မျက်လုံးနှင့်ကျန်းမာရေး


လူခန္ဓာကိုယ်တစ်ခုလုံးမှာ အသုံးအဝင်ဆုံးနဲ့မရှိမဖြစ်အရာတွေထဲမှာတော့ မျက်လုံးက အရေးကြီးလှပါတယ် ။ မျက်လုံးကို စိတ်ရဲ့ ပြတင်းပေါက်လို့လည်းဆိုနိုင်ပါသေးတယ် ။ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းနဲ့ စိတ်ပျက် အားငယ်ခြင်း တွေကို မျက်ဝန်းမှတစ်ဆင့် သိနိုင်တာကြောင့်ပါ ။ ပတ်ဝန်းကျင်ရှိအရာတွေ၊ သဘာဝ အလှအပတွေ နဲ့ အန္တရာယ်ဖြစ်စေမယ့် အရာတွေကို တိုက်ရိုက်သိရှိဖို့ ဆိုရင်တော့ မျက်လုံးကိုပဲ အသုံးပြုရမှာဖြစ်ပါတယ် ။ နံနက်အိပ်ယာနိုးသည်မှ ညနေနေဝင်လို့အိပ်ယာဝင်သည်ထိ ပင်ပန်းစွာ အလုပ်လုပ်ရသူကလည်း မျက်လုံးပင်ဖြစ်လေသည် ။ ဒါ့ကြောင့် ခန္ဓာကိုယ်အတွက်မရှိမဖြစ် လိုအပ်လှတဲ့ ကျွန်မတို့ရဲ့ မျက်လုံးတွေကို ဘယ်လိုမျိုး ကာကွယ်စောင့်ရှောက်နိုင်သလဲဆိုတာကို လက်လှမ်းမှီသလောက် စုစည်းတင်ပြလိုက်ရပါတယ်ရှင် ။

အစားအစာ
မျက်စိအားကောင်းမယ့်ဆေးတွေသောက်တာထက် သသာဝအစားအစာတွေကို စားသုံးပေးခြင်းက မျက်စိအား ပိုမိုကောင်းမွန်ဖို့နဲ့ အမြင်အာရုံကြည်လင်စေဖို့အတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ဆေးဝါးတွေပဲ ဖြစ်ပါတယ် ။

*** spinach *** - The World’s Healthiest Foods
အစိမ်းရောင်အရွက်တွေထဲမှာတော့ အကောင်းဆုံးလို့ ဆိုကြပါတယ်။ မျက်စိအတွက် အလွန်အကျိုးဖြစ်စေမယ့် Lutein ဓါတ် ပမာဏတွေ အများကြီး ပါဝင်ပါတယ်။ အဲဒီဓါတ်ဟာ မျက်စိထဲက Cell တွေရဲ့ ပျက်စီးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။

*** Fish *** - with fatty Acid: Hilsa, Bombay Duck(Bombil), Sardines, Salmon
ငါးစားခြင်းဟာလည်း မျက်စိကိုအားကောင်းစေပါတယ်။ အဓိကအားဖြင့်တော့ အထက်ပါငါးမျိုးတွေကို ပိုလို့ စားသုံးသင့်ပါတယ်။ သူတို့တွေမှာ DHA လို့ခေါ်တဲ့ (Docosahexaenoic acid) ပါဝင်လို့ပါ။ DHA တွေက မျက်စိအားကိုပိုမိုကောင်းမွန်စေပါတယ်။

*** Walnut - သစ်ကြားသီး***
အဆီဓါတ်တွေပြည့်ဝနေတဲ့ သစ်ကြားသီးဟာ အရသာဆိမ့်ဆိမ့်လေးဖြစ်ပေမယ့် မျက်စိ အတွက်ကောင်းကျိုးတွေအများကြီး ပေးစွမ်းတာမို့ လက်လှမ်းမှီသလောက် စားပေးသင့်ပါတယ်။

*** Grapes (စပျစ်သီး)***
ကျန်းမာရေးအတွက် အံ့သြစရာကောင်းလောက်အောင် အကျိုးပြုတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ အလွန်မြင့်မားနေတဲ့ သွေးဖိအားတွေကို လျော့ကျသွားအောင်ပြုလုပ်ပေးနိုင်ပြီး ခန္ဓာကိုယ် ထဲက သွေးစီးဆင်းမှု တွေကို ပိုမိုကောင်းမွန်စေပါတယ်။ အဲဒါကြောင့် စပျစ်သီးစားသုံးခြင်း ဟာ မျက်လုံးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Retina ဆီသို့ လိုအပ်တဲ့ အောက်ဆီဂျင် ပမာဏကို နှောင့်နှေး ကြန့်ကြာခြင်းမရှိဘဲ ရောက်ရှိစေမှာ ဖြစ်ပါတယ်။

*** Orange Bell Pepper (Simla Mirch)***
မျက်လုံးကို ကာကွယ်မှုတွေပေးနိုင်တဲ့ Lutein နဲ့ Zeaxanthin ဆိုတဲ့ ဓါတ်နှစ်မျိုးဟာ လိမ္မော်ရောင် ပန်းငရုပ်ပွမှာ ပေါများစွာပါဝင်ပါတယ် ။ ဒါ့အပြင် သူ့မှာပါဝင်တဲ့ ဗီတာမင်-အေ ဟာ ကြက်မျက်သင့်ခြင်း (ညဘက်မျက်စိမမြင်ဖြစ်ခြင်း )ကို ကာကွယ်ပေးနိုင်ပါတယ် ။

*** Tea (လက်ဖက်ရည်)***
မျက်လုံးတိမ်စွဲခြင်းတွေမဖြစ်စေဖို့ ၊ မျက်လုံးထဲမှာ လည်ပတ်နေတဲ့သွေးကြောလေးတွေ အစဉ်ဖွံ့ဖြိုးနေစေဖို့ စ တာတွေကို ကူညီပေးဖို့အတွက် လက်ဖက်ရည်မှာ အားဖြစ်စေမယ့်ဓါတ်တွေ အများကြီးပါဝင်ပါတယ်။  

*** Soya (ပဲပိစပ်)***
ပဲပိစပ်မှာပါဝင်တဲ့ ဓါတ်တစ်မျိုးဟာ မျက်ရည်အိတ်တွေကို သိမ်းဆည်းထားနိုင်ပြီးတော့ မျက်လုံး ကိုခြောက်သွေ့ မနေအောင်လည်း ကူညီပေးနိုင်ပါတယ် ။ တောက်ပရွှန်းစိုနေတဲ့ မျက်လုံးလေးတွေက ကျန်းမာတဲ့မျက်လုံးလေးတွေပဲပေါ့ ။

*** Eggs (ဥအမျိုးမျိုး)***
အိုမီဂါ - 3 လို့ခေါ်တဲ့ အဆီဓါတ်တွေအများကြီးပါဝင်တဲ့ အစားအစာဖြစ်ပါတယ် ။ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသည်တို့ကို စားသုံးခြင်းဖြင့် မျက်လုံးအတွက် နာကြင်စရာဒဏ်ရာတွေကိုလည်း တွန်းလှန်နိုင်စေပါတယ် ။

*** Carrot, Pumpkin, SweetPotato, Garlic and Onion***
သဘာဝအားဖြည့်အစာတွေထဲမှာတော့ မျက်လုံးအတွက် အကောင်းဆုံးသောအစားအစာတွေဖြစ်ပါတယ်။ တစ်ခုချင်းစီအလိုက် ပါဝင်တဲ့ အားဖြည့်စာတွေမတူညီတာမို့ အထက်ပါအစားအစာတွေကလည်း မျက်လုံးကျန်းမာရေးအတွက် များစွာ အထောက်အကူ ဖြစ်စေပါတယ်။

အနေအထိုင်
နေပူထဲသွားတဲ့အခါ နေကာမျက်မှန်တပ်သင့်ပါတယ် ။ ဒါ့အပြင် အလွန်အကျွံဂိမ်းကစားခြင်း ၊ တီဗွီကြည့်ခြင်းနဲ့ ကွန်ပျူတာ အသုံးများခြင်းတို့ကလည်း မျက်စိကိုအနည်းနဲ့အများထိခိုက်စေနိုင်ပါတယ် ။

စောင့်ရှောက်မှု
မနက်အိပ်ယာနိုးတာနဲ့ မျက်နှာမသစ်ခင် ဒူးခေါင်းအထက်ကနေ ရေလောင်းချတာမျိုး ၊ သွားမတိုက်ခင် မျက်နှာအရင်သစ်တာမျိုး တွေလုပ်ပေးသင့်ပါတယ် ။ မျက်စိနဲ့လုပ်ဆောင်ရတဲ့ အလုပ်တွေ (ဥပမာ ကွန်ပျူတာကို အသုံးပြုခြင်း) ပြီးတိုင်းမှာ အစိမ်းရောင်လိုအရာမျိုးကို ၅ မိနစ် ၊ ၁၀မိနစ်ခန့် ကြည့်ပေးတာ မျိုးတွေ လုပ်ပေးသင့်ပါတယ် ။ ရှေးလူကြီးတွေအယူအဆအရဆိုရင်တော့ ဆားပေါ့ရည်လေးတွေ ၊ စံပါယ်ပန်းပွင့်လေးတွေ စိမ်ထားတဲ့ရေကိုလည်း ညအိပ်ယာမဝင်ခင် မျက်စဉ်းခပ်ပေးနိုင်ပါတယ် ။ မျက်လုံးနှစ်ဘက်စလုံးကို ကွမ်းရွက်ကပ်ပေးခြင်းဟာလည်း မျက်လုံးထဲကအပူတွေကိုစုပ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။
အထက်ပါအပြုအမူမျိုးတွေကို စနစ်တစ်ကျပြုလုပ်မယ်၊ နေထိုင်စားသောက်မှုတွေကိုလည်း စားသုံးမယ် ဆိုရင်တော့ တောက်ပပြီး ရွှန်းစိုနေတဲ့ ကျွန်မတို့ရဲ့မျက်လုံးလေးတွေဟာ ကျန်းကျန်းမာမာနဲ့ အချိန်အတော် ကြာမြင့်စွာ အလုပ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ။


အန်တီစိမ့်
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ