ဦးနှောက်၏ လူသိနည်းသေးသော အချက်များ
- Google ကဲ့သို့ အင်တာနက် ရှာ ဖွေရေးကိရိယာများကြောင့် သင်္ချာ တွက်ရာ၌ဖြစ်စေ ၊ မှတ်သားရာ ၌ဖြစ် စေ ဦးနှောက်ကို အသုံးမပြုကြတော့ ဘဲ အင်တာနက်မှအဖြေများကို အဆင် သင့်ရယူလာကြသည့် အတွက်ဦးနှောက် ချည့်နဲ့စေသည်ဟု ကိုလံဘီယာ သုတေသီများက ဆိုသည်။
- ကလေးဘဝက နှစ်ခြိုက်ခဲ့သည့် သီချင်းကို လူကြီးဘဝတွင်ပြန်နား ထောင်ရလျှင် ပျော်ရွှင်မှုခံစားရလေ့ ရှိသည်။
- ဦးနှောက်၏ frontopolar cortex အစိတ်အပိုင်းသည် ဦးနှောက်၏အရှေ့ဘက်အကျဆုံး အစိတ်အပိုင်း ဖြစ်ပြီး ဆဋ္ဌမအာရုံဟုခေါ်သည့် အနာဂတ်ကို ကြိုတင်သိမြင်နိုင် စွမ်းရှိသည်။
- တေးဂီတနားဆင်ခြင်းဖြင့် အကျပ်အတည်းများကိုကျော်လွှားနိုင်ရန်၊ အာရုံစူးစိုက်နိုင်ရန်၊ မှတ်Óဏ်ကောင်း စေရန် ဦးနှောက်အား အထောက်အပံ့ ဖြစ်စေသည်။
- အမျိုးသမီးများတွင် စိတ်ခံစားမှု ဆိုင်ရာပြဿနာများအဖြစ်များပြီး အမျိုးသားများတွင် အာရုံစူးစိုက်မှု လျော့ကျသည့် ပြဿနာနှင့်ဘာသာ စကား သုံးစွဲမှုချွတ်ယွင်းသည့်ပြဿနာ အဖြစ်များသည်။
-လက်ကိုင်ဖုန်းဓါတ်ရောင်ခြည်ကြောင့် ဦးနှောက်ကင်ဆာဖြစ်စေသည်ဟု ငြင်း ခုံနေကြဆဲဖြစ်သော်လည်း ဖုန်းအင် တာနာနှင့် အနီးဆုံး ထိတွေ့ရသည့် ဦးနှောက်အစိတ် အပိုင်းသည် ကျန် အပိုင်းများထက်
လှုပ်ရှားမှုပိုများပြားသည်ကိုတွေ့ရသည်။
-စိတ်ကျရောဂါဖြစ်ပွားမှုနှင့် ဆက် နွယ်သည့် amygdala နှင့် hippo campus အစိတ်အပိုင်းတို့သည် ကိုယ်တိုင်ရယ်မောလျှင်ဖြစ်စေ၊ ရယ် သံကြားရလျှင်ဖြစ်စေ စိတ်ကျစေသည့် လုပ်ငန်းဆောင်တာများ နှေး
ကွေးလာစေသည်။
ဇော်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin