Nail fungal infection လက်သည်း-ခြေသည်းမှို


ဆရာရှင့် လက်ပန်းဂုးံ ဖြစ်တာ ဘာဆေးလိမ်းရမလဲ ဘယ်လိုလုပ်ရမလဲ သိချင်လို့ပါရှင့် ။ ဆရာေ ရးထားတဲ့အထဲမှာရှာတာ မတွေ့လို့ပါဆရာ ။ ကျွန်မ အသက်၂၆ နှစ်ပါရှင့် ။ စစဖြစ်တာ တချောင်း ထဲခု လက်ငါးချောင်းလုံးဖြစ်နေလို့ပါရှင့် ။ လက်ပန်းဂုးံ ဆိုတာ မသိပါ ။ အဲ့လိုဖြစ်တာပါ ဆရာရှင့် ။ သူများက လက်ပန်းဂုးံဖြစ်တာပြောလို့ပါဆရာ ။

ပုံတွေ့မှာ လက်သည်းမှိုဆိုတာသိပါတယ် ။ ပုံမှာ လက်သည်းတွေ အတော်ကိုရှည်ရှည်ထားတယ် ။ လက်သည်း အရောင်တွေလည်း ဆိုးထားတယ်။ တကိုယ်ရေသန့်ရှင်းရေး လိုနေတယ် ။ မှိုတွေအောင်းနေမယ် ။ မှိုဆိုတာ ပူနွေး စွပ်စိုတာကို ကြိုက်တယ် ။ အရင်ကလည်း မေးကြတယ် ။ (ပုံက မေးတဲ့သူဆီက မဟုတ်ပါ။)

၁။ အမျိုးသားအသက်က ၃၁ နှစ်ရှိပါပြီဆရာ ။ အလုပ်မှာ shoe နေ့တိုင်းလိုလိုစီးရပါတယ်ရှင့် ။ ဘယ်ဘက်ခြေမမှာ ယားပြီးအရည်ကြည်တွေပေါက်ပါတယ်ဆရာ ။ ယားလို့ကုတ်တဲ့အခါ အရည်အိတ်လေးတွေပေါက်ပြီး ခြေမတစ်ခုကို ရေဝဲစားသလိုဖြစ်နေပါတယ် ။ ကျွန်မခြေအိတ်မသန့်လို့ ထင်လို့ အမြဲလျှော်လဲခိုင်းပေမယ့် မကောင်းပါဘူးဆရာ ။ ရေနွေးနဲ့ခြေထောက်စိမ် အရက်ပြန်ထည့်ပြီး အနာကို တက်ထွာဆိုင်ကလင်းအမုန့်လေး ထည့်ကြည့်ပါတယ်ဆရာ ။ ခြောက်သလို လိုဖြစ်ပြီးပြန်ပြန်ဖြစ်နေပါတယ်ရှင့် ။ အခုဆိုခြေမ ခြေသည်းတွေတောင်ပါးနေပြီ ။ လွန်ခဲ့သော ၃ နှစ်ခန့်က တကြိမ်ဖြစ်ဖူးပါတယ် ။ ပြန်ကောင်းသွားပါတယ် ။ အခုကဖြစ်နေတာကြာနေပြီဆရာ ။ အခုထိမကောင်းသေးပါဘူးဆရာ ။ ဆောင်ရန်ရှောင်ရန်လေးများပြောပြပေးပါရှင့် ။

၂။ ဆရာရှင့် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မို့ ပထမဆုံး ဆရာကိုကန်တော့ပါတယ်ဆရာ ။ သမီးခြေမ (ကန်တော့်နော်ဆရာ) က ခြေသည်းညှပ်ရင်းနဲ့ ဘေးစွယ်ကို ညှပ်ရင်း ကနေ ခြေစွယ် ငုတ်သွားတာ ၊ မလှမှာစိုးလို့ ခွာရင်းခွာရင်း ၊ ခြေသည်းအားလုံး ကွာသွားပါတယ် ။ ပြန်ထွက် လာတော့ခြေသည်းက အဖတ်လိုက်တွေပဲထွက်လာတယ် ။ ခွာလိုက်ရင် အားလုံး အလွှားလိုက် ကွာသွားပါတယ် ။ တော်တော်ကြာနေပါပြီဆရာ ။ သမီးအရင်က EZON-T လိမ်းဘူးပါတယ် ။ ပထမတော့သက်သာပြီး ၊ နောက်ပိုင်းသိပ်မသိသာလို့ မလိမ်းတော့ အရင်တိုင်းပဲဖြစ် ခြေသည်းက အဖတ်တွေ ကွာသွားပါတယ် ။ သမီးဘာဆေးလိမ်းရမလဲ ကျေးဇူးပြုပြီးဖြေပေးပါဆရာ ။

၃။ အမျိုးသမီး (၃၁) နှစ်။ ပြည်ပမှာဆိုတော့ ရောဂါ ဖြစ်လို့ ဆေးခန်းသွားရင် သေချာမပြောပြတတ်တော့ မသက်သာဘူး။ စဖြစ်တာကလက်သည်းရဲ့ ထိပ်ပိုင်းဘေးတဖက်စီမှာလက်စွယ် ငုတ်သလို ဖြစ်နေတော့ ခွာထုတ်တာ၊ အပေါက်တွေက ချိုင့်ခွက်လေးလို ဖြစ်နေတာ။ ခုဆိုလက် ၅ ချောင်းလုံးပဲ။ လက်သည်း ပိုးများလားမသိဘူးတဲ့ ။ ခွာနေတုန်းကတော့ သွေးကြောအမျှဉ်လေးလိုနီနီလေးတွေ့လို့ ခွာထုတ် တိုင်းလဲ ပြန်ပေါ်လာတယ်တဲ့ ။ ပေးတဲ့ ဆေးနဲ့လဲမသက်သာတော့ ကြားဖူးနားဝ ဖယောင်းစက်ချပြီး လုပ်ကြည့်တော့လဲမသက်သာပါဘူး ။

၎။ ကျွန်တော်က ခြေဆီတအားထွက်တက်ပါတယ်။ အခု ကျွန်တော့် ခြေထောက် ခြေဖဝါးအောက်မှာ ထုံးပေါက်သလိုမျိုး အပေါက်တွေ ဖြစ်နေလို့ပါ ။ ခြေဖျားပိုင်းနဲ့ ခြေချောင်းလေးတွေရဲ့ ထိပ်တွေမှာ ဖြစ်နေတာပါ ။ ခြေဖဝါးအလယ်ပိုင်းနဲ့ ဖနောင့်မှာ မဖြစ်ပါဘူး။ အဲလိုမျိုးကို အရင်ကလဲဖြစ်ဖူးပါတယ် ။ ၂ဝဝ၇ လောက်ကတုန်းကပါ ။ ပုဂံကိုဘုရားဖူးသွားတုန်းက ဘုရားဖူးဖို့ ဖိနပ်ချွတ်ပြီး မြေကြီးပေါ်နင်းလိုက်၊ ကားပေါ်ပြန်ရောက်တော့ ဖိနပ်ပြန် စီးလိုက်နဲ့နေတာ သုံးရက်လောက် နေတော့ အဲလိုဖြစ်လာတာပါပဲ ။ အဲ့တုန်းက ဆေးရုံကြီးကအရေပြားရောဂါ ဌာနမှာသွားပြပြီး ညွှန်ကြားတဲ့အတိုင်း ဆေးဝယ်လိမ်းလိုက်တာ ပျောက်သွားပါတယ် ။ အခုတစ်ခါ ပြန်ဖြစ် လာတာပါ ။ ခြေဖဝါးကိုလဲဓါတ်ပုံရိုက်ပြီး ထည့်ပေးလိုက်ပါတယ် ။ ပထမတစ်ခါ ဖြစ်တုန်း ကရေးပေး ထားတဲ့ ဆေးစာကိုလဲထည့်ပေးလိုက်ပါတယ်။ အဲဒါ ဘာလို့ ဖြစ်တာလဲ ။ ခြေဆီနဲ့ သဲတွေ နဲ့ ရောပြီးခြေထောက် ညစ်ပါတ်လို့ ဖြစ်တာလား ။ ဖြစ်ရတဲ့အကြောင်းအရင်းနဲ့ နောက်မဖြစ်အောင် ဘယ်လိုနေထိုင်ရမယ် ဘယ်ဆေးလိမ်းရမယ် ဆိုတာလဲညွှန်ကြားပြသပေးပါ ။ ပြီးတော့ အဲ့ဒါကိုဆေးလိမ်းမှ ပျောက်မှာလား ။ ဆေးမလိမ်းပဲခြေထောက်ကိုဖုန်တွေ သဲတွေ မကပ်အောင် ထားရုံနဲ့ ပျောက်နိုင်မလား ။

၅။ ကျွန်တော့်အဘွားခြေထောက်မှာလေ ခြေသည်းတွေ ပိုးတွေလိုက်တာ ကြည့်မကောင်းဘူး ။ ဆယ်ချောင်းလုံးဖြစ်တာ ။ ပြီးတော့ ခြေထောက်က အသားပတ်တာလို အသားတွေကွဲပြီး အရေပြားတွေ လန်နေတယ်။ ခြေသည်းပိုးက တော်တော် ဆိုးတယ် ။ ဦးလေးလည်း အဲ့လိုဖြစ်လာတယ် ။ အဲ့ဒါ ဘာဆေးထည့်ရင် သက်သာနိုင်မလဲဆရာ ။ ဘယ်လို ကုပေးရမလဲ ။

လက်သည်း-ခြေသည်းကိုမှိုဝင်လာရင် အစမှာတော့ ဖြူ-ဝါဝါ အစက်အပျောက်လေး ဖြစ် လာပြီးနောက်တော့ အောက်ထဲ ဝင်လာလို့ အရောင်ပြောင်းလာ ၊ ထူလာ ၊ ကျွတ်ဆတ်လာ ၊ ပုံပြောင်း လာမယ် ။ ခြေသည်း-လက်သည်း ကြွတက်လာတဲ့ အဆင့်ရောက်ရင် Onychomycosis လို့ ဆေးစာ ကခေါ်တယ် ။ နာလာ ၊ အနံ့ပါရလာပြီ ။ သေခြာမကုရင် တသက်လုံးလို့ ပြောရမလိုနေမယ် ။ ကုရတာမလွယ်လှပါ ။

Fungus မှိုပိုးဆိုတာမျက်စိနဲ့ မမြင်ရဘူး ။ စိုထိုင်းတာ ကြိုက်တယ် ။ ကိုယ့်မှာအပေါက်-အပြဲ၊ အကွဲ-အရှ ရှိလာမှ အထဲဝင်လာတာ ။ သူနဲ့ဆင်တဲ့ Yeasts တို့ Molds တို့ကနေလဲရောဂါဖြစ်ပါတယ် ။ ချွေးထွက်များသူ ၊ ယောက်ျား၊ အသက် မငယ်သူ ၊ စိုထိုင်းတဲ့ အလုပ်လုပ်ရသူ၊ ခြေအိတ်-လက်အိတ် အမြဲဝတ်ထားရသူ၊ ဘာမှမစီးဘဲလမ်းသွားရသူ၊ ဆီးချို ရှိသူတွေမှာအဖြစ်များတယ် ။ Leukemia, AIDS နဲ့ အင်္ဂါအစားထိုးထားရသူတွေမှာလဲပိုဖြစ်တတ်တယ် ။

Terbinafine, Fluconazole and Itraconazole စားဆေးတွေ ပေးတယ်။
• Terbinafine (Lamisil) စားဆေး 250 mg ကိုတနေ့ ၁ လုံး၊ ဖြစ်ခဲ့တာ ကြာကြာသလိုသောက်ရမယ်။ ဥပမာ ၆ ပါတ်။ ဘေးထွက်ဆိုးကျိုးတွေကဝမ်းပျက်၊ ယား၊ အစာမကျေ၊ အနီပြင်ထွက်၊ အစားပျက်။
• Fluconazole (Diflucan) စားဆေးကို 150 mg တနေ့ ၁ လုံး၊ ဖြစ်ခဲ့တာ ကြာကြာသလိုသောက်ရမယ်။ ဥပမာ ၆ ပါတ်။ ဘေးထွက်ဆိုးကျိုးတွေကခေါင်းကိုက်၊ မူး၊ ဝမ်းပျက်၊ ယား၊ အစာမကျေ၊ အစားပျက်။
• Itraconazole (Sporanox) စားဆေးကို 200-400 mg တနေ့ ၁ ကြိမ်၊ ၂ ခါခွဲသောက်လဲရတယ် ။ ဖြစ်ခဲ့တာ ကြာကြာသလိုသောက်ရမယ်။ ဥပမာ ၆ ပါတ်။ ဘေးထွက်ဆိုးကျိုးတွေကဝမ်းလျှော-ဝမ်းချုပ်၊ လေထ၊ ခေါင်းကိုက်၊ မူး၊ ယား၊ အစာမကျေ၊ ပါးစပ်နာ၊ သွးဖုံးသွေးယို၊ ချွေးထွက်၊ ကြွက်သားနာ၊ အတူနေခြင်စိတ်နည်း၊ စိတ်ကျ၊ နှာစေး၊ အိပ်မက်မက် ။

Ezon-T Solution ဆေးထဲမှာTolnaftate, Triacetin တွေပါတယ် ။ Tolnaftateက ဖန်းဂတ်စ် (မှို) ဆေးဖြစ်တယ်။ cream, powder, spray, or liquid aerosolအမျိုးမျိုးနဲ့လာတယ်။ Jock itch ယောက်ျားဂျွတ်။ Athlete’s foot ကစားသမား ခြေထောက်။ ringworm ပွေးတွေအတွက်သုံးရတယ် ။ ခြေသည်း-လက်သည်း။ ဦးရေခွံမှိုရောဂါတွေ အတွက်လဲ သုံးနိုင်တယ်။ Tinactin, Odor Eaters, Absorbine, Aftate, Desenex, Genaspor, NP 27, and Ting နာမည်တွေနဲ့ ရောင်းတယ် ။

နောက်ပိုးဝင်တာရှိနေရင်လဲ နောက်ဆေးပေးရမယ်။ Ciclopirox (Penlac) ဆိုတဲ့ Antifungal nail polish ကိုလဲ သုံးနိုင်တယ်။ လိမ်းဆေးတခုထဲနဲ့ မရတတ်ပါ။ စားဆေးနဲ့ တွဲတာကောင်းတယ်။ သိပ်ဆိုးရင် ဖြစ်တဲ့ လက်သည်း-ခြေသည်းခွဲထုတ်ရတယ်။ Laser လေဆာနည်း၊ Photodynamic therapy အလင်းရောင်ပေး ကုနည်းတွေလဲရှိတယ် ။

အိမ်မှာတင် လုပ်လို့ရတာတွေလည်းရှိတယ် ။ Vinegar (ဗနီဂါ) ၁ ဆ၊ ရေ ၂ ဆ ထဲမှာ ၁၅-၂ဝ မိနစ်ကြာ၊ တပါတ်မှာ ၃ ကြိမ် စိမ်ထားရမယ်။ Vicks VapoRubကိုလဲလိမ်းလို့ရတယ် ။

ခြေသည်း-လက်သည်းတိုတိုထားပါ ။ ခြောက်သွေ့နေပါစေ ၊ တကိုယ်ရေ-သန့်ရှင်းရေးလုပ်ပါ ။ စိုတဲ့အလုပ်မှာ ရာဘာ လက်အိတ်-ခြေအိတ်သုံးပါ။ သင့်တော်တဲ့ ခြေအိတ်ရွေးသုံးပါ ။ ချွေးထွက်များရင် လဲပါ ။ ဖိနပ်မပါ ဘဲလမ်းမသွားပါနဲ့ ။ Manicure and Pedicure salon လက်သည်း-ခြေသည်း အလှပြင် ဆိုင်သွားရင် နာမည်ရတဲ့ဆိုင်သာသွားပါ ။ Nail polish and artificial nails အလှလုပ်တာ ၊ အတု လုပ်တာတွေ ရှောင်ပါ ။

Tinea Pedis Medication ခြေထောက်မှိုရောဂါဆေးများ
(၁) Topical imidazoles လိမ်းဆေးများ
• Clotrimazole 1% (Mycelex, Lotrimin) ၄ ပါတ်ကြာလိမ်းပါ။
• Econazole (Spectazole Topical)
• Ketoconazole topical (Nizoral)
• Miconazole topical (Monistat) 2% lotion, 2% cream
• Oxiconazole 1% cream (Oxistat)
• Sertaconazole nitrate cream (Ertaczo)

(၂) Topical pyridines လိမ်းဆေးများ (ဗက်တီးရီးယား) အတွက်လဲပါတယ်။
• Ciclopirox 1% cream (Loprox)

(၃) Topical allylamines လိမ်းဆေးများ
• Terbinafine 1% (Lamisil) ၁-၄ ပါတ်လိမ်းပါ။
• Naftifine 1% cream and gel (Naftin)
• Terbinafine topical (Lamisil) တပါတ်သာလိမ်းပါ။

(၄) Topical benzylamines လိမ်းဆေးများ
• Butenafine (Mentax) တပါတ်သာလိမ်းပါ။

(၅) Oral antimycoticsစား ဆေးများ၊ လိမ်းဆေးနဲ့မရမှသောက်ပါ။ ခုခံအားနည်းသူ၊ ဆီးချိုရှိသူ၊ အသက်သိပ်ကြီးသူတွေကို ပေးနိုင်တယ်။
• Itraconazole (Sporanox)
• Terbinafine (Lamisil, Daskil)
• Fluconazole (Diflucan)

(၆) Dermatological agents တခြားဆေးများ၊ မှိုဆေးတွေနဲ့ တွဲသုံးနိုင်တယ်။
• Aluminum acetate (OticDomeboro, Burow's Solution)
• Ammonium lactate lotion (Lac Hydrin) 12% lotion
• Urea, topical (Carmol-40, Keralac) 10-40% concentration

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pg/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ