ညစ်ညမ်းတယ်တဲ့လေ
Reproduction လို့ဆိုလိုက်တာနဲ့ မြန်မာတွေ ပြုံးစိစိနဲ့ရှက်ကိုးရှင်ကန်းဖြစ်ကုန်ကြတယ် ။
ဆယ်ကျော်သက်လေးတွေ ကြက်သီးထလို့ ပြုံးယောင်သန်းကုန်ကြတယ်။ ဟုတ်ပါတယ် ။
မိရိုးဖလာထုံးတမ်းတွေနဲ့နေတာ ကြာတော့ ကျနော်တို့တွေစိတ်ထဲမယ် လိင်ကျန်းမာရေးပညာပေးဆို ရင်ထဲကရှက်သလိုလို ကြောက်သလိုလို ငယ်ငယ်က လိင်အကြောင်းအိမ်မှာမပြောရ ညစ်ညမ်းတယ် တဲ့လေ ဟုတ်ပြီ ကျနော်တို့ ကလေးတွေကိုသင်ပေးရမှာ လိင်ကျန်းမာရေးပါ လိင်ဆက်ဆံရေးမဟုတ်ပါဘူး
ဆယ်ကျော်သက်တို့မည်သည် စမ်းသပ်ချင်တယ် ။ စမ်းသပ်လိုတယ် ။ သိလိုတယ် စမ်းလိုတယ်။
ဒါပေမဲ့ လမ်းလွဲနေကြတယ်။ အိမ်ကိုမပြောရဲတော့ ခိုးလုပ်ကြတယ် ။ မီဒီယာတွေက ပေါတော့ ညစ်ညမ်း ဗီဒီယိုတွေပေါ်လာတယ် ။ ကြည့်ကြတယ် ။ ပြီးတော့လက်တည့်စမ်းကြတယ်လေ ။
အာသာဖြေတာဘာလဲမေးရင် ၈တန်း ယောကျာ်းလေးလောက်ဆို သိလောက်ပါပြီ ။ ဖြေတတ်လား
ဖြေတတ်တယ် ။ ဘယ်လိုဖြေလဲသိလား သိတယ် ။ ကောင်းလား ဆိုတော့ ရယ်ကျဲကျဲ
ကောင်းလားဆိုတာ ကျန်းမာရေးကိုမေးတာ ။ ဒါလုပ်သင့်တယ်ထင်လားဆိုတော့ ဘာမှမဖြေတတ်ကြ
ပိုဆိုးတာက အမျိုးသမီးတွေ အာသာဖြေလားမေးရင်တအားရှက်တာပါ သူလဲသွေးနဲ့သားနဲ့ ဆန္ဒနဲ့ပဲလေ
ဆန္ဒဖြစ်လာတာကို ဘယ်လိုမှ ထိန်းလို့မရဘူး ဒီမှာ စားဖားကြီးတွေနဲ့တွေ့ ကိုကို တွေနဲ့တွေ့တော့ ပျိုပျို ခမျာ ထိန်းမနိုင်သိမ်းမရ ဆန္ဒအရ လွန်ကြပါပေါ့ ။ အပြစ်မဟုတ်ပါဘူး ။ အပြစ်လဲဆိုလို့မရဘူး ။
အပြစ်မဲ့ပန်းလေးတွေလေ ကိုယ့်အကြောင်းကိုယ်သိသင့်တယ် ။ ဆန္ဒကိုမလွန်ဆန်နိုင်ရင် ဆန္ဒနောက်ကို လိုက်ပါ ။ ပညာနဲ့သတိပါကပ်ပါစေ ။ အာသာဖြစ်လာရင် ဖြေဖျောက်လိုက်ပါ ။ အန္တရာယ်ရှိတာတွေတော့ မလုပ်ပါနဲ့ ။ ယောကျာ်းလေးတွေနဲ့တွေ့မှ ပျိုပျို အရှက်ပိုကွဲပါ့မယ်။ သဘာဝနဲ့အညီ အာသာဖြေတာ မျိုးကိုတော့ မတားချင်ပါဘူး။ စိတ်ဆန္ဒကိုဦးစားပေးတဲ့အရွယ်တွေမို့လို့ ဒါတွေဟာ တတ်သင့်တယ်။
တစ်နေ့တစ်ချိန် မိသားစုကို ဦးဆောင်မဲ့လူငယ်တွေ ဒီပညာလေးတော့တတ်စေချင်တယ်။
သင်ပါတယ် ။ ဘဝတွက်တာ ဆိုတာကြီး သင်ပေးတဲ့ဆရာမ က အပျိုကြီး ။
ကဲရှင်းရော ။ ဒီလိုမလုပ်နဲ့လို့သင်ရမဲ့အစား ။ ဒီလို လုပ်ရင် ဒါဖြစ်နိုင်တယ်လို့သင်ကြားပေးရမယ်။
ဆယ်ကျော်သက်တွေအရွယ်မှာ ဖွံ့ဖြိုးသင့်တာ ဖွံ့ဖြိုးလာမယ် ။ အမျိုးသမီးတွေမှာ ရင်သားနဲ့ တင်ပါး ဖွံ့ဖြိုးလာတယ် ။ အမျိုးသားတွေမှာ လိင်အင်္ဂါ ပြောင်းလဲမှု လည်စလုတ်ထွက်လာမှု
အသံပြောင်း ဒါတွေကြုံ ရမယ်။
အဲ့ဒီမှာ ဇာတ်လမ်းက စပြီ ။ ကိုယ်တော်ချောတွေက နဲနဲ လှုပ်ချင်လာပြီ ။ အာသာဖြေတာ အကောင်းဆုံးနည်းလမ်းလို့ပြောပါရစေ ။ အန္တရာယ်ကင်းတယ် ။ တန်ဆေးလွန်ဘေးတဲ့
ဆေးလို သုံးရင် ဘာဖြစ်မတဲ့လဲ ဆန္ဒကို လိုက်လျောသင့်သည် အထိ လိုက်လျောတာပဲ အမျိုးသမီးတွေ နဲ့  မဟုတ်တဲ့အတွက် မလိုလားအပ်တဲ့ဟာတွေမရှိတော့ဘူး ရောဂါဘယ ကင်းမယ် ။ ဟိုးခေတ်ကပြောတဲ့ မြုံ မယ် ဟိုဒင်းသေမယ် ။  ဉာဏ်ရည်ထိခိုက် မျက်စိမှုန် ခါးကိုင်း နားထိုင်းဆိုတာ အလကားတွေ ။ ဒါပေမဲ့ သိထားပါ တန်ဆေးလွန်ဘေး ဒါပေမဲ့ ကိုယ်တော်ချောတွေ ကိုယ်တော်ချောမတွေဟာ ဒါနဲ့ အငြိမ်မနေ ဘူးလေ ပန်းကလေးများပွင့်တော့မည်ဆိုသလို ပွင့်ချင်လာတယိ ။ ဟုတ်ပြီ ။ ကိုကိုတွေဟာ လက်တည့် စမ်းတော့ တွေ့ကရာနဲ့မစမ်းဖို့လိုမယ် ။ ရှောင်နိုင်ရင်ရှောင် မရှောင်နိုင်ရင် အမြဲဆောင်ပေတော့
ကွန်ဒုံးသုံးကိုသုံးရမယ် ။ ဘယ်နှစ်ခါ ဆက်ဆံ ဆက်ဆံ ကွန်ဒုံးသုံးရမယ် ။ အပေါက်အပြဲ ရက်လွန် ဒိတ်လွန် အစိုးရိမ်လွန်လို့ နှစ်ခါထပ်သုံးတာတွေရှောင်ရမယ် ။ ကွန်ဒွန်အသံကြားရင် ရယ်ကြတယ်
ဟိဟိနဲ့ မရယ်ပါနဲ့ အဲ့ဒီ ဘာမဟုတ်တဲ့ ဟာလေးက သူရှိရင်ပျော်ရွှင်ခြင်းလဲပေးနိုင်သလို မရှိရင်တော့
ဘဝများစွာကိုလဲပျက်ဆီးသွားစေနိုင်ပါတယ် ။ ကျနော် ကွန်ဒွန်နဲ့ပတ်သက်လို့ ဟောပြောဘူးပါတယ်
ဆစ်ဖလစ် ဂနို စအိုဝနဲ့ဆက်ဆံတယ် ဗဂျိုင်းနား လို့ခေါ်တဲ့ မမျိုးပြွန်တစ်လျှောက် ကပ်ပါးကောင်တွယ်မယ်
ရေယုန် အသည်းရောင်အသားဝါ ဘီ ပါးစပ်နဲ့ဆက်ဆံတယ်။ ဒါမှမဟုတ် HIVဝင်လာတယ် မက်ခရုပေါက် မယ် ကူးစက်အလွန်မြန်ပါတယ် ။ ဆစ်ဖလစ်ကိုအထင်မသေးရ နှလုံးကြွက်သားထူ သွေးကြောကွဲထွက်
ဦးနှောက်ထဲရောက်ရင် General paresis of insaneလို့ခေါ်တဲ့ရူးနှမ်းတာဖြစ်မယ် မွေးတဲ့ကလေး မှာက အစ မကျန်းမာနိုင်ဘူး ကဲဒီတော့ ဆောင်ကြပေါ့ ဒါဆိုကိုယ့်ရည်းစားနဲ့ပျော်ခိုက်ဆောင်စရာလိုလား ။
ပျိုပျိုတို့ရေ ဆောင်သာဆောင်ခိုင်းပါ ။ ကိုကို က ပျိုပျို ဘယိနှစ်ယောက်ရှိမှန်းမသိနိုင်ဘူးလေ ။
ဒါ့အပြင် အကာအကွယ်မဲ့ လိင်ဆက်ရင်
၁။မလိုလားအပ်တဲ့ကိုယ်ဝန်ရမယ်။
၂။မင်္ဂလာဆောင်မှာလား ဆောင်ရင် ငယ်ငယ်လေးနဲ့ ကလေးအဖေ အမေဖြစ်မယ်။
ဒါဆို အိမ်ထောင်ရေးမှာ ထိန်းသိမ်းရသိပ်ခက်မယ်။
၃။မဆောင်ဘူး ဖျက်ချမယ် အမလေး မလုပ်လိုက်ပါနဲ့ အောက်မှာပြောပြမယ်ဆိုးကျိုးတွေ ကိုကို့ ကို စောစောစီးစီးနပြောမိ ကိုကိုကလဲ ဖေဖေ မဖြစ်လိုသေး ကဲ ပျိုပျို ဖျက်ချတော့မယ်။
တချို့က လူးဆေးတွေလူးတယ် ပိုတက်ဆီယမ်ပါမင်ဂနိတ်တွေ စားမယ် လောင်မယ် ကလေးရဲ့ ဆီးလမ်းကြောင်းပျက်ဆီးမယ်။ မေမေလဲသေသွားနိုင်တယ် ဒါဆိုဆေးတွေရှိတာပေါ့ ငှက်ဖျားဆေးသောက်တဲ့လူနဲ့ သွေးပုပ်ချဆေး ဘူးလိုက်သောက်တဲ့လူနဲ့ မလုပ်ပါနဲ့မေမေရယ်
သားသားတင်ဘယ်ကမလဲ သွေးပုပ်ဆင်း သွေးပုပ်ယိုရုံမက သွေးကောင်းတွေပါယိုကုန်မယ်
သွေးလွန် သွေးလန့် သွေးထိတ် သွေးပေါင်ထိန်းမရ လန့် တက်မေ့မြောပြီးသေနိုင်တယ် တချို့များ ရက်စက်ပါပေ့ အသီးတွေရဲ့ အစေ့ အဆံတွေ တိရစ္ဆာန်ချို တွေကို မွေးလမ်းကြောင်းထဲထည့်တယ်
အတင်းထိုးတယ် မေမေမှာကြီးစွာသောဝေဒနာခံစားရမယ် သေတဲ့သန္ဓေသားဟာ ပုပ်လာမယ်
မေမေကိုယ်တိုင် မအီမသာ ပိန်ချုံးလို့ မကြာခင်သေဆုံးမယိ ရက်စက်ပါပေ့ တချို့များ ဆပ်ပြာရေလောင်း
သံချွန်နဲ့ထိုး ဝါးချွန်နဲ့ထိုး ဘာတွေဖြစ်မလဲ ထိုးလိုက်လို့လေဝင်ပြီး သွေးကြောတွေကြားလေနဲ့ ပိတ်သွာတဲ့Air embolismsဖြစ်တတ်တယိ သွေးထွက်မယ် ရှော့ခ် ရမယ် မသန့်တော့ပိုးဝင် ဝင်တာက အများကြီး
ဖျား တက် သွေးလွန် ဒါ့အပြင် ဘက်တီရီးယားပိုးဟာ တစ်ကိုယ်လုံးကိုပြန့်နှံ့ ပြည်ကထွက် အရှေ့က ဆီးအိတ်ကိုထိပြီးကွဲထွက်နိုင်သလို နောက်တစ်ခါ ကလေးလိုချင်မှ မရတော့တာတွေရှိမယ် အဆုတ်သွေးကြော မကြီး ပိတ်တာ တွေဖြစ်မယ် မေးခိုင်ပြီးနောက်ဆုံးသေမယ် မလုပ်ပါနဲ့ ။ လုံးဝမလုပ်ပါနဲ့ ။  ယောင်လို့တောင်စိတ်မကူးပါနဲ့ ဗုဒ္ဓဘာသာအရလဲမကောင်းဘူး ရင်သွေးလေးကို မရက်စက်ပါနဲ့ ။
ဖြူစင်တဲ့ကလေးကို လူလားမြောက်ခွင့်ပေးလိုက်ပါ ။ ဥပဒေအရလဲထောင်ချခွင့်ရှိပါတယ် ။
ဒါ့ကြောင့်ပျိုပျို ရေ ဆောင်သာဆောင်ပါလို့ ဟုတ်ပြီ နှစ်ကိုယ်တူ ကြည်ဖြူ လို့ ကိုယ်ဝန်ယူမယ်လေ
ကိုယ်ဝန်ဆောင်စဉ် မွေးစဉ် မွေးပြီးစောင့်ရှောက်မှုခံယူရမယ် ကျန်းမာရေးဝန်ထမ်းနဲ့အတူ ပူးပေါင်းဆောင် ရွက်ရမယ်။ အိမ်မှာမွေးချင်လား ရတယိ သန့်စင်တဲ့ အပ် ဓား စသည်ကိုပြင်ဆင်ထားရမယ်။ ရေနွေးနဲ့ သေချာပြု တ် ပိုးသန့်စင်ထားရမယ် မွေးမဲ့အခန်းကို ဖေဖေကြီးက ပြင်ပေးထားပေါ့ ကောင်းပြီ မမကိုယ်ဝန်ဆောင်က ဘာတွေလုပ်ရမလဲ ကိုယ်ဝန်အပတ်၂၀ မတိုင်ခင် ကျန်းမာရေးဋ္ဌာနကို လာရောက်ပြသရမယ်။ ၂၈ ပတ်အထိ တစ်လတစ်ကြိမ် ၃၂ ပတ်အထိ ၂ပတ်တစ်ကြိမ် ၃၂ပတ် ကနေ မွေးသည်အထိ တစ်ပတ်တစ်ကြိမ် ပြသရမယ် ကိုယ်အလေးချိန် ပုံမှန်ချိန်ရမယ်။ ကလေးကို ဘယ်လိုမွေးမှာလဲ ဘယ်လိုလဲ မွေးလွယ်လား မလွယ်လားသိရမယ် ကိုယ်ဝန်ဆိပ်နဲ့ပတ်သက်လို့ သိထားရမယ် အန္တရာယ်ရှိတယ်ဆိုရင် ဆေးရုံမှာပဲမွေးရမယ်။ တစ်ခါတည်း မေးခိုင်ကာကွယ်ဆေး ထိုးပေးမယ် ။ အားဆေးတွေပေးမယ်လေ ။ iron,folic acid, B12 စတာတွေပေါ့ ပြီးရင် ကောင်းကောင်း အိပ် ကောင်းကောင်းအနားယူ မူးမော် သွေးသွန် သွေးပေါင်တက် စတာတွေဆို ချက်ချင်း ကျန်းမာရေးဋ္ဌာန ကိုပြေးလာရမယ် ပြီးတော့ HIV ဆစ်ဖလစ်စစ်တယ် မကြောက်ပါနဲ့ ယုံကြည်ပါတယ် ရှိနေမှာစိုးလို့လေ
ရှိနေလဲ သားသားကို မကူးအောင် ကာကွယ်ပေးမှာပေါ့ မွေးနေစဉ်မှာ ကျန်းမာရေးဝန်ထမ်းနဲ့မွေးရမယ်
ဖွားဖွားလက်သည်ကြီးကလဲ အန္တရာယ်ရှိရငိဆေးရုံတက်ဖို့ပြောရမယ်။ ပိုးသတ်ထားတဲ့ပစ္စည်းတွေသုံးရမယ်
သေချာသုံး သေချာမွေးရမယ်။ မွေးပြီးရင် အချင်းမထွက် သွေးလွန် သွေးသွန် အချင်းရှေ့ရောက် အချင်းရှေ့လွန် စတာတွေဆို ချက်ချင်းဆေးရုံသွား သားသားလေးကို Weightအမြဲချိန် ကာကွယ်ဆေးတွေ ထိုးဖို့လဲမမေ့နဲ့ဦး ဟုတ်ပြီ ကိုယ်ဝန်မလိုချင်သေးဘူးဘာလုပ်ရမလဲ မိသားစုစီမံချက်နဲ့ သားဆက်ခြားရေး လုပ်ရမယ်။ လက်မောင်းထဲ ဆေးထည့်တာ ၃လခံဆေးထိုးတာ ကွန်ဒွန်သုံးတာ ၂၁ရက်ဆေး သုံးတာ လုပ်နိုင်တယ် ။ ရက်ရှောင်နည်းလေးတွေသိထားပေါ့ ကိုကို့ ကို အလိုမလိုက်နဲ့ မီးနီပြထား ကို့ကို့ ကို စည်းကမ်းလေးနဲ့ချစ်ကြပါ ။  အစိုးရဆေးအဖွဲ့က သားကြောဖြတ်ပေးနိုင်တယ် ။ ဒါပေမဲ့ ဘုတ်အဖွဲ့နဲ့ဆုံးဖြတ်ပြီး အရည်အချင်းနဲ့ကိုက်ညီမှလုပ်ပေးတယ် အပြင်မှာ ပြီးဆီးသွားတာတွေ
မထိတထိ သွားကစားတွေ မလုပ်ပါနဲ့ ကွန်ဒွန်သုံးပါ Ecee2; levonoges; စတာတွေက စိတ်ချရလား
မလုပ်ပါနဲ့ အရမ်းအရေးပေါ်သည်ကလွဲလို့ပါ ဆိုးကျိုအင်မတန်များတယိ အချိန်မှန်သောက်ရတယ် အမြဲ မသောက်သင့်ဘူး မသုံးစွဲသင့်ဘူး အသည်းကင်ဆာ အသည်းရောဂါအထိဖြစ်နိုင်တယ် ရာသီမမှန် ရာသီလွဲတွေဖြစ်တတ်တယ် ။ ရင်သားကင်ဆာ သားအိမ်ခေါင်းကင်ဆာ စတာတွေဖြစ်နိုင်လို့ မသုံးကြပါနဲ့
ဒီအစား အရင်ဆုံးကွန်ဒွန်သုံးခြင်း ခံဆေးထိုးခြင်း လက်မောင်းအောက်သွင်းခြင်းကို အရင်စဉ်းစား သင့်ပါတယ်။ အရေးပေါ်တားဆေးကို မသုံးစေချင်တာထက် မသုံးတာပိုကောင်းတယ်လို့ဆိုလိုချင်တာပါ
ဒါပေမဲ့ အရေးပေါ်ရင်တော့သုံးစွဲရမှာပါပဲ ရှောင်ထွက်လို့မရသလို ဖျက်ချတာထက်တော့ တော်သေးပါတယ်
ကဲကဲ ကိုကိုနဲ့ပျိုပျို စိတ်ချလက်ချ ချစ်နိုင်ကြပါစေဗျာ ။
ယုံတမ်းစကားမဟုတ်သလို တကယ်ဖြစ်ပျက်နေတာတွေပါ ဖြီးဖြန်းတာမပါသလို
ကျနော် ခုမှ final part 2 MBBSဖြစ်တဲ့ အတွက် မပြည့်စုံရင်ခွင့်လွှတ်ပါ ။
#မောင်ညဏ် ( မြန်မာစာ)
Health Guide
https://www.facebook.com/healthguidemyanmar
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Sponsors
အနုပညာရှင်နှင့် လူသိများသူများ
အားကစား သတင်များ
နည်းပညာ သတင်းများ
Most Reading
အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ
သတင်းစာနှင့် ဂျာနယ်များ