Arsenic Poisoning အာဆင်းနစ် အဆိပ်သင့်ခြင်း


အာဆင်းနစ်ဆိုတာ အလေးစားသတ္တုတမျိုးဖြစ်တယ်။ လူ့ကိုယ်ခန္ဓာနဲ့ မသင့်ပါ။ Organic arsenic အော်ဂဲနစ် အမျိုးအစားက Inorganic arsenic အမျိုးအစားလောက် အဆိပ်မဖြစ်စေပါ။

မြေအောက်ရေ၊ မြေဆီ၊ အစားအသောက်တွေနဲ့ ဆေးဝါးတွေထဲမှာ အာဆင်းနစ်ဓါတ်တွေပါနေနိုင်တယ်။ FDA သတ်မှတ်ချက်ကတော့ 10 parts per billion of arsenic အောက်ဆိုရင် လက်ခံနိုင်တယ်။

အာဆင်းနစ် အဆိပ်သင့်လက္ခဏာများ
ရုတ်တရက်အဆိပ်သင့်တာက ဆိုးတယ်။ နာတာရှည်အဆိပ်သင့်နေတာက အဲလောက် မဆိုးပါ။ ပြဒါးဆိပ်သင့်တာနဲ့ ခဲဆိပ်သင့်တာနဲ့ဆင်တူတယ်။ Inorganic arsenic အမျိုးအစား = များရင် ဗိုက်နာ။ သွေးနီဥတွေပျက်ဆီး၊ ရှော့ခ်ရ၊ သေဆုံးခြင်း။ နည်ူးရင် အဲလောက် မဆိုးပါ။ ဆီးထဲနဲ့ သွေးထဲမှာ အာဆင်းနစ်ဓါတ်ပါနေတာကို စမ်းရင်သိမယ်။

ကုသရာမှာ ကျောက်ကပ်ဆေးဘို့ လိုနိုင်တယ်။ သွေးနီဥဖြည့်ရမယ်။ အူလမ်းကြောင်းရှင်းလင်းပေးရမယ်။ Chelating agents ဆေးပေးရမယ်။

အရင်က ဆစ်ဖလစ်ကုဆေးထဲမှာ အာဆင်းနစ်ပါတယ်။ အခုလည်း acute promyelocytic leukaemia လူကီးမီးယားနဲ့ myeloproliferative disorders ရောဂါတွေအတွက်ဆေးထဲမှာပါတယ်။ ဘင်္ဂလားဒက် (၇၉့၉ သန်း) နဲ့ အိန္ဒိယ (၄၂့၇ သန်း) မှာ အဆိုးဆုံး အဆိပ်သင့်တာခံရတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ