သိတော့သိတယ် ဒါပေမဲ့


လူနာတစ်ယောက်ပြောခဲ့သည့်စကားလေးတစ်ခွန်းပါ သိတော့သိတယ် ဒါပေမဲ့ ဆိုပြီး အကြောင်း ပြချက်များစွာပြောခဲ့ပါသည် ။ လူဟူသည်မှာ ကောင်းခြင်း နှင့် မကောင်းခြင်း နှစ်ခုကို ရွေးချယ်ကြ ပါလို့ ဆိုခဲ့ပါက မကောင်းသည့်ဘက်ကို အားသန်တက်ကြသူများ ဖြစ်ကြတာများပါသည် ။

စီးကရက်သောက်လျှင် ဆိုးကျိုးကို သိကြပါတယ် သို့ သော်လည်း သောက်မှာဘဲ အရက်လည်းထိုအတူ မကောင်းဘူး သိတယ် သောက်မှာဘဲ ။ အခုခေတ်ကာလာဝယ် ငယ်ရွယ်သူ အမျိုးသမီးလေးများ ပါ ဆေးလိပ်သောက်လာခြင်း ၊ အရက် ဘီယာ သောက်လာခြင်း နှင့်အတူ မှုးယစ်ဆေးဝါးများကိုပါ သုံးစွဲမှု့ မြင့်မားလာနေပါပြီး ။ မကောင်းခြင်းကို မွေ့ ပျော်ကြနေပါသလား မေးစရာပါ ။ လူနာမိန်းမကလေးများကို သောက်တက်သလားလို့  မေးခွန်းတစ်ခုအနေဖြင့်တောင် မေးရတော့မည်လား ။ နိုင်ငံခြားရပ်ဝန်းက သူ့ ယဉ်ကျေးမှု့  သူ့ အသိုင်းအဝန်း သူ့ ရာသီဥတု သူ့ ခန္ဓာကိုယ့် အစား အသောက်တွေ အရ မြင်ကောင်းပေမဲ့ ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှု့  ကိုယ့်ဥတု အစားအစာရ အဆင်မပြေပါဘူး ။ မကောင်းမှု့ နှင့် မဖေါ်ပါနဲ့ ကောင်းမှု့ နှင့်သာ ကျော်ပါစေ ။

သင့်သောက်လိုက်သည့် စီးကရက်တစ်လိပ်ကြောင့် လူ့ ခန္ဓာကိုယ့်အတွင်းမှ သွေးကြောမိုင်ပေါင်း ခုနှစ်သောင်းငါးထောင်သည် တစ်ရာငါးမိနစ် တိတိ ကျဉ်းသွားတတ်ကြောင်းကို ဆေးသိပ္ပံပညာရှင်များမှ သတိပေးထားကြပါသည် ။ သင့်တစ်နေကို မြောက်မြားစွာသောက်နေပါက မြောက်မြားစွာကျဉ်းနေမှာပါ ။ နောက်ဆက်တွဲအလားအလာက ဆိုးကျိုးတွေဘဲဖြစ်ပါသည် ။
ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးသွေးကြောတွေကျဉ်းလာခြင်း ၊ ပိတ်ခြင်း ရောဂါများရရှိလာပြီး တစ်ချို့ ဆိုလျှင် ဆေးလိပ်အသောက်များလာခြင်းကြောင့် ခြေထောက်သွေးကြောတွေပိတ်ပြီး ခြေထောက်ဖြတ်ပစ်ရသည် အထိ ဆုံးရှုံးခံစားကြရပါသည် ။ မဖြစ်သေးတော့ မဖြစ်ပါဘူး ဆိုလျှင်လည်း အမှန်လို့ ထင်ပေမဲ့ တကယ်တမ်းကျ လွဲမှားသော အရာတစ်ခုပါ ။

အရက်သောက်ခြင်းကြောင့် နှလုံးသွေးကြောပိတ်ရောဂါ ၊ ဦးနှောက်သွေးကြောပိတ်သည့်ရောဂါ အပြင် အသည်းရောဂါတွေပါ ရရှိခံစားရပါလိမ့်မည် ။ ဒါတွေဖြစ်မယ် သိတယ်ကွယ် သို့ သောလည်းကွယ် ဆိုင်မှာတွယ် သမားတွေ များပါတယ် မဖြစ်သေးတော့ ကောင်းတယ်ပေါ့ ဖြစ်လည်းဖြစ်ရော ယူပါ ကယ်ပါ ဆရာ ပျောက်ပါတယ်နော် ဘာမှ မဖြစ်ပါဘူးနော် အဖေကယ်ပါ အမေကယ်ပါ အော်ကြ ခါညည်း ဝေဒနာခရီး အပျက်အဆီးများတော့ နောက်ဆုံးတော့ မရဏခရီးနှင်သွားကြသည့် လူပေါင်းများစွာရှိပါသည် ။

ကျန်းမာရေးလိုက်စားမှု့ လည်း မရှိ စားလိုက်သည့်အစားအစာများကလည်း အဆီ ၊ အဆိမ့် ၊ အသား ၊ နို့  စားသောက်ကျုးပြီး နောက်ဆက်တွဲလည်း ဆေးလိပ်တွေသောက် အရက်သောက်တော့ ဖွဲ့ စည်းသည့် သည့်ခန္ဓာ မခံနိုင်တော့ဘဲ နှလုံးသွေးကြောတွေပိတ် ၊ နှလုံးရောဂါတွေ ဖြစ်သလို နောက်ဆက် တွဲ ရောဂါတွေလည်း ကပ်ပါအမြဲတွဲပြီး ခံစားရပါမည် ။

ရောဂါဖြစ်လို့ ကုသသည့်အခါ ကုန်ကျစရိတ်တွေက မြင့်မား ငွေကြေးချမ်းသာသူအနေဖြင့် ကုသနိုင်ပေ မဲ့ ငွေကုန်ကျ မခံနိုင်သူများတော့ ဝေဒနာကို အလူးအလဲခံစားကြပါသည် ။ တစ်ချို့ ကံမကောင်းသူတွေမှာ လေဖြတ်ခြင်း နှင့် ကိုယ့်တခြမ်းသေ ရောဂါဖြစ်တော့ လူနာရှင်နှင့်အတူ မိသားစုအသိုင်းအဝန်းပါ နောက်တစ်မျိုး အဆိုး တိုးလို့ နေကြပါလေတော့သည် ။

သိတော့သိတယ် ဒါပေမဲ့ စကားကို ပြန်ဆက်ရရင်ဖြင့် ခန္ဓာရှိရင် ဝေဒနာရှိ အမှန်တရားပါ သို့ သော်လည်း ဥာဏ်အသိမရှိသည့် လူ အဖြစ်တော့ မဖြစ်စေချင်လို့ ပါဗျာ ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ