ပျိုမေများ ပိုမို လှပါလို ပါသလား


ထိုင်ထ၊ တင်သားအလှချည်းအတွက် လေ့ကျင့်ခန်းများသာမက လက်မောင်း၊ ပခုံး၊ ဗိုက်သားလေ့ကျင့် ခန်းများကိုပါ ပြုလုပ်ပေးသင့်ပါတယ် ။ တခြားသော လေ့ကျင့်ခန်းများ ဖြစ်တဲ့ ပြေးခြင်း ၊ အေရိုးဗစ် ကစားခြင်းများကိုလည်း ပြုလုပ်ပေးပါ ။

အောက်ပါအဆင့်များအတိုင်းလေ့ကျင့်ခန်းများ လုပ်ဆောင်ပါ ။

(၁) ကြမ်းပြင်ပေါ်မှောက်အိပ်လိုက်ပါ ။ မျက်နှာကို လက်ပေါ်ခေါင်းအုံးပြီး ဆန့်ထား တဲ့ခြေထောက်ပေါ် နောက်ခြေ တစ်ဖက်တင်ပြီးကွေးပါ ။ ဒူးတစ်ဖက်ကိုကွေးပြီး တင်တဲ့အချိန်မှာ တင်သားကို ကြမ်းပြင်ပေါ်မှ မကြွစေပါနဲ့ ။  တစ်ဖက်ပြီး တစ်ဖက်ပြုလုပ် ပေးပါ ။ အကြိမ်ရေကို ကိုယ်နိုင်သလောက် ပြုလုပ်ပေးပါ ။ ဒီလေ့ကျင့်ခန်းဟာ လှုပ်ရှားမှု နည်းသလောက် တင်သားအလှကို ကောင်းစွာပုံဖော်ပေးနိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ် ။

(၂) ဒီလေ့ကျင့်ခန်းကတော့ ကိရိယာလွတ်လေ့ကျင့်ခန်းမဟုတ်ပါဘူး ။ ၅-၈ ပေါင် (dumbbells) တစ်စုံလောက် လိုအပ်ပါတယ် ။ ခြေကို အနည်းငယ်ခွဲပြီးရပ်ပါ ။ ဒမ်ဘဲကို ပေါင်ရှေ့မှာချထားပြီး မတ်မတ်ရပ်နေပါ ။ ဒူးကို အနည်းငယ်လောက်သာညွတ်ပြီး ခါးကိုသာ အဓိကထား ရှေ့ညွတ်ပြီး ကွေးချပါ ။ ဒမ်ဘဲကိုင်ပြီး ထိုင်ထလုပ်ပေးပါ ။ လုပ်တဲ့ အခါမှာ ခြေထောက်ကို ဒမ်ဘဲနဲ့မထိခိုက်စေဖို့ သတိပြုပါ ။

(၃) ကြမ်းပြင်ပေါ် ပက်လက်လှန်အိပ်ပြီး ဒူးနှစ်ဖက်ကို မြှောက်လိုက်ပါ ။ ခြေဖဝါးနှစ်ဖက်ချင်း ထိကပ်နေပါစေ ။ ခြေဖဝါးချင်း ကပ်လျက်မှ ဘေးနှစ်ဖက်ကို ဆန့်ခွဲလိုက်ပါ ။ ကျယ်နိုင်သမျှ ကျယ်ကျယ်လေးခွဲပေးပါ ။

(၄) ကြမ်းပြင်ပေါ် လေးဖက်ထောက်အနေအထားနဲ့ ခြေထောက်တစ်ဖက်ကို ကွေးပြီး ဘေးဘက်ကို ဆန့်ထုတ်ပေးပါ ။ တစ်ခါလုပ်ရင် (၁၅) ကြိမ်ခန့်ပြုလုပ်ပေးပါ ။ ဒီလေ့ကျင့်ခန်းကို ပြုလုပ်တဲ့အခါမှာ ခြေထောက်ကိုဆန့်ရင် ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ငြိမ်ငြိမ်လေးထိန်းထားပေးပါ ။

(၅) ကြမ်းပြင်ပေါ် ပက်လက်အိပ်လျက်အနေအထားမှာ ဒူးတစ်ဖက်ထောင် ခြေတစ်ဖက်ဆန့်ပေးပါ ။ ဆန့်ထားတဲ့ခြေကို အပေါ်ကို ဆန့်ဆန့်အနေအထားနဲ့ မြှောက်ပေးပါ ။ ခြေထောက်ကို မြှောက်တဲ့အခါမှာ ခါးနဲ့ကျောပါ တစ်ဆက်တည်း ကြွပေးသွားပါ ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ