အူမကြီးကင်ဆာ


ရာစုမှာ အူမကြီးကင်ဆာပိုမိုဖြစ်ပွားလာတာတွေရ့ တယ်။လူတွေရဲ့ နေထိုင်မှုပုံစံ ပြောင်းလဲ လာပြီး အထိုင်များတဲ့အလုပ်၊ ကွန်ပျူတာ၊ အင်တာနက်နဲ့ချိတ်ဆက်ပြီး အလုပ်လုပ်ရတဲ့သူတွေအထိုင်များလာတဲ့အခါ ဝမ်းမမှန်၊ ဆီးမမှန်ရာကနေ အူမကြီးကင်ဆာဖြစ်လာရတယ်။

မျိုးရိုးလိုက်မှုက ၁ဝ ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းအထိ ရှိပါတယ်။အူမကြီးကင်ဆာဟာ လိပ်ခေါင်းလို စအိုကသွေးထွက်ပြီး ဆရာဝန်က စအိုကို စမ်း သပ်ကြည့်တဲ့ အခါ လိပ်ခေါင်းရှိ၊ မရှိ သိနိုင်တယ်။ လိပ်ခေါင်းနဲ့ အူမကြီးကင်ဆာ တွဲပြီးဖြစ် နေတာမျိုးရှိတယ်။ဝမ်းကိုက်သလိုခံစားရတယ်။ အရေးပေါ်လက္ခဏာမှာအူပိတ်ခြင်းနဲ့ အသည်း အထိပျံ့နှံ့သွားခြင်းမျိုးဖြစ်ရင် ကင်ဆာပျံ့နှံ့သွားပြီဖြစ်တယ်။

အမဲသား၊ ဝက်သား စတဲ့တိရစ္ဆာ န်ကထွက်တဲ့အဆီတွေစားပြီး အမျှင်ဓာတ်ပါတဲ့အစားအစာ စားတာနည်းရင် အူမကြီးကင်ဆာဖြစ်ဖို့များတယ်။ ဟင်းချက်ရင်မပြည့်ဝဆီ (နှမ်း၊ မြေပဲ၊ နေကြာနဲ့ သံလွင်ဆီ) အနေတော် သုံးသင့်တယ်။အမျှင်ဓာတ်များများပါတဲ့ ဟင်းသီးဟင်းရွက်များများစားရင် နေ့စဉ်ဝမ်းမှန်မှန်သွားမယ်။ ဒါကြောင့်အစားအသောက်မှာ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေ ပါရင်တောင် အူမကြီးအမြှေးပါးနဲ့ ထိတွေ့ချိန်နည်း ပါးသွားပြီးဝမ်းအဖြစ် စွန့်ထုတ် လို့အူမကြီးကင်ဆာအဖြစ်နည်းပါတယ်။ ရေများများသောက်သင့်ပါတယ်။အူမကြီးမှာ ဝမ်းခေါင်း အထက်ဘက်တက်တဲ့အပိုင်း(ညာ)၊ န့်လန့်ပိုင်း(ဘယ်) ဘက်အောက် ဆင်းတဲ့အပိုင်း ဆိုပြီးရှိရာ ဘယ်ဘက်အပိုင်းမှာ ပိုဖြစ်တတ်တယ်။ ဘယ်ဒါမှမဟုတ် အူမကြီးအောက်ဆင်းတဲ့ဘက်မှာ၅ဝ ရာခိုင်နှုန်းဖြစ်တတ်ပြီး ညာဘက်ထက်သွေးဆင်းတာ၊ အချွဲကျတာများတယ်။ တစ်ခါတစ်ရံ အူကကျဉ်းသွားလို့ တဖြည်းဖြည်း ဝမ်းချုပ်လာတယ်။ ဒီလိုတွေဖြစ်လာရင်ဆရာဝန်နဲ့ပြရမယ်။

အူပိတ်ရင်ဗိုက်ဖောင်းလာတယ်။ဝမ်းလုံးဝမသွားဘဲလေလည်းမလည်တော့ဘူး။အစာစားရင်အန်ထွက်တယ်။ညာဘက်အူမကြီးကင်ဆာကဘယ်ဘက်လောက်မသိသာဘူး။တဖြည်းဖြည်းနေလို့မကောင်းဘူး။ကင်ဆာရှိတဲ့နေရာကသွေးထွက်တယ်။လူကပိန်မယ်။ အစားအသောက်ပျက်မယ်။သွေးအားနည်းလာတယ်။ ဗိုက်ထဲအလုံးစမ်းမိနိုင်တယ်။အူပိတ် သွား နိုင်တယ်။ကင်ဆာ အကျိတ်၊ အလုံး ဟုတ်၊ မဟုတ်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကင်ဆာ ကုသမှုအရ နုစဉ်အခါမှာ အူမကြီးကိုဖြတ်တောက်ပြီး ကင်ဆာအစိတ် အပိုင်းကိုဖယ် ရှားကာတီမိုသွင်းခြင်းနဲ့ ဓာတ်ကင်ခြင်းတစ်မျိုးထက်ပိုပြီးတွဲဖက်ကုသရင် ပျောက်ကင်း ပါတယ်။ တချို့ မစင်အိမ်ကင်ဆာနဲ့တွဲနေရင်မစင်ပေါက်ကနေ ဝမ်းသွားစေတယ်။ အခုခေတ် မှာမစင်လမ်းကြောင်းလွှဲပြောင်းခြင်းချုပ်စက်တစ်မျိုးနဲ့နဂိုအတိုင်းဝမ်းသွားရအောင်ပြန်ဆက်ပေးလို့ရနေပါပြီ။

ကင်ဆာသက်တမ်းကို ငါးနှစ်အသက်ရှင်မှုနဲ့တိုင်းတာတယ်။တချို့အူမကြီးကင်ဆာ ရောဂါသည်များ စိတ်ဓာတ်မကျဘဲခံနိုင်ရည်ရှိလို့ ခွဲစိတ်ပြီး၁ဝ နှစ်ကျော် ရောဂါမပြ ဘဲနေနိုင် သလို တချို့ဓာတ်ကင်ပြီးမှ ခွဲစိတ်တဲ့ အခါကျုံ့ သွားလို့ ခွဲစိတ်ရလွယ်တယ်လို့သိရတယ်။ အသည်းထဲရောက်သွားရင် ရေဖျဉ်းစွဲခြင်းဖြစ်ပြီး ကင်ဆာဆေးနဲ့ ကုသနိုင်တယ်။ သဘာ ဝကုထုံးတွေလည်း ရှိနိုင်ပါတယ်။

အူမကြီးသဘာဝက အစာချေစနစ်မှာအကြီးမားဆုံး အစိတ်အပိုင်းဖြစ်ပြီး ခန္ဓာ ကိုယ်တစ်ခု လုံးက အညစ်အကြေးတွေ စိစစ်စွန့်ပစ်ရတဲ့အတွက်ကင် ဆာဖြစ်ပေမယ့်စွန့်ပစ် ပစ္စည်းစုပုံရာ နေရာဖြစ်တယ်။အဆီနဲ့သကြား ကဲ့သို့အစာ၊အမျှင် ဓာတ်နည်းတဲ့အစာတွေဟာ အကျိုးပြု ဆဲလ် တွေရဲ့ပရိုတိန်းဓာတ်ပျက်စီးစေတယ်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ