အဆစ်အမြက်ရောင်နာခြင်းကို မှန်ကန်စွာ ရွေးချယ်စားသောက်မှုဖြင့် လျှော့ချနိုင်


ရံဖန်ရံခါထိမိခိုက်မိခြင်းကြောင့် ဖြစ်ပွားသော အရိုး၊အကြော၊အဆစ်များ နာကျင်ခြင်း၊ရောင်ကိုင်းခြင်းတို့  သည် အချိန်အခိုက်အတန့် ကြာပြီးလျင် သက်သာပျောက်ကင်းသွားလေ့ရှိသော်လည်း နာတာရှည်ဝေဒနာ အဖြစ် ခံစားရလေ့ရှိသော အဆစ်အမြက်ရောင်နာခြင်း၊ လေးဘက်နာခြင်း အစရှိသည်တို့ ကို ကာလ ရှည်ကြာခံစားရလျင် ခန္ဓာကိုယ်တွင် ပြန်လည်ပြုပြင်မရနိုင်သည့် ချို့ ယွင်းမှုများဖြစ်ပွားတတ်ကို အစား အစာ မှန်ကန်စွာရွေးချယ်စားသောက်ခြင်းဖြင့် လျှော့ချနိုင်မည်ဖြစ်ကြောင်း အမေရိကန်သုတေသီများက ပြောသည် ။ ရောင်နာခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့ ပြန်လည်ဝေဒနာကုစားမှုတုန့် ပြန်လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

 ထိမိ ခိုက်မိတဲ့အခါ ဒဏ်ရာတစ်ဝိုက်မှာနီရဲပြီးဖူးယောင်လာတာဟာ ခန္ဓာကိုယ်ရောဂါခုခံ ကာကွယ်တဲ့ စနစ်က ဒဏ်ရာထဲ ကိုရောက်ရှိနေတဲ့ ဗိုင်းရပ်တွေ ၊ ဗက်တီးရီးယားတွေကို ခုခံတိုက်ခိုက်နေတဲ့ လက္ခဏာဖြစ်ပြီး အမှန်တစ်ကယ်မှာ ခန္ဓာကိုယ်က ဝေဒနာကိုပြန်လည် တိုက်ဖျက်နေတဲ့ ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပါတယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။ သို့ သော် ထိုကဲ့သို့ ရောင်နာခြင်းသည် နာတာရှည်ဖြစ်ပွားနေလျင် ခန္ဓာကိုယ်တွင် သေရာပါချို့ ယွင်းမှုများ ပါသွားနိုင်ကြောင်း ၊ ထိုကဲ့သို့  မဖြစ် ပွားအောင် အစားအသောက်ကို မှန်ကန်စွာရွေးချယ်စားသောက်ခြင်းဖြင့် လျှော့ချနိုင်ပြီး ကာကွယ်သည့် အဆင့်သို့ ပင်ရောက်ရှိသွားနိုင်ကြောင်း သိရသည် ။ရွေးချယ်စားသုံးသင့်သည်များအနက် လိမ္မော်ရည်သည် ထိပ်ဆုံးကပါဝင်ကြောင်း၊ အဆစ်အမြက်ရောင်နာ ကို ကုစားရာတွင် လိမ္မော်ဓါတ် ၁၀၀ ရာခိုင်နှုန်း ပါဝင်သော ဖျော်ရည်တစ်ခွက်သည် ရောင်ကိုင်းနာကျင်ခြင်း ကို လျှော့ချပေးနိုင်ကြောင်း ၊ လိမ္မော်ရည် နှင့်ရေကိုဆတူရောကာ သကြားဖြည့်စွက်သောက်သုံးပေးခြင်း ဖြင့်လည်း နှလုံးကျန်းမာရေး ကိုကောင်းမွန်စေနိုင်ပြီး သွေးလည်ပတ်စီးဆင်းအားကို တိုးတက်စေကာ ဘက်စုံကျန်းမာရေးကိုလည်း တိုးတက်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ အပြင် သံလွှင်ဆီကို ဟင်းချက်ရာတွင်အသုံးပြုခြင်း၊ ဟင်းသီးဟင်းရွက်ကြော်လှော်ချက်ပြုတ်ရာတွင် အသုံးပြုခြင်း၊ ဘေးဟင်းအဖြစ်စားသောက်သော ကြက်သွန်နီသုပ်ကဲ့သို့  အစားအစာများတွင်လည်း သံလွှင်ဆီဆမ်းပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော ကျန်းမာသည့်အဆီကိုရရှိမည်ဖြစ်သည့် အတွက် အဆစ်အမြက်ရောင်နာကို သက်သာစေနိုင်ကြောင်း သိရသည်။ ထပ်မံစားသုံးသင့်သည်တို့ မှာ ဘလူးဘယ်ရီသီး၊ အစေ့စားသီး၊ အရွက်စိမ်းများ၊ ခရမ်းချဉ်သီး အစရှိသည် တို့ ကို ဖောဖောသီသီ စားပေးခြင်းဖြင့်လည်း အဆစ်အမြက်ရောင်နာကို လျှော့ချခြင်း၊ ကာကွယ်ခြင်း တို့ ကို ပြုလုပ် နိုင် မည်ဖြစ်သည့် အတွက် နာတာရှည်အဆစ်အမြက်ရောင်နာခြင်း၊ ခါးနာခါးကိုက်ခြင်း၊ ဇက်ကြော တက်ခြင်း အစရှိသည်တို့ ကို ခံစားနေရသူများအနေဖြင့် ဖော်ပြပါအစားအစာများကို လုံလောက်ပြည့်ဝ အောင် စားပေးသင့်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ