ကော်ဖီနှင့် လက်ဖက်ရည်က အသည်းကျန်းမာရေးကို အထောက်အကူပြု
ကော်ဖီ (သို့မဟုတ်) လက်ဖက် ရည်(tea)ကို တစ်နေ့လေးခွက် သောက် သုံးပေးခြင်းဟာ အသည်း အဆီဖုံးခြင်း ကို သက်သာစေပြီး အသည်းကို ပိုမို ကျန်းမာစေတယ်လို့ သုတေသန တစ်ရပ်မှာ ဖော်ပြ ထားပါတယ် ။ Duke National University of Singapore က သုတေသီများရဲ့ လေ့ လာမှုအရ ကဖင်းဓာတ်ဟာ အသည်း အတွက် အခုလိုအာနိသင်တွေ ရှိနေ ကြောင်းကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ် ပါတယ် ။
ဆီးချိုသွေးချိုရောဂါရှင်တွေနဲ့ အဝလွန်သူတွေရဲ့၇၀%မှာ အသည်း အဆီဖုံးနေပြီး ယမကာမှီဝဲသူတွေမှာ အများဆုံးတွေ့ရတဲ့ အခြေအနေဖြစ် ပါတယ်။ အစားအစာနဲ့ လေ့ကျင့် ခန်းကကုသမှုထက်ပိုထိရောက်တယ် လို့သိရပါတယ်။ ဆဲလ် culture များ နဲ့ ကြွက်သားများမှာ လေ့လာမှုများ အရ ကဖင်းဓာတ်ဟာ အသည်းမှာ သိုလှောင်နိုင်တဲ့ အဆီဓာတ်တွေရဲ့ ဇီဝဖြစ်ပျက်မှုတွေကို သက်ရောက် မှုရှိပြီး အသည်းအဆီဖုံးခြင်းကို ကာ ကွယ်နိုင်တယ်ဆိုတာကို ဖော်ထုတ် နိုင်ခဲ့ပါတယ် ။
တွေ့ရှိမှုအရ နေ့စဉ်ကော်ဖီ သို့မဟုတ် လက်ဖက်ရည် လေးခွက်မျှ သောက်သုံးသူတွေဟာ အသည်း အဆီဖုံးခြင်းကို ကာကွယ်နိုင်တာကို သက်သေပြနိုင်ခဲ့ပါတယ်။ "ကော်ဖီနဲ့ လက်ဖက်ရည်ကရတဲ့ ကဖင်းဓာတ် ဟာ ကောင်းကျိုး၊ ဆိုးကျိုးဒွန်တွဲနေ ပေမယ့်လည်း ဒီသုတေသနမှာတော့ အသည်းကိုပိုပြီး ကျန်းမာစေတယ်လို့ မိမိတို့သိရှိခဲ့ပါတယ်" လို့ သုတေသန ခေါင်းဆောင် Dr.Paul Yen က ပြောကြားခဲ့ပါတယ် ။
ဒီလေ့လာမှုကို Journal Hepa- tology မှာ ဖော်ပြထားပါတယ်။
သန့်စင်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin