ကိုယ်ဝန်ဆောင်တွေကိုပါ အကျိုးရလဒ်တွေ ဖြစ်ထွန်းစေတဲ့ယောဂ


အမျိုးသမီးတွေမှာ စိတ်တည် ငြိမ်မှုရှိဖို့၊ အရွယ်တင်နုပျိုဖို့၊ လှုပ်ရှား မှုတွေကောင်းမွန်ဖို့ အစရှိ သဖြင့် ယောဂကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ကစားကြပါတယ် ။ ဒါပေမယ့် ကိုယ်ဝန်ဆောင် မိခင်တွေ ပါ ယောဂကျင့်လို့ ရတယ်ဆိုတာကို လူသိနည်းပါသေး တယ် ။ ယောဂဟာ ကိုယ်ဝန်ဆောင် တွေရဲ့ ကျန်းမာရေးကို အကျိုးပြုနိုင် ပါတယ် ။

အင်္ဂလန်နိုင်ငံမှ သုတေသီ Dr.Julian Spinks ဟာ ယောဂရဲ့ ကိုယ်ဝန်ဆောင်မိခင်အပေါ် အကျိုး အရှိဆုံးကတော့ မွေးဖွားစဉ်မှာ အသက်ရှူလုပ်ငန်းစဉ်ကို သက်သောင့် သက်သာရှိစေပြီး နာကျင်မှု လျော့ နည်းစေနိုင်တာပဲဖြစ်တယ်လို့ ပြော ကြားထားပါတယ် ။ မိခင်လောင်းဘဝ မှာ ပြဿနာတစ်ခုကတော့ အဆစ် တွေလျော့လာပြီး လေ့ကျင့်ခန်းပြင်း ပြင်း ထန်ထန်လုပ်ရင် နောက်ကျော နာကျင်နိုင် တာပဲဖြစ်ပါတယ် ။

 ယောဂ ကျင့်ပေးမယ်ဆိုရင် နောက်ကျော နာကျင်တာကိုလည်း သက်သာစေပြီး ဝမ်းဗိုက်တွင်းမှာ ကလေးငယ်ရဲ့ အနေအထားကိုလည်း ကောင်းမွန် စေတယ်လို့ သိရပါတယ် ။ ဒါပေမယ့် သာမန် အမျိုးသမီးတွေလုပ်တဲ့ ကွေး ညွှတ်မှုများပြားတဲ့၊ လှုပ်ရှားမှုတွေ ခက်ခဲတဲ့ ကျင့်စဉ်မဟုတ်ဘဲ ကိုယ်ဝန် ဆောင် များအတွက် အထူးတီထွင်ထား တဲ့ ယောဂလေ့ကျင့်ခန်းတွေပဲ ဖြစ်ပါ တယ်။ အားငယ်တတ်တဲ့ ကိုယ်ဝန် ဆောင်များအတွက် ဖခင်လောင်းများ ပါ အတူလေ့ကျင့်ခန်း လုပ်ပေးနိုင် တယ်လို့လဲ Dr.Julian Spinks က ရှင်းပြထားပါတယ် ။

ယောဂကျင့်ပေးရင် ကိုယ်ဝန် ဆောင်တွေရဲ့ ကြွက်သားတွေပျော့ ပြောင်းလာပြီး စိတ်ခံစားမှုအခြေအနေ ကိုလည်း တင်းအားလျော့ပါးစေနိုင်ပါ တယ် ။ ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုး သမီးတွေအတွက် ပင်ပန်းပြီး စိတ်လှုပ် ရှားမှုများတဲ့အချိန်ဖြစ်တာကြောင့် ယောဂကျင့်ပေးမယ်ဆိုရင် စိတ်ပိုင်း ၊ ရုပ်ပိုင်းပြေလျော့ သက်သာမှုကို ခံစားရစေနိုင်မှာ ဖြစ်ပါတယ်။

သက်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ