Worms သန်ကောင်

Thursday, December 29, 2016 09:00(+0630) (၁ မိနစ်တောင် မရှိသေးဘူး ခန့်က)


၂၄ နာရီအတွင်း မေးတာ ၄ ယောက်ရှိတယ်။ ကလေး-လူကြီး-ကိုယ်ဝန်ဆောင်။

သန်ကောင်ဆိုတာ ပါးစပ်ကနေဝင်တယ်။ သန်ဥပါတာကို စားသောက်မိလို့ကူးစက်တယ် ။ သန်အမျိုးအစားမတူရင် ခံစားရမှာလဲ မတူဘူး ။ ဗိုက်နာတာ ၊ ဝမ်းပျက်တာနဲ့ စအိုယားတာတွေ ။ ကလေးတွေမှာ သန်ရှိရင် ပိန်တယ် ။ ဗိုက်ပူတယ် ။ ဝက်သား မနူးတာစားလို့ တိပ်ပြားပုံ သန်ကောင် ဖြစ်တတ်တယ် ။ သေခြာချင်ရင် Stool ME ဝမ်းစစ်ရမယ်။

အများဆုံးဖြစ်တာက သန်လုံးကောင် နဲ့ ပင်အပ်ပုံ သန်ကောင်တွေဖြစ်တယ် ။ အမျိုးမတူရင် ဆေးပေးတာလဲ မတူပါ။ အများဆုံးဖြစ်တာအတွက် ဆေးကို တကြိမ်တည်းနဲ့ပြီးတယ်။ တချို့ကို ၃ ရက်ဆက်သောက်ရတယ် ။ တချို့က ၃-၄ ပါတ်အကြာမှာ တခါသောက်ရတယ် ။ ပဌမအကြိမ်တုံးက ဥအနေနဲ့ ရှိနေခဲ့တာတွေ အကောင်ဖြစ်လာချိန်မှာ ထပ်ပြီး သန်ချရတာဖြစ်တယ် ။

Albendazole အပြားဖြစ်ဖြစ် အရည်ဖြစ်ဖြစ်၊ အသက် ၂ နှစ်ကျော်တဲ့ကလေးတိုင်းကို ၁ ပြား၊ တပုလင်း၊ ညတိုက်ပါ။ နောက် ၄ ပါတ်နေရင် အဲလိုတခါ၊ နောက်ထပ် ၄ ပါတ်နေရင်လဲ အဲလိုတခါ၊ စုစုပေါင်း ၃ ခါတိုက်ပါ။ Albendazole နဲ့ Mebendazole သန်ချဆေးကို ကိုယ်ဝန်မှာ မသောက်သင့်ပါ။ နို့တိုက်မခင်ကို ၁ ကြိမ်ပေးလို့ရတယ်။

၂ နှစ်အထက် ဘယ်လောက် အသက်ကြီးကြီး ဆေးတလုံးသောက်ရတယ်။ သောက်ရတဲ့ဆေးပြား၊ ဝါးစားရတဲ့ဆေးပြား၊ ဆေးရည်။ ၂ နှစ်အောက်က တဝက်ပေးရတယ်။ သန်ချဆေးတိုက်ရင် ကလေးကိုယ်အလေးချိန် ၂ဝ ပေါင် အနည်းဆုံး ရှိရမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ