ကင်ဆာရောဂါကို ဆေးသွင်းကုသနေစဉ်အတွင်း လေ့ကျင့်ခန်းလုပ်ပါက အကျိတ်များကျုံ့ဝင်သွားရန် ထိရောက်စွာ အထောက်အကူပြု


ကင်ဆာရောဂါကို ဆေးသွင်းကုသနေစဉ်အတွင်း လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ တွဲဖက်ပါက ဆေးဝါးများ သက်သက်နဲ့ ကုသတာထက် များစွာ ပိုမိုထိရောက်ကြောင်း ပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တယ်။
ဆေးသွင်းကုသမှု ခံယူနေစဉ်အတွင်း လေ့ကျင့်ခန်းပြုလုပ်သူတွေမှာ ကင်ဆာကျိတ်တွေကျုံ့ဝင်မှု သိသိသာသာပိုတာကို ပင်ဆယ်ဗေးနီးယား တက္ကသိုလ်မှ သုတေသနပညာရှင်တွေဟာ တွေ့ရှိခဲ့ကြတယ်။ သူတို့ဟာ ကင်ဆာရောဂါကုသရာမှာ အသုံးများတဲ့ Doxorubicin ဆေး ဖြင့် ကုသမှုခံယူသူတွေကို လေ့လာခဲ့တာ ဖြစ်တယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်းက အကျိတ်တွေဆီကိုသွားတဲ့ သွေးစီးဆင်းမှု ပိုမိုတိုးပွားစေပြီး၊ ဆေးတွေကို ပိုမိုရောက်ရှိစေတာကြောင့် ဖြစ်တယ် လို့ ယုံကြည်ကြတယ်။ သူတို့က လေ့ကျင့်ခန်းပြုလုပ်တာနဲ့ တွဲဖက်ပြီး ဆေးပမာဏကို လျှော့ကာပေးနိုင်ပါက ဘေးထွက်ဆိုးကျိုး ပိုမိုနည်းပါးနိုင်တယ်လို့ ဆိုတယ်။
သူတို့က အခုလေ့လာချက်ဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်းရဲ့ အာနိသင်တွေကို တုပထားတဲ့ ဆေးဝါးတွေ ဖွံ့ ဖြိုးလာဖို့အတွက်လည်း လမ်းခင်းပေး နိုင်ကြောင်း ပြောကြားခဲ့တယ်။

ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ ဆံပင်ကျွတ် ခြင်း၊ ၀မ်းလျှောခြင်းနဲ့ ပျို့အန်ခြင်းတို့ ပါဝင်ပြီး၊ နှလုံးဆဲလ်တွေကို ပျက် စီးစေနိုင်တာကြောင့် ရေရှည်မှာ နှလုံးပျက်စီးခြင်းဆီသို့ ဦးတည် သွား နိုင်တယ်။ ယခင်သုတေသနတွေအရ ကင်ဆာဆေးတွေမသွင်းမီ လေ့ကျင့် ခန်းပြု လုပ်ခြင်းက ဆေးကြောင့်နှလုံးဆဲလ်တွေပျက်စီးမှုကို ကာကွယ်ပေး နိုင်ကြောင်း သိရှိပြီးဖြစ်တယ်။


ညွန့်လွင်(စက်မှုတက္ကသိုလ်)
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ