အိမ်တွင်းရှိ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သည့်အရာများ


အိမ်တွင်းရှိ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သည့်အရာများ ဟုဆိုလျှင် လူအများစုက ကြွက်၊ ခြင်၊ ယင်စသည့်သတ္တဝါများကိုသာ ပြေးမြင်လေ့ရှိပြး အခြားအရေးကြီး သောအရာများကို လျစ်လျူရှုထား
လေ့ရှိသည် ။ လူအများစု လျစ်လျူရှု မိလေ့ရှိသည့်ကျန်းမာရေးကို အန္တ ရာယ်ဖြစ်စေနိုင်သည့်အရာများမှာ -
ရေယိုပေါက်များ - ဥပမာ ရေပိုက် ဆက်ရာမှ မလုံသည့်ရေယိုပေါက် များ၊ အမိုးရေယိုပေါက်များ၊ ရေချိုး ခန်း၊ မီးဖိုခန်းစတဲ့နေရာများတွင် လေထုစိုထိုင်းဆများပြီး မှိုပိုးများ ပျံ့ ပွားနိုင်ပါသည် ။ ယင်းမှိုပိုးများနှင့်
မကြာခဏထိတွေ့ပါက ခေါင်းကိုက် ခြင်း၊ အဆစ်အမြစ်များ နာကျင် ခြင်း၊ မှတ်ဥာဏ်ယိုယွင်းလာခြင်း၊ ခုခံအားစနစ်ကျလာခြင်း၊ စိတ်ကျ ခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်းတို့ ဖြစ် နိုင်ပါသည်။ ထို့ကြောင့် ရေယို
ပေါက်များတွေ့ပါက အချိန်မီပြင် ဆင်ပြီး အိမ်တွင်းရှိ လေထုစိုထိုင်း ဆကို ထိန်းထားသင့်ပါသည်။

၂.အိမ်မွေးတိရစ္ဆာန်များ -ခွေး၊ ကြောင်စသည့်အိမ်မွေးတိရစ္ဆာန်များက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့သန် ကောင်၊ တုပ်ကောင်များကို လူတွေ ဆီသို့ ကူးစက်စေနိုင်သည့်အဓိက ရင်းမြစ်တစ်ခုဖြစ်သည်။ ထို့ကြောင့် အိမ်မွေးတိရစ္ဆာန်များ မွေးပါက မကြာခဏ ရေချိုးသန့်စင်ပေးခြင်း၊ တိရစ္ဆာန်ဆေးကုခန်းသို့ မကြာခဏ ခေါ်ဆောင်၍ ရောဂါပိုးစစ်ဆေးခြင်း စသည်တို့ပြုလုပ်ပေးသင့်ပါသည်။

၃.အိမ်တွင်းရှိ ဖုန်မှုန့်များ၊ ကြပ်ခိုး များ -ကော်ဇောများ၊ အသုံးပြုမှု နည်းသည့်ပရိဘောဂများနှင့် ကြပ်ခိုး များတွင် ဖုန်မှုန့်များ အများအပြား ရှိတတ်ပြီး ယင်းဖုန်မှုန့်များအထဲတွင် Mite ခေါ်သည့်အကောင်များ ရှိတတ်ပြီး ယင်းအကောင်များက ဓာတ်မတည့်မှုများကို ဖြစ်စေကာ နှာစီးခြင်း၊ ဖျားခြင်း၊ ကိုယ်လက်မ အီမသာဖြစ်ခြင်း၊ အသက်ရှူရခက် ခြင်းတို့ဖြစ်စေနိုင်သည်။ ထို့ကြောင့် အိမ်တွင်းရှိဖုန်မှုန့်များကို အစဉ်သ ဖြင့် ရှင်းလင်းပေးသင့်ပြီး လေသန့် စင်စက်ကိုလည်း အသုံးပြုသင့်ပါ သည်။

အဝင်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ