ဆီးကျိတ်ကြီးခြင်းအတွက် ကုသမှုနည်းလမ်းသစ်


အမျိုးသားရောဂါတစ်ခုဖြစ်သော ဆီးကျိတ်ကြီးနေသော အမျိုး သားများတွင် ညအိပ်ချိန်မှာဆီး မကြာခဏ ထသွားရသော အကြိမ်အရေအတွက်ကြောင့် အိပ်ရေးပျက်သည် အထိဖြစ်တတ်သည် ။ အဆိုပါ ဆီးကျိတ်ကြီးခြင်းကို အသက် ၅၀ ကျော်အရွယ် အမျိုးသားထက်ဝက်ခန့် တွင် ရှိနေကြပြီး ဆေးပညာအရ ပရောစတိတ်ဂလင်းကြီးခြင်း ( benign prostatic hyperplasia BPH ) ဟု ခေါ်သည် ။

အသက်အန္တရာယ်ကို မခြိမ်းခြောက်သော်လည်း ဆီးကျိတ်ကြီးလာခြင်းကြောင့် ဆီးလမ်းကြောင်း ကျဉ်းမြောင်းလာခြင်း ၊ ပိတ်ဆို့ခြင်း တို့ဖြစ်လာသည် ။ ဆီးသွားပြီးသော်လည်း ဆီးကျန်နေခြင်း ၊ ဆီးသွားလျှင်အားမရခြင်း၊ ညအိပ်ချိန် ဆီးမကြာမကြာသွားခြင်းတို့ ဖြစ်လာနိုင်သည်။

 သေချာမကုသပါက ဆီးကျောက်တည်ခြင်း ၊ ကျောက်ကပ်နှင့် ဆီးလမ်း ကြောင်း ပိုးဝင်ခြင်းတို့  ဖြစ်နိုင်ပါသည် ။ Prostatic artery emboli-zation (PAE) သည် ဆီး ကျိတ်ကြီးခြင်း အတွက် ကုသမှုနည်း လမ်းအသစ် တစ်ခုဖြစ်သည် ။ ပြင်ပလူနာဌာနတွင်ပင်ပြုလုပ်နိုင်ပြီး လူနာမှာလည်း လုပ်ဆောင်မှုပြီးစီး သွားလျှင် အိမ်သို့နေ့ချင်း ပင်ပြန်နိုင်သည် ။ ပေါင်ရင်းရှိ သွေးကြောကြီး မှ တဆင့် ပိုက်ပြွန်လေး (catheter) အား ထည့်သွင်းကာ ဆီးကျိတ်ဆီသို့ သွားသောသွေးပြန်ကြောဆီ သို့ ရောက် ရှိအောင် သွားသည် ။

ထို့နောက်သေးငယ်သော ပလတ်စတစ် ပတီးလုံးစေ့များကဲ့သို့ အရာများ ဖြင့်သွေးစီးဆင်းမှုအား ပိတ်လိုက်ခြင်းဖြင့် ဆီးကျိတ်အား ကျုံ့သွားစေသည် ။ အဆိုပါPAE အသုံးပြုခြင်းဖြင့်အမျိုးသားများ ဆီးမကြာခဏသွား ခြင်း ကို များစွာလျော့နည်းသွားစေသည် ဟု သုတေသန အသစ်တစ်ခုမှ ဆိုထားပါသည် ။

Dr.A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ