ငှက်ပျောသီးနှင့်ပေါင်းတင်ကြည့်ပါ


မည်သို့သောအသားအရေ ပုံစံ မျိုးအတွက်မဆို ငှက်ပျောသီး၏ ပိုတက်စီယမ်၊ ဘီတာကရိုတင်း၊ ဗီ တာမင် B အုပ်စုတို့ကြွယ်ဝမှုကြောင့် အသားအရေအတွက် အထူးကောင်း မွန်စေသည်။
ပိုတက်စီယမ်သည် ရေဓာတ် ထိန်းသိမ်းခြင်း၊ မျက်အိတ်ကြီးခြင်း၊ မျက်ကွင်းမည်းခြင်းအတွက် အသုံး တည့်သည်။

ဘီတာကရိုတင်းက ခန္ဓာကိုယ် အား ဗီတာမင် ဗ ရရှိစေခြင်း၊ Free radical ဓာတ်တိုးပစ္စည်းကို ဟန့် တားခြင်း၊ နုပျိုသောဆဲလ်များကိုရရှိ စေခြင်းနှင့်အသားအရေကို ချောမွေ့ နူးညံ့စေခြင်းတို့ကို ပြုလုပ်ပေးသည်။
ပျားရည်နှင့်သံပရာသီးများက အသားအရေကို သန့်စင်စေခြင်း ၊ ရောဂါပိုးကပ်ငြိစေသောအရာများကို တိုက်ထုတ်ပေးခြင်း ၊ အရေပြား အက် ကွဲမှုကို ကာကွယ်ပြီး အသားအရေ တင်းရင်းစေခြင်း တို့ကို ဖြစ်စေသည် ။

ပြုလုပ်နည်း
-ငှက်ပျောသီးမှည့်ကို အခွံခွာ၍ ခရင်း ကိုသုံးပြီး ပန်းကန်လုံးထဲသို့ ချေထည့် ပါ။
-ပျားရည်နှင့်သံပရာရည်ကို လက် ဖက်ရည်ဇွန်းနှင့် (၁)ဇွန်းစီ ထည့်ပါ။
-မျက်နှာပေါ်တွင် မျက်လုံး၊ မျက်ခွံ ကို ရှောင်၍ ဖြန့်လိမ်းပါ။ (၁၅) မိနစ်ထားပါ။
-ရေနွေးနှင့်ဆေးပါ။ နောက်ဆုံး အဆင့်ကို ရေအေးနှင့်ဆေးချပါ။
-မျက်နှာအသားအရေ၏ထူးခြားမှု ကို တွေ့ရပါလိမ့်မည်။

နှင်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ