နာကျင်ထိခိုက်လွယ်သောမွေးကင်းစများကို စေတနာ့ဝန်ထမ်းများ ပွေ့ ထားပေး


ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးမျိုးစုံဖြင့်အသက်ဆက်ပေးထားရလေ့ရှိပြီး နာကျင် ထိခိုက် လွယ်သော မွေးကင်းစ ကလေးငယ်များကို မိခင်ကိုယ်တိုင်ကလည်း၂၄နာရီ ပတ်လုံး တာဝန် ယူစောင့်ရှောက်မှု မပြုနိုင် သေးသည့် အစောပိုင်းရက်သတ္တပတ်များတွင် စေတနာ့ဝန်ထမ်းများက လာရောက်ထွေးပွေ့ စောင့်ရှောက် ပေးသည့်စနစ်အား အမေရိကန်ပြည်ထောင်စုတွင် စတင်အကောင် အထည်ဖော်လျက်ရှိကြောင်း သိရသည် ။ အမေရိကန်ပြည်ထောင်စု တစ်ဝန်း လုံးရှိ ဆေးရုံဆေးခန်းများ တွင် ဖော်ပြပါနာကျင်ထိခိုက်လွယ်သော မွေးကင်းစကလေးငယ်များကို ထွေးပွေ့ ပေးရန် ရောက်ရှိနေသောစေတနာ့ဝန်ထမ်းများဖြင့်ပြည့်နှက်နေပြီး ကလေးငယ်များအား နေ့ စဉ်မိမိအချိန်ရသည့်အတိုင်း နာရီပိုင်းဖြစ်စေ၊ နေ့ တစ်ပိုင်းဖြစ်စေ လာရောက် ပွေ့  ထားပေးခြင်းဖြင့် လူသားဆန်လှစွာသောအကူအညီကိုပေးနေကြခြင်းဖြစ်ကြောင်း ၊ အကိုက် အခဲ ပျောက်ဆေး မျိုးစုံ ၊ ဘိန်းဖြူအာနိသင်ပါသောဆေးဝါးမျိုးစုံတို့ ဖြင့် အသက်ဆက်နေရသော ကလေးငယ် မှာ ဝေဒနာခံစားရသည့်အပြင် ဆေးစွဲသည့်ဒဏ်ကိုလည်းခံစားရခြင်းဖြစ်ကြောင်း၊ ၄င်းဝေဒနာ နှင့်ဆေးစွဲသည့် ဒဏ်ကို ပြန်လည်ကုစားနေသည့်ကာလတွင် လူသားအချင်းချင်းထိတွေ့ ပေးမှုသည် ကလေးငယ်ကို နွေးထွေးမှုပေးခြင်းပင်ဖြစ်ပြီး ကလေးငယ်များကိုချော့သိပ်ပေးခြင်း၊ သီချင်းဆိုပြခြင်း၊ စကားပြောပေးခြင်း ဖြင့် ဝေဒနာမှသက်သာသည့်နှုန်းကိုလည်း မြန်ဆန်ထိရောက်စေခြင်းဖြစ်ကြောင်း သိရသည်။ မွေးဖွားပြီးတာနဲ့ တပြိုင်နက် ဆေးနဲ့ အသက်ဆက်ခဲ့ရတဲ့ကလေးတွေရှိပါတယ်။

ဒီကလေးတွေ ဆေးဖြတ် ဖို့ ကို အချိန်အတော်လေးပြန်ယူရတတ်ပါတယ်။ အဲဒီကလေးတိုင်းမှာ မိခင် ဖခင်စုံလင်စွာရှိတာမဟုတ် ပါဘူး ။ ဆေးရုံဆေးခန်းဆိုတာ ဆေးကုပေးနိုင်ပေမယ့် ကလေး ကိုပွေ့ ထားတာ ၊ ချော့မြူတာတွေ မလုပ်ပေး နိုင်ပါဘူး။ အဲဒီအတွက် စေတနာ့ဝန်ထမ်းတွေလိုအပ်ပါတယ်။ ဒါကြောင့်လည်း စေတနာ့ဝန်ထမ်းတွေ လိုအပ်တယ်လို့  ကြေညာချက်ထုတ်ပြန်လိုက်တဲ့အခါ အံ့သြစရာကောင်းလောက်အောင် စေတနာ့ ၀န်ထမ်း တွေ များတာကိုတွေ့  ရပါတယ်ဟု ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ကလေးတွေက မေတ္တာငတ်ပါတယ်။ လူသား၇ဲ့ အထိအတွေ့ ကိုလိုချင်ကြပါတယ်။ နူးညံ့တဲ့အသံနဲ့  သူတို့  ကို အားပေးနှစ်သိမ့်စေချင်ကြပါတယ်။ တစ်ခါ ကလေးနဲ့ အတူမရှိနိုင်တဲ့မိခင်အတွက်လည်း ကလေးကို လာရောက်ထွေးပွေ့ ပေးသူတွေရှိတယ်ဆိုတာကိုသိရတဲ့အခါ စိတ်သက်သာရာရစေပါတယ်။ ကလေးရော မိခင်ရောအတွက်ပါ အလွန်အကျိုးရှိတဲ့ စေတနာ့ဝန်ထမ်းအလုပ်ကလေးတစ်ခုဖြစ်ပါတယ်။ သူတို့ မှာ ဘာအပြစ်မှလည်းမရှိဘဲ ဝေဒနာမျိုးစုံခံစားနေရရှာတဲ့ကလေးငယ်လေးတွေအတွက်အငှားမိဘများသဖွယ်လာရောက်စောင့်ရှောက်ပေးနေကြတဲ့ စေတနာ့ဝန်ထမ်းတွေကို ကြိုဆိုပါတယ်ဟု ၄င်းက ဆက်လက် ပြောပြသည်။အမေရိကန်ပြည်ထောင်စုတွင် မူးယစ်ဆေးဝါး စွဲလန်းမှုပြဿနာကြောင့် ဆေးဖြတ်နေရသောမိခင်များ ၊ ယာဉ်မတော်တဆဖြစ်မှုကြောင့် မိခင်ဆုံးပါး သွားရသော ကလေးငယ်များ ၊ ပြင်းထန်ရောဂါကြောင့် ကလေးကို ကိုယ်တိုင်ပြုစုခြင်း မပြုနိုင်သော မိခင်များကြောင့် ကလေးငယ်ပေါင်းထောင်ပေါင်းများစွာတို့  သည် စေတနာ့ဝန်ထမ်းများ ၏ထွေးပွေ့ မှုကို လို အပ်လျက် ရှိကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ