သွားတုတွေ သုံးရတဲ့ ခေတ်ကုန်ကာနီးပြီလား


အသက်ကြီးလာလို့ဖြစ်စေ၊ ထိခိုက်မှုကြောင့်ဖြစ်စေ ၊ သွားတွေ ကျိုးကုန်ကြတဲ့အခါ ၊ သွားတု အံကပ်တွေ ၊ အမြဲစိုက်ထားသွားတုတွေ၊ တပ်ဆင်ကြရပါတယ် ။ တပ်ဆင်သူတွေတိုင်း ၊ အံဝင်ခွင် ကျ အမြဲ
တမ်း ဖြစ်တဲ့သူ၊ နည်းပါးပါတယ် ။ ဒါ့အပြင်အောက်ပါ အဆင်မပြေမှုတွေက ၊ တွေ့ရ ခံစားရတတ်ပါသေး
တယ်။သွားစိုက်ရာမှာ ဖြစ်ဖြစ် ၊ သွားနှုတ်တဲ့အခါနဲ့ ၊ သွားတုအခိုင်အမာစိုက်ထားတာတွေ ၊ ဖယ်ရှားရတဲ့
အခါမှာအကြောင်းအမျိုးမျိုးကြောင့်၊ ရောဂါပိုးအမျိုးမျိုးဝင်ကာ၊ ရောင်ရမ်းနာကျင်တတ်တယ်။ သွားစိုက်ဆရာကအတွေ့အကြုံနည်းပါးရင်၊ ချော်ချက်ပြီး ထိခိုက်ဒဏ်ရာ သွားဖုံးနဲ့ ပါးစပ်ထဲမှာ၊ ရနိုင်သေးတယ် ။

အဲဒီ သွားတုတွေကို၊ ကိုယ်ခန္ဓာက မတည့်ပဲ တုန့်ပြန်မှုတွေ၊ Rejection တွေ ခံစားရသေးတယ်။ သွားစိုက်သွားနှုတ်တာက စရိတ်စကလည်း၊ ကြီးမားပါသေးတယ်။ အမြဲခိုင်နေအောင် သွားတုpermanent
implant စိုက်တဲ့အခါ၊ မေးရိုးထဲမှာ အဆင်ပြေပြေ အခြေတကျ စိုက်ထားလို့ မရတတ်တာမို့၊ နာကျင်မှု၊အစားဝါးရတာ အဆင်မပြေမှု၊ ပါးစပ်ထဲ ခိုးလို့ခုလုနဲ့၊ အနေရခက်ခဲမှုတွေလည်း၊ ခံစားရတယ်။အခုတော့၊ အဲလိုသွားတုတွေရဲ့ နောက်ဆက်တွဲတွေ မခံစားရတော့မဲ့၊ နည်းလမ်းကိုသွားဖက်
်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ဖော်ထုတ်ကြိုးပမ်းမှုကြောင့်၊ ပေါ်ထွက်လာပါပြီ။ ယုံနိုင်စရာ မရှိအောင်ကို၊မိမိရဲ့ သွားအစစ်တွေ မိမိရဲ့ သွားနှုတ်, သွားကျိုးတဲ့ နေရာမှာ၊ ပြန်ပေါက်လာမဲ့ကိန်းပါပဲ။ နောက်ဆုံးပေါ်
နည်းပညာတွေ ကတော့၊အံ့မခန်းစရာတွေပါ ။ ကိုလံဘီယာတက္ကသိုလ်က ဒေါက်တာ ဂျယ်ရီမီ မာယို ဦးဆောင်တဲ့၊ သုတေသနအဖွဲ့က၊ ဒီအချက်ကို တွေ့ရှိခဲ့တာပါ ။ သွားဖြစ်ပေါ်စေတဲ့ ဒီအင်အေ DNA ပါတဲ့၊ စတင်းမ် ဆဲလ်တွေ နဲ့ စမ်းသပ်မှု ပြုလုပ်ခဲ့တာ ဖြစ် ပါတယ်။

နောက်ဆုံးပေါ် အခုနည်းပညာကို သုံးလိုက်ရင်၊ မိမိအတွက် သွားအစစ်က ၉ ပတ်အတွင်း ၊ ပေါက်လာမယ်လို့ ဆိုတယ်။အဲဒီ စတင်းဆဲလ်ကို၊ ကိုယ်ခန္ဓာထဲ ထည့်သွင်းပြီး၊ တုန့်ပြန်တိုက်ခိုက်မှုမရှိရင်၊ သွားအစစ်က တကယ်ပေါက်လာမှာဖြစ်တယ် ။ ဒါပေမဲ့ နောက်ဆုံးပေါ်နည်းပညာ ဖြစ်တဲ့အတွက် ၊ ကုန်ကျစားရိတ်များပြားတဲ့အပြင်၊ ကိုယ်ခန္ဓာက လက်သင့်ခံ မခံပြသာနာတွေရှိနိုင်တာဆိုတော့၊ လူတိုင်း အသုံးပြုနိုင်ဘို့တော့၊ မလွယ်ကူသေးပါဘူး။ မွေးကင်းစကတည်းက ချက်သွေးကို၊ stem cell bank မှာ သိမ်းဆည်းထားခဲ့သူဆိုရင်တော့၊ မိမိကိုယ်ပိုင် စတင်းဆဲလ်ကို၊ မိမိ အတွက်ပြန်သုံးနိုင်တဲ့အတွက်၊ သွားအစစ်ရဘို့ ပြန်ပေါက်လာဘို့က၊ ခုခံမှုမရှိစေသလို၊ အခက်အခဲ မရှိနိုင်ပါဘူး။

ကလေးအသက်ရလာတဲ့အခါ ၊အကြောင်းအမျိုးမျိုးကြောင့် ရောဂါတစ်ခုခု ဖြစ်လာရင်၊ ကင်ဆာဖြစ်လာခဲ့ရင်၊ ပျက်စီးသွားတဲ့ ဆဲလ်တွေ၊ ကိုယ်တွင်း အင်္ဂါတွေကို၊ ပြန်လည်အစားထိုး ဖြစ်ထွန်းလာ စေ
ဘို့၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မွေးကင်းစကလေးရဲ့ ၊ချက်သွေးကို၊ Stem cell Bank တွေမှာ၊ အမြော်အမြင်ကြီးစွာ၊ သိမ်းဆည်းထားကြတယ်။ အဲဒါတွေကိုကိုယ်ပိုင်ပစ္စည်း ကိုယ်ပြန်, သုံးရရင်၊ ကိုယ်ခန္ဓာက လက်မခံတာ rejection လည်း၊ မရှိတဲ့အတွက်၊ ရောဂါဆိုးတွေ ကုသရတာ ပိုမို အကျိုးရှိစေတယ်။ နာလန်ထကာလလည်း၊တိုတောင်းစွာနဲ့၊ ကျန်းမာရေးလည်း ၊ ပြန်ကောင်းလာစေတယ် ။ သွားကျိုးတဲ့သူတွေအတွက် ၊ စတင်းမ်ဆဲ ထိုးပေးတဲ့အခါ ၊ ၉ပတ်ကြာရင် ၊ ဘေးပတ်လည်မှာ သွား
ဖုံးတစ်သျှူးတွေနဲ့အတူ ၊ သွားအစစ်ပေါက်လာစေတယ် ။ သုတေသနအဆင့်သာ ၊ အောင်မြင်စွာ
ပြုလုပ်ရသေး တာဖြစ်လို့ ၊ ကျန်းမာရေးနဲ့သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ၊ ခွင့်ပြုချက် ရရှိဘို့လည်း ၊လိုအပ်သေးတဲ့အတွက် ၊ ကျယ်ပြန့်စွာ သုံးနိုင်ဘို့တော့ ၊ အများကြီးလိုအပ်ပါသေးတယ် ။ တဖက်မှာလည်း ၊ ဘေးထွက်ဆိုးကျိုးနည်းပါးစေတဲ့ သွားစိုက်နည်းပညာတွေကိုလည်း ၊ ရှာဖွေဖော်ထုတ်နေတာဆိုတော့ ၊ ကမ္ဘာပေါ်က သွားကျိုးသူအများစုကတော့ ၊ သွားစိုက်တဲ့ နည်းအပေါ်မှာပဲ၊အားထားနေရဦးမှာ ဖြစ်ပါတယ် ။ ခံတွင်းသန့်ရှင်းရေးကို၊ နေ့စဉ်အလေးထား သန့်ရှင်းပေးရင်လည်း၊ သွားပိုးစား သွားဖုံးရောင်သွားခြေအနာနဲ့၊ ရေစီးကမ်းပြို ရောဂါတွေ မဖြစ်တော့ပဲသွားတွေ၊ အရွယ်မတိုင်ခင် ကျိုး ပဲ့ပျက်စီးခြင်းက၊ကင်းဝေးလာစေမှာပါ။

 သွားတွေကို ညအိပ်ယာဝင်တိုင်းနဲ့ မနက်ခင်းစာ စားပြီးတိုင်း၊ သွားတိုက်ဆေး၊သွားတိုက်တံ ကို စနစ်တကျ အသုံးပြုကာ တိုက်ပေးသင့်တယ် ။ အစာစားပြီးတိုင်းလည်း၊ သွားကြားညှပ်တာတွေ၊ ဖယ်ရှားပြီး ပါးလုတ်နာနာ ကျင်းပစ်သင့်တယ်။ အချိုလွန်ကဲတဲ့ အစားအစာတွေ လျှော့စား သင့်တယ် ။ တအားမာကြောတဲ့ အစေ့အဆန်တွေကို သွားနဲ့အတင်းမဝါးသင့်ဘူး။ ပုလင်းဖုံး ဗူးဖုံးတွေကိုလည်း သွားနဲ့ကိုက်ပြီး အတင်းမဖွင့်ဘူး ။ ဒါမှသာ သွားတွေ မကျိုး မပဲ့အောင်၊ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

သွားတွေ ကြံ့ခိုင်အောင်၊ ကယ်လ်စီယမ်ကြွယ်ဝတဲ့၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အရိုးပါဝါးစားလို့ရတဲ့ ငါးနဲ့ ပုဇွန်ဆိတ်လေးတွေ၊ လတ်ဆတ်တဲ့ အသီးအရွက်နဲ့ အစေ့အဆန်တွေ၊ နေ့စဉ်ပါအောင်စားသင့်တယ်
သွားနဲ့သွားဖုံးရောဂါတွေ မဖြစ်အောင်၊သတိထားသလို၊ ဖြစ်လာခဲ့ရင်လည်းစောစီးစွာ ပြသကာ၊ အချိန်မီ
ကုသသင့်တယ်။ အဲဒါတွေ လိုက်နာဆောင်ရွက်ရင်လည်း၊ သွားတုတွေ သွားစိုက်ရတာတွေရဲ့၊ ဒုက္ခတွေကို စောစောစီးစီး အရွယ်မတိုင်ခင်၊ မခံစားရစေတော့ဘူး ။ နည်းပညာအသစ်တွေကို၊ သိပ္ပံပညာရှင်တွေက၊ တီထွင်ပြီးရင်း တီထွင်နေကြတာမို့၊ သွားအသစ်ပြန်ပေါက်စေတဲ့၊ စတင်းဆဲလ် နည်းပညာကိုလည်း၊ လူအများ အသုံးပြုလာနိုင်မဲ့၊ သတင်းကောင်းကိုစောင့်မျှော် နိုင်ကြဘို့၊ ကြိုတင်အသိပေးလိုက်ပါတယ် ။

ဒေါက်တာ အေးမြချယ်
Health Guide
https://www.facebook.com/pg/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ