အိပ်စက်ချိန် ကြာမြင့်ပါက အသက်တိုစေနိုင်


အိပ်ရေး ဝအောင် အိပ်စက်ခြင်းသည် လူခန္ဓာကိုယ်အတွက် ကောင်းမွန်သော်လည်း အိပ်စက် လွန်သွားပါကလည်း ကျန်းမာရေးကို ထိခိုက်စေသည့်အပြင် သက်တမ်းစေ့နေနိုင်ရန် အခွင့်အလမ်း နည်းပါးကြောင်း သုတေသီတို့မှ လေ့လာတွေ့ရှိခဲ့ကြောင်း သိရသည် ။

လူအများ၏ အိပ်စက်ချိန်များကို သြစတြေးလျနိုင်ငံရှိ ဆစ်ဒနီ တက္ကသိုလ်ရှိ ပညာရှင်များမှ လေ့လာ ခဲ့ပြီးနောက် ယခုလို အိပ်စက်ချိန် လွန်ကဲပါကလည်း လူ့အသက်ကို တိုစေနိုင်သည့်အပြင် ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း လေ့ လာတွေ့ရှိခဲ့ပြီး လူတစ်ဦးလျှင် အနည်းဆုံး အိပ်စက်ချိန် ၈ နာရီ အိပ်စက် သင့်သော်လည်း ၁၀ နာရီနှင့် အထက် အိပ်စက်သူများတွင် ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါနှင့် ဦးနှောက်နှင့် ပတ်သက်သည့် ရောဂါ များကို ရရှိစေနိုင်ကြောင်း ဆစ်ဒနီ တက္ကသိုလ်မှ ပညာရှင်များမှ ထုတ်ပြန်ကြေညာခဲ့ကာ အိပ်စက်ရုံတင်မက အချိန် ကြာမြင့်စွာ ထိုင်ခြင်းသည်လည်း အိပ်စက်ခြင်း နည်းတူ လှုပ်ရှားမှု သိပ်မရှိသည့်အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အပြင် လူတစ်ယောက်က တစ်ပတ် လျှင် အနည်းဆုံး ၂ နာရီလောက် ကိုယ်လက် လှုပ်ရှားမှုတွေ ပြုလုပ်သင့်ပါတယ်။

ကိုယ်လက် လှုပ်ရှားမှု မရှိပဲ အချိန်ကြာမြင့်စွာ နေထိုင်ရင်လည်း လူသက်တမ်းစေ့နေနိုင်ဖို့ မဖြစ်နိုင်ပါဘူးဟု ဆစ်ဒနီ တက္ကသိုလ်မှ သုတေသန ပညာရှင် Dr. Jame မှ ပြောကြားခဲ့ကြောင်း သိရသည် ။ သြစတြေးလျနိုင်ငံ ဆစ်ဒနီ တက္ကသိုလ်ရှိ ပညာရှင်များမှ လူပေါင်း ၂ သိန်းကျော်ကို ၅ နှစ်ကြာ လေ့ လာခဲ့ပြီးနောက် ယခုလို လေ့လာတွေ့ရှိခဲ့ပြီး အိပ်ချိန် ကြာမြင့်ခြင်း ၊ ထိုင်ချိန် ၇ နာရီထက် ပိုသူများနှင့် တစ်ပတ်လျှင် ၂ နာရီခန့် ကိုယ်လက် လုပ်ရှားမှု မပြုလုပ်သူများသည် လူဘဝ၌ သက်တမ်းစေ့နေနိုင်ရန် ရာခိုင်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှိခဲ့ရကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ