သွားဖုံးရောင်နာရောဂါကို သက်သာစေနိုင်မယ့် နည်းလမ်းကောင်းများ


 ကမ္ဘာပေါ်က အရွှယ်ရောက်ပြီးသူတော်တော်များများဟာ သွားဖုံးရောဂါဖြစ်တဲ့ သွားဖုံးရောင်နာဝေဒနာကို ခံစားရလေ့ရှိပါတယ်။ သွားဖုံးရောင်နာဆိုတာကတော့ သွားအနီးတဝိုက်မှာရှိတဲ့ ပျော့ပျောင်းတဲ့တစ်ရှူးတွေ ရောင်ရမ်းလာခြင်းဖြစ်ပါတယ်။ သွားဖုံးရောင်နာဝေဒနာခံစားရရင် မပေါ့ဆသင့်ပါဘူး။ ဘာကြောင့်ဆိုတော့ ဒီရောဂါကနေတစ်ဆင့် သွားတွေဆုံရှုံးနိုင်တဲ့အထိပါ ဖြစ်ပွားနိုင်တာကြောင့်ပါပဲ။

 သွားဖုံးရောင်နာဝေဒနာဟာ ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း ၊ အစာအဟာရနည်းပါးခြင်း ၊ ခြောက်သွေ့ခြင်း ၊ ဟော်မုန်းထုတ်လုပ်မှုမညီမျှခြင်း နဲ့ ဆီးချိုရောဂါရှိခြင်းတို့ကနေ ဖြစ်ပွားစေနိုင်ပါတယ်။ သွားဖုံးရောင်နာဝေဒနာကို ကုသနိုင်တဲ့နည်းလမ်းတွေ များစွာရှိတဲ့အထဲက လွယ်ကူသက်သာစေနိုင်တဲ့ နည်းလမ်းများကို ဖော်ပြပေးသွားပါမယ်။

 ပထမဆုံးအနေနဲ့ ဖော်ပြပေးချင်တဲ့ သွားဖုံးရောင်နာဝေဒနာကို သက်သာစေနိုင်တဲ့အရာကတော့ ရှားစောင်းလက်ပတ်ပင်ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ပင်က အဆီကိုထုတ်ယူပြီး သွားဖုံးနာနေတဲ့နေရာကို လိမ်းပေးခြင်းအားဖြင့် သွားဖုံးရောင်ဝေဒနာကို တော်တော်လေး သက်သာသွားစေနိုင်ပါတယ်။

 နောက်ထပ်နည်းလမ်းအဖြစ် တမာရွှက်ကိုသုံးစွဲခြင်းကို ဖော်ပြပေးသွားပါမယ်။ တမာရွှက်မှာ သွားဖုံးရောင်နာရောဂါကို အဓိကဖြစ်ပွားစေနိုင်တဲ့ ဘက်တီးရီးယားပိုးများနဲ့ မှိုများကို တိုက်ခိုက်ပေးနိုင်တဲ့ အာနိသင်တွေရှိနေပါတယ်။ သုံးစွဲချင်ရင်တော့ တမာသွားတိုက်ဆေး သို့မဟုတ် တမာရွှက်နဲ့ပြုလုပ်ထားတဲ့ ခံတွင်းသန့်ဆေးရည်တို့ကို ဝယ်ယူသုံးစွဲနိုင်ပါတယ်။

 နောက်ဆုံးနည်းလမ်းတစ်ခုကတော့ အားလုံးအတွက် အဆင်ပြေနိုင်မယ့်နည်းလမ်းလေးပါပဲ။ သွားဖုံးရောင်ဝေဒနာဖြစ်ပြီဆိုရင် အသားငါးထက် ဟင်းသီးဟင်းရွှက်တွေကို ပိုမိုစားသုံးသင့်ပါတယ်။ အသီဒအရွှက်မှာပါဝင်တဲ့ အာနိသင်များက သွားဖုံးရောင်ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သွားဖုံးရောင်ဝေဒနာကို ခံစားရမယ်ဆိုရင် ဒီနည်းလမ်းတွေထဲက တစ်ခုခုနဲ့ ကုသကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

( VitamiN )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : ba-bamail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ