ဘာလီစေ့ရဲ့ ကျန်းမာရေးအကျိုးပြုအာနိသင်များ


ဘာလီစေ့ဆိုတာဟာ ဒီအတိုင်း လဲစားလို့ရတဲ့ အစေ့အနှံထဲမှာ ပါဝင် တယ်ဆိုတာကို သိတဲ့သူနည်းပါးပါ တယ်။ ဘီယာချက်လုပ်ရင် ထည့် သွင်းတယ်ဆိုတာရယ်၊ တိရစ္ဆာန်တွေ ကို ကျွေးမွေးလေ့ရှိတယ် ဆိုတာကို တော့သိသူများပါတယ် ။
ဘာလီစေ့ဆိုတာဟာ ပေါင်မုန့် လုပ်ဖို့ အရေးပါတဲ့ ကုန်ကြမ်းတစ် မျိုးဖြစ်ပြီး အီဂျစ်၊ တရုတ်နဲ့ ဂရိလူ မျိုးများဟာ ၁၆ရာစုကတည်းက စား သုံးနေကြပါပြီ။ ကစီဓာတ်ြွကယ်ဝပြီး အဆီနဲ့ပရိုတင်းဓာတ်နည်းပါးတဲ့
အနှံဖြစ်ပါတယ်။ စုပ်ယူနိုင်သော အမျှင်ဓာတ်နဲ့ မစုပ်ယူနိုင်သောအမျှင် ဓာတ်တွေလဲြွကယ်ဝစွာ ပါဝင်နေပါ တယ်။ဒါ့အပြင် သတ္ထုဓာတ်တွေထဲက မှ လူသားတွေကို အကျိုးပြုတဲ့ ဖော့စဖိတ်၊ ကော့ပါးနဲ့ မန်းဂနိစ်တွေ ပါဝင်မှုများပါတယ်။

အုတ်ဂျုံ (oats) နဲ့ရိုးရိုးဂျုံ (wheat) တွေနဲ့ တည်ဆောက်ပုံတူညီပြီး အနှံ ကတော့ပြောင်းဆန်နဲ့ အရသာဆင် တူပါတယ်။ ဘာလီစေ့ကို ဖျော်စပ် ထားတဲ့ ဖျော်ရည်တစ်ခွက် (လီမွန် ဘာလီရည်ကို ဆိုလိုခြင်းမဟုတ်ပါ) ဟာ အူမကြီးကင်ဆာကို ကာကွယ် နိုင်ပြီး အူလှုပ်ရှားမှုကို ထိန်းသိမ်းပေး နိုင်ပါတယ်။ ဒါ့အပြင် သွေးတွင်း ကိုလက်စတီရောကို ကျဆင်းစေပြီး သကြားဓာတ်စုပ်ယူမှုကို လျှော့ချပေး တာကြောင့် ဆီးချိုသွေးချိုရောဂါ ကိုလည်း ဘာလီက ကာကွယ်ပေးပါ တယ်။

စီလီနီယမ်ပါဝင်နေမှုကလည်း အရေပြားလျော့တွဲမှုကို တင်းရင်းစေ တဲ့အတွက် ဘာလီကို အခုအခါမှာ အလှကုန်ပစ္စည်းတွေနဲ့ အမျိုး သမီးတွေ မျက်နှာအရေပြား တင်းစေ တဲ့ပစ္စည်းတွေမှာ ထည့်သွင်းလာပါ
တယ် ။ အစာအိမ်ရောင်တဲ့ လူနာတွေ မှာဆိုရင်လည်း အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေကို ဓာတ်လျော့ စေပြီး အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဘာလီစေ့ဖျော်ရည်ကို သံပရာရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းလောက် ရောစပ်ပြီး သောက်သုံးပေး တာဟာ အအေးမိခြင်း၊ နှာစေးခြင်းနဲ့ လည် ချောင်းနာခြင်းကို သက်သာစေ ပါတယ် ။

ငြိမ်းအေး
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ