အီဘိုလာဗိုင်းရပ်ကိုရာနှုန်းပြည့် ကာကွယ်ပေးနိုင်သည့် ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း WHO ထုတ်ပြန်ကြေညာ


လူပေါင်းများစွာကို သေကြေပျက်စီးစေခဲ့သည့် အီဘိုလာဗိုင်းရပ်ပိုးကို အထိရောက်ဆုံးကာကွယ်နိုင်သည့် ကာကွယ်ဆေးကို ထုတ်လုပ်ဖော်စပ်နိုင်ပြီဖြစ်ကြောင်း WHO (World Health Organization မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည် ။ ယခုဖော်စပ်လိုက်သည့် ကာကွယ်ဆေးသည် အီဘိုလာ ဗိုင်းရပ်ပိုးကူးစက်ခြင်းမှ ရာနှိုန်းပြည့် ကာကွယ်ပေးနိုင်ပြီး အီဘိုလာကာကွယ်ဆေးကိုလည်း ထုတ်လုပ်နေပြီဖြစ်ပြီး မကြာခင် အီဘိုလာဗိုင်းရပ်ပိုး ပြန့်နှံကူးစက်လျက်ရှိသည့် အာဖရိကနိုင်ငံများသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း WHO မှ ထုတ်ပြန်ကြေညာခဲ့ကာယခုဖော်စပ်ထုတ်လုပ်လိုက်သည့် အီဘိုလာကာကွယ်ဆေးသည် ၁၉၇၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကျောက်ကြီးရောဂါ ကာကွယ်ဆေးနှင့် တူညီသည့်အပြင် အီဘိုလာဗိုင်းရပ်ပိုးနောက်တစ်ခေါက် ထပ်ပြန့်ပွားခဲ့ ရင်တောင် ကြောက်စရာ မလိုတော့ပါဘူး ။ အခုဖော်စပ် ထုတ်လုပ်လိုက်တဲ့ အီဘိုလာကာကွယ်ဆေးက အီဘိုလာဗိုင်းရပ်ပိုးတွေကို ကာကွယ်တဲ့နေရာမှ ရာနှုန်းပြည့်ပဲဖြစ်ပါတယ် ဟု WHO မှ Dr. Marie PauleKieny မှ ပြောကြားခဲ့ပြီး အီဘိုလာ ကာကွယဆေးကိုဖော်စပ် ရာတွင် ၂ နှစ်ခန့် အချိန်ယူလုပ်ဆောင်ခဲ့ရကြောင်း သိရသည် ။ ယခုအီဘိုလာဗိုင်းရပ်ကို တိုက်ထုတ်နိုင်သည့် ကာကွယ်ဆေးကို NewLink Genetics အမည်ရှိ ကနေဒါ ပြည်သူ့ကျန်းမာရေးအေဂျင်စီ မှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အီဘိုလာဗိုင်းရပ်ပိုးသည် အာဖရိကနိုင်ငံများတွင် ကူးစက်ခံရပြီးနောက် လူအယောက် ၂၈၀၀၀ ကူးစက်ခံခဲ့ရသည့် အထဲမှ ၁၁၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း WHO မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ