TB Signs & Symptoms တီဘီရောဂါလက္ခဏာများ
တီဘီရောဂါဟာ ဆိုးပါတယ် ။ အများဆုံးက အဆုပ်ကိုရောဂါ ရစေတယ် ။ ဦးနှောက် ၊ အရိုး ၊ အူ ၊ ကျောက်ကပ်စတဲ့ တခြားနေရာတွေ မှာလည်းဖြစ်တယ် ။ M. tuberculosis ခေါ် ဗက်တီးရီးယားကနေဖြစ်စေတယ် ။ ကူးစက်နိုင်တယ် ။ AFB +ve သလိပ်ထဲပိုးတွေ့သူကနေသာ သူများကိုကူးစက်ပါတယ် ။
1. Fever ကိုယ်ပူ = 100 F (37.8 C) ကျော်လောက် ၁ဝ ရက်ကြာဖျားမယ်။
2. Coughing ချောင်းဆိုး = ချောင်းဆိုးနေတာ ၃ ပါတ်ကြာနေနိုင်တယ်။
3. Blood ချောင်းဆိုးသွေးပါ = သွေးအနီရောင် နည်းနည်းလေး သလိပ်ထဲရောပါမယ်။
4. Chills ချမ်းမယ် = ကိုယ်ပူချိန်မှာဖြစ်ဖြစ် မပူပဲဖြစ်ဖြစ် သူများထက် ချမ်းနေမယ်။
5. Chest Pains ရင်ပတ်နာ = ချောင်းဆိုးရလို့ရော အဆုပ်မကောင်းလို့ပါ ရင်ပတ်နာမယ်။
6. Night Sweats ညချွေးထွက်ခြင်း = ကလေး-လူကြီးဖြစ်နိုင်တယ်။
7. Breathing Issues အသက်ရှူတမျိုးဖြစ်ခြင်း = ခက်ခဲနိုင်တယ်။ မဝဖြစ်နိုင်တယ်။ ပင့်ရှူရနိုင်တယ်။
8. Feeling Tired မောပန်းနေခြင်း = အလုပ်မပင်ပန်းဘဲ မောနေမယ်။ အားကုန်နေမယ်။
9. Loss of Appetite အစားပျက်ခြင်း = ဟင်းကောင်းလည်း မစားချင်ဖြစ်မယ်။
10. Loss Wright ကိုယ်အလေးချိန်ကျခြင်း = ပိန်လာမယ်။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin