ပင်မဆဲလ်အသုံးပြုကာ ကျောရိုးနာဗ့်ကြောမကြီး ပြန်လည်ဖွံ့ဖြိုးလာစေနိုင်


ကြွက်များတွင်ပင်မဆဲလ်နည်း ပညာကိုအခြေခံကာ ကျောရိုးမကြီးရှိ အာရုံကြောဆဲလ် များကို ပြန်လည် ဖန်တီးလာနိုင်ကြောင်းကိုNature medicine တွင် ပါဝင်သော သုတေသနတစ်ခုအရသိရပါသည်။ ပင်မဆဲလ်(stem cells)များသည် ပြန်လည်ဖွံ့ဖြိုးသန်စွမ်းရေး ဆေး ပညာ၏ အခြေခံသဘောပင်ဖြစ်သည် ။ ဥပမာအရေပြားဆဲလ်များ ၊ အသည်းဆဲလ်များသည် ယင်းတို့ ကိုယ်တိုင်ပြန်လည် တည်ဆောက် အစားထိုးနိုင်စွမ်းရှိသည် ။

လူ့ကိုယ်ခန္ဓာမှကြွက်သားများ လှုပ်ရှားမှုပြုလုပ်ခြင်းကို ဦးနှောက်မှထိန်းချုပ်ထားသည် ။ ဦးနှောက်မှ ကျောရိုးမကြီးဆီသို့ သွားသော အာရုံ ကြောဆဲလ်များ လမ်းကြောင်းကိုkcorticospinal tract ဟုခေါ်သည် ။ ယင်းလမ်းကြောင်းရှိ အာရုံကြော ဆဲလ်များအား ပြန်လည်ပွားများနိုင်
စွမ်းရှိ မရှိကို ကယ်လီဖိုးနီးယားဆန်ဒီယေဂိုဆေးကျောင်းနှင့်စစ်ပြန်များ အဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့တို့မှသုတေသနပညာရှင်များက ဂျပန်နှင့် ၀ိုင်စကွန်စင်ရှိ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်း ကာလေ့လာခဲ့ကြခြင်းဖြစ်သည် ။

စမ်းသပ်ခံ<ကက်များ ကျောရိုးနာဗ့်ကြောမကြီးဒဏ်ရာရရှိသောနေရာများတွင် အာရုံကြောဆိုင်ရာ ပင်မဆဲလ်များ (multipotent neural progenitor cells) ကိုထည့်သွင်းပေးလိုက်သည်။ ထိုဆဲလ်များသည် ထိခိုက်ဆုံးရှုံးသွားသောအာရုံကြောဆဲလ်များကိုထင်မှတ်ထားသည့် အတိုင်းအတာ ပိုမိုသာလွန်စွာ အစားထိုးပြန်လည်ပွားနိုင်ခဲ့ကာ <ကက်များအားလည်း ယခင် ဒဏ်ရာမရခင်က အခြေအနေ ထက်ကောင်းမွန်စွာလှုပ်ရှားနိုင်ခဲ့သည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်သည် ။

ယခင်ကပြုလုပ်ခဲ့ကြသောစမ်းသပ်မှုများစွာကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပဲ ယခုမှ သာလျှင် ပထမဦးဆုံးအကြိမ်အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ နောက်ထပ်စမ်းသပ်မှု များစွာပြုလုပ်ရန် ရှိသေးကြောင်း ၊ လူသားတို့ထံတွင်လည်း ယခုလိုမျိုး အာရုံကြောဆိုင်ရာ ပြန်လည်အစား ထိုး ပွားများနိုင်ခြင်းရှိ မရှိပြောဖို့ ရာမှာ အဝေးကြီးလိုသေးကြောင်းကို သုတေသနခေါင်းဆောင် ပါမောက္ခ ဒေါက်တာမာခ့်မှပြောကြားခဲ့ ပါသည်။

Dr.AZ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ