အ၀လွန်သူများ ပိုမို အမေ့လွယ်တတ်သလား၊


အ၀လွန်ခြင်း ၊ ကိုယ်အလေး ချိန် ပုံမှန်ထက် များနေခြင်းကြောင့် ဖြစ်သော ဆိုးကျိုးများထဲတွင် ဆီးချို၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ နှင့် လေဖြတ်ခြင်းအန္တရာယ်တို့ ပါဝင် သည်ကို အများစုက သိရှိထားပြီးဖြစ် သည် ။ ယခုအခါ ယင်းဆိုးကျိုးများ ထဲတွင် မှတ်ဥာဏ်ပိုင်းဆိုင်ရာ ချို့ ယွင်းလာမှုကိုလည်း ထည့်သွင်းလေ့ လာနိုင်မည် ဖြစ်သည်။ UK နိုင်ငံ ကိန်းဘရစ်ခ်ျ တက္ကသိုလ်မှ ပြုလုပ် သော သုတေသနတွင် ကိုယ်အလေး ချိန် ပုံမှန်ထက်များနေသော အ၀လွန် နေသော လူလတ်ပိုင်းအရွယ်ရှိသူများသည် အခြားသော ရွယ်တူကျန်းမာ သည့်သူများနှင့် ယှဉ်ကြည့်ပါက မှတ်ဥာဏ်မှတ်သားနိုင်မှုတွင် အား နည်းမှုများရှိနေကြောင်း တွေ့ရှိခဲ့ သည်။

အသက် ၁၈-၃၅ နှစ်အရွယ် ရှိ လူငယ်လူရွယ် အယောက် ၅၀ ခန့်က BMI (ကျန်းမာရေး စံနှုန်း အညွှန်းကိန်း) များ တိုင်းတာခြင်းနှင့် အတိတ်က ဖြစ်ရပ်များအား မှတ်မိ နိုင်စွမ်းကို တိုင်းတာခြင်းတို့ကို ပြု လုပ်ခဲ့ခြင်းဖြင့် သုတေသန ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည် ။ BMI များလာသည်နှင့်အမျှ မှတ် ဥာဏ်စွမ်းရည် ကျဆင်းလာသည်ကို တွေ့ရှိခဲ့ပြီး သုတေသနပညာရှင်များ က ယင်းကဲ့သို့ ရလဒ်များသည် မှတ်ဥာဏ်များကိုဖန်တီးခြင်းနှင့် ပြန် လည် အသုံးပြုနိုင်ရန်အတွက်လုပ် ဆောင်ခြင်းတို့ကို တာဝန်ယူထားရ သည့် မှတ်ဥာဏ်အစိတ်အပိုင်းတွင် ဖွဲ့စည်းမှုနှင့် လုပ်ဆောင်မှုပိုင်းဆိုင် ရာ ပြောင်းလဲမှုများသည် BMI များ နေခြင်းကြောင့် ဖြစ်သည်ကို ညွှန်ပြ နေခြင်းပင် ဖြစ်သည်ဟု ပြောကြားခဲ့ ပါသည် ။

Dr A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ