ခွဲစိပ်မှုဖြင့်ကိုယ်အလေးချိန်လျှော့ချသူများ နာတာရှည်အစာမကြေဝေဒနာခံစားရနိုင်


ကိုယ်အလေးချိန်ကို မထိန်းနိုင်ဘဲ အ၀လွန်ကဲလာသူများသည် ခွဲစိပ်မှုဖြင့် ကိုယ်အလေးချိန်လျှော့ချ ကြလေ့ရှိရာဝယ် ၄င်းခွဲစိပ်မှု၏ ဘေးထွက်ဆိုးကျိုးတစ်ခုမှာနာတာရှည်လေနာရောဂါရရှိခြင်း နှင့် အစာမကြေသည့်ရောဂါကို ခံစားရနိုင်ခြင်းဖြစ်ကြောင်း နယ်သာလန်နိုင်ငံ သုတေသီများကပြောသည် ။

သုတေသီများက အ၀လွန်နေသောလူနာ ၂၄၉ ဦးထက်မနည်းအားလေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ၄င်းတို့  သည် Laparoscopic Roux-en-Y နည်းဖြင့် ခွဲစိပ်ကုသခြင်းဖြစ်ပြီး အစာအိမ်ကို ကြက်ဥတစ်လုံး အရွယ်သို့ ရောက် အောင် ကျုံ့ စေကြောင်း ၊ ထိုခွဲစိပ်မှုပြုလုပ်ပြီးနောက်ထပ် ၂-နှစ်ခန့် အချိန်ကြာမြင့်သော် ၄င်းလူနာများ၏ ကိုယ် အလေးချိန် ၃၁ ရာခိုင်နှုန်းထက်မနည်းကျဆင်းသွားခဲ့ကြောင်း ၊ သို့ သော် ၄င်းတို့ တွင် အစာအိမ်လေနာခြင်း ၊ အစာမကြေခြင်းတို့ အပြင် အစားအစာအတော်များများအား စား၍မရအောင် ဓါတ်မတည့်ခြင်း အစရှိသည်တို့ ဖြစ်ပွားသည်ကို တွေ့ ရှိရကြောင်း သုတေသီတစ်ဦး ကပြောသည် ။ ဒီခွဲစိပ်မှုမျိုးက အူလမ်းကြောင်းကို ဒုက္ခပေးလာနိုင်တယ်ဆိုတာ အစောပိုင်းလေ့လာမှုတွေ ကနေ သိရှိခဲ့ပြီး ဖြစ်ပါ တယ် ။ ဒါပေမယ့် အဲဒီလေ့လာမှုတွေ အရ ခွဲစိပ်ပြီး ပထမတစ်နှစ်လောက်မှာပဲ ရှုပ်ထွေးမှုဖြစ်မယ်ဆိုတဲ့သဘော ဖြစ်ပါတယ် ။

ဒါပေမယ့် လေ့လာဆန်းစစ်မှုတွေအရခွဲစိပ်ခံလူနာတွေဟာနာတာရှည် အစာမကြေနဲ့ လေနာရောဂါ တို့ ကိုခံစားရနိုင်ခြင်းဖြစ်တာကိုတွေ့ ရပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည် ။ သုတေသီများသည် ၂၀၁၂ ခုနှစ်က ပျှမ်းမျှအသက် ၄၆ နှစ်အရွယ်လူနာများအားလေ့လာဆန်းစစ်ခဲ့ကြောင်း ၊ ၄င်း လူနာများ အနက် ၄၅ ရာခိုင်နှုန်းခန့် တွင် သွေးတိုးဝေဒနာရှိပြီး ၂၉ ရာခိုင်နှုန်းတွင် ဆီးချိုရောဂါရှိခဲ့ကြောင်း ၊ ၄င်းတို့  အနက် အချို့ က ကိုယ်အလေးချိန်လျှော့ချနိုင်ရန် ခွဲစိပ်မှုခံယူခဲ့ကြောင်း ၊ ခွဲစိပ်မှုခံယူခဲ့သူများနှင့် ခွဲစိပ်မှုမခံယူခဲ့ သူများကို (၂)ဖွဲ့ ခွဲကာအစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ (၁၆)မျိုးကို မည်သူက မည်မျှခံစားနေရသည် ၊ နောင် တွင် ခံစားရနိုင်ခြေရှိသည် အစရှိသည်တို့ ကို စူးစမ်းလေ့ လာခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းလေ့လာဆန်းစစ်မှုများအ၇ ခွဲစိပ်မှုခံယူခဲ့သူများတွင် အစာမကြေလေ နာရောဂါခံစား ရနိုင်ခြေ ၂.၂ ရာခိုင်နှုန်းရှိခဲ့ပြီးခွဲစိပ်မှုခံယူထားခြင်းမရှိသူများတွင် အလားတူရောဂါဖြစ် ပွားနိုင်ခြေ ၁.၈ ရာခိုင်နှုန်းဖြစ်သည်ကိုတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ