အရေပြားကို ခြောက်သွေ့ခြင်းမှ ကာကွယ်ရန် အစားအသောက်ကို ဂရုပြု ဆင်ခြင်သင့်
အသား အရေ ခြောက်သွေ့ခြင်းသည် လူကို ညိုးနွမ်းသည့် ပုံစံပေါက်စေသည့် အတွက် အသား အရေ ခြောက်သွေ့သူများနှင့် အရေပြားကို လှပစေချင်သူများအတွက် အစားအသောက်ကို ဆင်ခြင်သင့်ပြီး ဗီတာမင် C ကြွယ်ဝသည့် အစားအသောက်များကို စားသုံးသင့်ကြောင်း အရေပြား ဆရာဝန်များမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံရှိ အရေပြား ဆရာဝန်တစ်ဦးမှ အရေပြား ခြောက်သွေ့ခြင်းမှ ကာကွယ်နိုင်ရန်အတွက် စတော်ဘယ်ရီ ၊ ပဲနီလေး ၊ ကမာကောင် ၊ နေကြာစေ့ ၊ ဆော်လမွန်ငါး ၊ ကိုက်လန်ရွက်များကို စားသုံးသင့်ကြောင်း ထုတ်ပြန်ကြေညာထားပြီး စတော်ဘယ်ရီတွင် အရေပြားကို ကြယ်လင် လန်းဆန်းစေသည့် ဗီတာမင် C ကြွယ်ဝစွာ ပါဝင်သည့် အတွက် တစ်နေ့ ၈ လုံးခန့် စားသုံးပေးခြင်းဖြင့် အရေပြား ခြောက်သွေ့ခြင်းမှ ကာကွယ်နိုင်ပြီး ကမာကောင်နှင့် ဆော်လမွန်ငါးသည်လည်း ဇင့်နှင့် ဗီတာမင် C ဓါတ် များစွာ ပါဝင်သည့်ကြောင့်လည်း အရေပြားကို ခြောက်မွေ့ ကောင်းမွန်စေကာ ပဲနီလေးနှင့် နေကြာစေ့သည်လည်း ဗီတာမင် C နှင့် ဗီတာမင် E ကြွယ်ဝစွာ ပါဝင်သည့်အတွက် အရေပြားရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သည့် ဓာတ်များစွာ ပါဝင်ပြီး ကိုက်လန်ရွက်ကို တစ်ပတ်လျှင် ၂ ရက်ခန့် စားသုံးပေးခြင်းဖြင့် အရေပြား ပွန်းပဲ့ခြင်း၊ ထိခိုက်ခြင်းများကို အလျင်အမြန် သက်သာပျောက်ကင်းစေနိုင်ကြောင်း အမေရိကန် အရေပြား ဆရာဝန် Tanya Zuckerbrot မှ ပြောကြားခဲ့ကြောင်း သိရသည် ။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin