ဓမ္မတာစက်ဝန်း သက်ရောက်မှု


ဒူးဆစ်များဒဏ်ရာဖြစ်တတ်သည်
ရာသီစက်ဝန်းအတွင်း သားဥ ကြွေချိန် (ovulation) (၁၄) ရက် မြောက်နေ့ဝန်းကျင်၌ ဒူးဆစ်လှုပ်ရှား မှုပြောင်းလဲခြင်း၊ လှုပ်ရှားမှုထိန်းချုပ်နိုင်စွမ်းနည်းပါးခြင်းတို့ကြောင့် ကိုယ် လက်လှုပ်ရှားမှုပြုသောအခါ ဒူးဆစ် များ ထိခိုက်ဒဏ်ရာရတတ်သည်။

သွားဖုံးပြဿနာဖြစ်တတ်သည်
ရာသီသွေးမပေါ်ခင်ရက်ပိုင်းအ လို၌ အီစတရိုဂျင်ဟော်မုန်းပမာဏ မြင့်တက်လာပြီး သွားဖုံးရောင်ခြင်း၊ သွားတိုက်လျှင် သွားဖုံးနာကျင်ခြင်း ဖြစ်တတ်သည်။ ထိုရက်များ၌ သွား နှုတ်ခြင်း၊သွားဖာခြင်းမပြုလုပ်သင့် ပါ။
ချောင်းဆိုးရင်ကျပ်တတ်သည်
ရာသီစက်ဝန်း(၁၀) ရက်မြောက် နေ့မှ (၂၂)ရက်မြောက်နေ့အထိ ချောင်းဆိုးရင်ကျပ်ခြင်း ဖြစ်တတ် သည်။ ရင်ကျပ်ဝေဒနာရှင်များ၊ ဆေး လိပ်သောက်သူများ၌ သားဥကြွေအ ပြီး (၁၄) မြောက်နေ့မှ (၁၆) ရက်နေ့ အတွင်း မကြာခဏချောင်းဆိုးတတ် သည်။ ထိုရက်များ၌ ဆေးလိပ် သောက်ခြင်းမပြုလုပ်သင့်ပါ။

အသုံးအဖြုန်းကြီးတတ်သည်
သားဥကြွေချိန်အနီးတဝိုက် တွင် အဝတ်လှလှ ဝတ်ချင်စိတ်ဖြစ် တတ်သည်။ အဝတ်အစားအသစ် ဝယ်ရန်လည်း စိတ်ဝင်စားသည်။ ရာသီစက်ဝန်း၏ (၈) ရက်မြောက်နေ့ မှ (၁၄) ရက်မြောက်နေ့အတွင်း အလှပြင်ရန် အချိန်ပိုယူခြင်း၊ အလှပြင်ပစ္စည်းများ ပိုမိုဝယ်ယူခြင်း တို့ အတွေ့ရများသည်။

ဇော်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ