ချဉ်သောသကြားလုံးက သွားကျန်းမာရေးကို ထိခိုက်စေနိုင်သလား


အချဉ်အရသာရှိတဲ့ သကြားလုံးတွေဟာ သွားတွေရဲ့ ကာကွယ်နိုင်တဲ့ အပေါ်ယံ အလွှာကို ခွာချပစ်နိုင်ပါတယ်။ အချဉ် အရသာ ရှိတဲ့ သကြားလုံးတွေကို ပါးစပ်ထဲ ငုံထားတာဟာ သွားတွေကို ထိခိုက်စေပြီး အပြုံးကို အနှောင့်အယှက်ဖြစ်စေပါတယ်။

အချဉ်အရသာရှိတဲ့ သကြားလုံးတွေမှာ အက်စစ်ပါဝင်မှုများတာကြောင့်ပါ။
အချဉ်အရသာရှိတဲ့ သကြားလုံးတွေ စားချင်တယ်ဆိုရင်တော့ သကြားလုံးတွေကို စားပြီးပြီးချင်း ရေနဲ့ ပလုတ်ကျင်းပေးဖို့လိုပါတယ်။

ရေနဲ့ ပလုတ်ကျင်းပေးလိုက်တဲ့အခါ သွားအပေါ်ယံလွှာမှာ ကပ်ညိနေတဲ့ အက်စစ်တွေကို ဆေးကြောပေးနိုင်ပါတယ်။ သွားတိုက်မယ်ဆိုရင်တော့ နာရီဝက်စောင့်ပါ။ အချဉ်အရသာ ရှိတဲ့ သကြားလုံးတွေဟာ သွားတွေရဲ့ အပေါ်ယံလွှာကို ယာယီပျော့ပျောင်းသွားစေတာကြောင့် သကြားလုံး စားပြီးပြီးချင်း သွားတိုက်လိုက်ရင် သွားကို ထိခိုက်ပျက်စီးမှု ပိုဖြစ်စေနိုင်ပါတယ်။

ရှောက်သီးရနံ့၊ စပျစ်သီးရနံ့စတဲ့ သစ်သီးရနံ့သကြားလုံးတွေဟာ ပူရှိန်းနဲ့ သစ်ကြံပိုးခေါက် (Cinnamom) ရနံ့ပါ သကြားလုံးတွေထက် သွားကြွေလွှာကို ပိုမို ထိခိုက်စေပါတယ်။

သကြားလုံးစားပြီးချိန်မှာ သကြားမပါတဲ့ ပီကေဝါးပေးနိုင်ပါတယ်။ သကြားမပါတဲ့ ပီကေဟာ တံတွေးအထွက်များစေတဲ့အတွက် သွားကြွေလွှာကို ကာကွယ်ပေး နိုင်တာကြောင့်ပါ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ