အာလူးဖျော်ရည်က အစာမကြေရောဂါကို ပျောက်ကင်းစေနိုင်


အာလူးဖျော်ရည်ကို နေ့စဉ် သောက်သုံးခြင်းအားဖြင့် အစာမကြေ ရောဂါကို သက်သာပျောက်ကင်း စေနိုင် သည်ဟု လေ့လာ ဆန်းစစ်မှု အသစ်တွင် ဖော်ပြခဲ့ကြောင်း သိရသည် ။ အာလူးဖျော်ရည် ရက်သတ္တ ပတ်ကြာ သောက်သုံးပြီးနောက် နာတာရှည် အစာမကြေ ရောဂါခံစားနေရသူ ဆယ်ဦးတွင် ရှစ်ဦးမှာ အကျိုးကျေးဇူး ခံစားရကြောင်း သိရသည်။

လေ့လာဆန်းစစ်သူတို့က အစာမကြေရောဂါ ခံစားနေရသူ ၄၀အား အာလူးဖျော်ရည် ၁၀၀မီလီလီတာ ကို နံနက်စာ မစားမီတစ်ဝက်နှင့် ညအိပ်ရာမဝင်မီ တစ်ဝက် သောက်သုံးစေခဲ့ရာ လူနာသုံးပုံနှစ်ပုံမှာ တိုးတက်မှု ရှိလာပြီး ထက်ဝက်ခန့် အကျိုးကျေးဇူးခံစားရကာ ရာခိုင်နှုန်း ၂၀မှာ လုံးဝသက်သာ ပျောက် ကင်းကြောင်း တွေ့ရှိခဲ့ရသည် ။

ယင်းသည် အာလူးတွင်ပါဝင်သော အယ်ကာလွိုက် ဒြပ်ပေါင်းကြောင့် အကျိုးသက်ရောက်မှု ရှိခြင်း ဖြစ်သည်ဟု ဂျာမနီနှင့် သြစတြေးလျ တက္ကသိုလ်များမှ သုတေသနအဖွဲ့ကဖော်ပြခဲ့ကြောင်း သိရသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ