အမေရိကန်ပြည်ထောင်စုတွင် ဆီးချိုနှင့်နှလုံးရောဂါစောင့်ရှောက်စရိတ် အကြီးမားဆုံးဖြစ်နေ


အမေရိကန်ပြည်ထောင်စုတ၀န်းတွင် အစိုးရကတာဝန်ယူ ကုသပေးရသော ကျန်းမာရေး စရိတ်စောင့်ရှောက်မှု စုစုပေါင်း၏ ထက်ဝက်ခန့် မှာ ဖျားနာနှင့်ရောဂါ အမျိုး ၂၀ ခန့် အတွက်ကုန်ကျနေပြီး ယင်းဖျားနာနှင့်ရောဂါများ အနက် ဆီးချိုနှင့်နှလုံး ရောဂါတို့ အတွက် ကုန်ကျစရိတ်မှာ အကြီးမား ဆုံးဖြစ်နေကြောင်း အမေရိကန်ပြည်သူ့  ကျန်းမာရေးဌာနမှ ထုတ်ပြန်ကြေညာသည် ။

 အမေရိကန်ပြည်ထောင်စုတ၀န်းတွင် ဖျားနာနှင့်ရောဂါ ၁၅၅ မျိုးထက်မနည်းကို အစိုးရက အပြည့် အ၀ဖြစ်စေ ၊ ကာယကံရှင်နှင့်စရိတ်မျှခံ၍ဖြစ်စေ ၊ ကာယကံရှင်က ကုန်ကျစရိတ်အ၀၀ကို ကျခံခြင်းဖြင့်ဖြစ်စေ ကုသပေးလျက် ရှိကြောင်း ၊ ၄င်းစရိတ်ကျခံမှု သုံးမျိုးလုံးတွင် ဆီးချိုနှင့် နှလုံးရောဂါ အတွက် ကုန်ကျစရိတ်က အကြီးဆုံး ဖြစ်နေခြင်း ဖြစ်ကြောင်း ၄င်းဌာန၏ ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြထားသည် ။ ကျန်းမာရေးစောင့်ရှောက်စရိတ်အမြင့်ဆုံးကိုဖြစ်စေသော ဆီးချိုနှင့်နှလုံးရောဂါ နှစ်မျိုးတည်းကို ပြန်လည်နှိုင်းယှဉ် ကြည့်ရာဝယ် ဆီးချိုအတွက်ကုန်ကျစရိတ်က များစွာမြင့်မားနေပြန်ကြောင်း ၊ ဆီးချိုရောဂါအတွက် ရောဂါရှာဖွေ ခြင်းနှင့် ကုသခြင်းအတွက် နှစ်စဉ်ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၁၀၁ ဘီလီယံထက်မနည်း ရှိကြောင်း ၊ ၄င်း ကုန်ကျစရိတ်သည် နှလုံးရောဂါအတွက်ကုန်ကျစရိတ်ထက် ၃၆ ဆထက်မနည်း ပိုများနေကြောင်း၊ လွန်ခဲ့သည့် ၁၈ နှစ် လုံးလုံး အမေရိကန်ပြည်ထောင်စုတွင် လူအသေ အပျောက်အများဆုံး ကိုဖြစ်စေခဲ့သောရောဂါသည်လည်း ဆီးချို ရောဂါပင်ဖြစ်ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုမှာ အသက် ၆၅ နှစ်ကျော်သွားတဲ့လူအတော်များများမှာ ဆီးချိုနဲ့ နှလုံး ရောဂါ နှစ်ခုလုံး မဟုတ်တောင် တစ်ခုတော့ ရှိပါတယ်။ ဆီးချိုနဲ့ နှလုံးပြီးရင် အလုပ်လုပ်နေဆဲလူလတ်တန်းစားတွေမှာ အတွေ့ ရ အများဆုံးက ခါးကိုက်ခါးနာဝေဒနာဖြစ်ပါတယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။ ၂၀၁၃ တွင် အဆိုပါ ရောဂါ ဝေဒနာ ၃ မျိုးနှင့်အတူ လိမ့်ကျခြင်းလဲ ကျခြင်းတို့ ကြောင့်ဖြစ်သောဝေဒနာ ၊ သွေးတိုးခြင်းကြောင့်ဖြစ်သောဝေဒနာ အစရှိသည်တို့ ကို ကုသရန်အတွက် အစိုးရကုန်ကျစရိတ်မှာ စုစုပေါင်းပြည်သူ့ ကျန်းမာရေးကုန်ကျစရိတ်၏ ၁၈ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပြီး ငွေသားအားဖြင့် အမေရိကန်ဒေါ်လာ ၄၃၇ ဘီလီယံအထိ ရှိခဲ့ကြောင်း သိရသည် ။
ယင်းကုန်ကျစရိတ်များကို လေ့လာဆန်းစစ်ကာ အမေရိကန်ပြည်ထောင်စုတွင် ပြည်သူ့  ကျန်းမာရေး စောင့်ရှောက် မှု အောင်မြင်မှု ရရှိသည့်နှုန်းကို ဆက်လက် တွက်ချက်ဖော်ထုတ်သွား မည်ဖြစ်ကြောင်း သိရသည် ။


ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ