Sleepwalking အိပ်ရင်း လမ်းလျှောက်


ဆေးစာမှာ somnambulism နဲ့ noctambulism လို့ခေါ်တယ် ။ အိပ်စက်ရောဂါ အုပ်စုထဲကတခု parasomnia ဖြစ်ပါတယ် ။ အိပ်ပျော်ခြင်းအဆင့်တွေထဲက slow wave sleep stage အဆင့်မှာဖြစ်တယ် ။ ညဦးပိုင်းမှာဖြစ်တာများတယ် ။ သတိမလစ်သေးခင်မှာ သတိရှိနေစဉ်ကလို အလုပ်မျိုးလုပ်တာဖြစ်တယ် ။ ထထိုင်မယ် ။ လမ်းလျှောက်မယ် ။ အိမ်မှုကိစ္စတွေ လုပ်မယ် ။ တချို့က ကြမ်းတမ်းမယ် ။

အများအားဖြင့် လုပ်နေတာကို ထပ်လုပ်ကြတယ် ။ တချို့ကသာ တမျိုးမကလုပ်တယ် ။ နိုးတဲ့အခါ အဲတာကို သတိမရပါ ။ မျက်စိကဖွင့်ထားပေမဲ့ အမူအယာက ထင်ရှားလှတာမဟုတ်ပါ ။ ၃ဝ စက္ကန့်ကနေ ၃ဝ မိနစ်အထိ ကြာရှည်နိုင်တယ် ။ တညမှာတော့ တကြိမ်သာဖြစ်တယ် ။

အဲလိုဖြစ်တာနဲ့ အရက်မူးပြီးနဲ့ မူးယစ်ဆေးကြောင့်ရှောက်လုပ်တာ မတူပါ ။ အရက်ကနေဖြစ်တဲ့ alcohol-induced blackout နဲ့ drug-related amnesia မူးယစ်ဆေးကနေဖြစ်တာမျိုးမှာ တုန့်ပြန်မှုရှိတယ် ။ မေးတာဖြေမယ် ။ မကြိုက်တာ ကြိုက်တာ ပြောမယ် ။

အိပ်ရင်း လမ်းလျှောက်တာမှာ အမျိုးအစားခွဲတွေရှိတယ် ။ လမ်းလျှောက်ရင်း စားတာနဲ့ sexsomnia လိင်အပြုအမူ ။

လေ့လာမှုတခုအရ လူဦးရေရဲ့ ၄့၆% ကနေ ၁ဝ့၃% အထိရှိတယ် ။ ကလေးတွေလည်းပါတယ် ။ ဘာလို့ဖြစ်သလဲ တိတိကျကျမသိသေးပါ ။ တချို့မှာသာ အိပ်ရေးပျက်ထားတာ ၊ ဖျားနာတာ ၊ မောပန်းတာတွေအခြေခံတွေ့ရတယ် ။ တချို့ကတော့ မျိုးရိုးလိုက်တယ် ။ chlorpromazine , perphenazine , lithium , triazolam , amitriptyline , zolpidem , Quetiapine  နဲ့  beta blockers ဆေးတွေသောက်နေရသူတွေမှာလည်း ဖြစ်တတ်တာတွေ့ရတယ် ။

ထူးခြားတဲ့အဖြစ်အပျက်တွေရှိတယ် ။ ရာဇဝတ်မှုကျူးလွန်တာတွေ ။ ၁၈၄၆ မှာ Albert Tirrell လူသတ်မှု ၊ ၁၉၈၁ မှာ Steven Steinberg ကနေ သူ့ဇနီးသတ်မှု ၊ ၁၉၉၁ မှာ Burgess က သူ့ရည်းစားမိန်းကလေးကို ရန်ပြုမှု ၊ ၁၉၉၂ မှာ R. v. Parks က သူ့ယောက္ခမကိုသတ်မှု ။

ကုသနည်းမှာလည်း သေချာတာ မရှိသေးပါ ။ ဆောရီး ။ biperiden , carbamazepine , valproate , quetiapine , clonazepam , diazepam , flurazepam , imipramine , triazolam , melatonin , paroxetine , sodium amytal ဆေးတွေပေးနိုင်ပါတယ် ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ