မျက်ကပ်မှန် တပ်ဆင်သူများအနေဖြင့် မျက်ကပ်မှန် သန့်ရှင်းမှုကို အထူးဂရုပြုသင့်


မျက်ကပ်မှန်ကို ဖက်ရှင်တစ်ခုအနေဖြင့် အလှ တပ်ဆင်ခြင်းသော်လည်းကောင်း၊ မျက်မှန်မတပ်ခြင်းသူများအနေဖြင့်လည်း မျက်ကပ်မှန်ကို တပ်ဆင် အသုံးပြုလေ့ရှိရာ မျက်ကပ်မှန် အသုံးပြုများအနေဖြင့် မျက်ကပ်မှန်၏ သန့်ရှင်းမှုကို ဂရုစိုက်သင့်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် မျက်လုံး ကျန်းမာရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် IsightCornwall မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ၌ Carthew အမည်ရှိ မျက်ကပ်မှန် တပ်ဆင်သူတစ်ဦးသည် မျက်ကပ်မှန်ကို မည်သည့်အခါမှ ဆေးကြောခြင်း မရှိပဲ အိပ်စက်နေချိန်၊ ရေချိုးနေချိန်၌လည်း တပ်ဆင်ထားရာ ၎င်း၏ မျက်လုံးသည် တစ်ရက်ထက်တစ်ရက် ပိုမို နာကျင်လာခဲ့သဖြင့် ဘယ်ဖက် မျက်လုံးတစ်ခုလုံးကို ထုတ်ယူခဲ့ရကြောင်း IsightCornwall မှ ပြောကြားခဲ့ပြီး မျက်ကပ်မှန် တပ်ဆင်သူများအနေဖြင့် မျက်ကပ်မှန်ကို အစဉ်အမြဲ တပ်ဆင်ထားခြင်း မပြုပဲ အိပ်စက် အနားယူချိန်၊ ရေချိုး သန့်စင်ချိန်များ၌ ဖြုတ်ထားသင့်ကာ မျက်ကပ်မှန်ကို ဆေးကြောရာတွင်လည်း ရိုးရို ရေများဖြင့် ဆေးကြောခြင်းသည် ဘတ်တီးရီးယား ပိုးမွှားများ ပိုမိုဝင်ရောက်နိုင်သည့်အတွက် ရိုးရိုး ရေဖြင့် ဆေးကြောခြင်း မပြုရန်နှင့် မျက်ကပ်မှန် ဆေးရည်ဖြင့်သာ ဆေးကြောသင့်ကြောင်း IsightCornwall မှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၌ မျက်ကပ်မှန် တပ်ဆင်သူ ၄၁ သန်းကျော် ရှိပြီး မျက်ကပ်မှန်ကြောင့် မျက်လုံးများ နီရဲခြင်း၊ နာကျင်ခြင်းများဖြစ်ပေါ်လာသည့်အတွက် ဆရာဝန်များနှင့် ပြသရသည့် လူနာများသည်လည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာကာ မျက်ကပ်မှန်ကို အလှတပ်ဆင်ခြင်းများကို မပြုလုပ်ရန်နှင့် မျက်ကပ်မှန်ကို လိုအပ်မှာသာ တပ်ဆင် အသုံးပြုသင့်ကြောင်း IsightCornwall မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ