှည်ခံအောင် တပ်ထား တတ်ကြရာ လက်သည်းနှင့် ယင်း၏ ပတ်ဝန်း ကျင်များ ရောင်ရမ်းခြင်း ၊ အက်ကွဲနာကျင်ခြင်းကို ဖြစ်စေ သည် ။

(၄) လက်သည်းဖျက်ဆေးများ
အချို့သော အမျိုးသမီးများက စက်ပစ္စည်းဆေးသော 'သင်နာ' ကို လက်သည်းဖျက်ဆေးအဖြစ် အသုံးပြု ကြသည် ။ Aceton (အက်စီတုံ) ပါဝင်သည့် လက်သည်းဖျက်ဆေးများသည် လက်သည်း ကို ခြောက်သွေ့ စေပြီး လက်သည်း ပန်းကုံးများကို ပျက်စီးစေသည် ။

(၅) လက်သည်းနှင့် ကြမ်းတမ်းသော အရာများကို မပွတ်တိုက်ပါနှင့်
ဆိုဒါဘူးများ၊ ပုလင်းအဖုံးများ ကို လက်သည်းနှင့်ပွတ်ခြင်း လက် သည်းနှင့်မာသော အရာများကိုခြစ် ခြင်းများကို ရှောင်ကြဉ်ပါ။ စိတ်မြန် လက်မြန် မိမိလက်သည်းကို အသုံး ချပြီး အကြမ်းအတမ်းပြုလုပ်ခြင်း ထက် ဖောက်တံအစရှိသည့် ကိရိယာ တို့ကို သုံးခြင်းဖြင့် လက်သည်း၏ ကျန်းမာရေးကို ဦးစားပေးပါ။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ