သစ်သီးဖျော်ရည်များတွင်ပါဝင်သော သကြားဓာတ်ပမာဏမှာ ခန့်မှန်းထားသည်ထက်ပိုများနေ


သစ်သီး ဖျော်ရည်များတွင် ပါဝင်သော သကြားဓာတ် ပမာဏမှာ ခန့်မှန်းထားသည်ထက်ပိုများနေပြီး ၃.၅ အောင်စရှိသည့် သစ်သီးဖျော်ရည်တွင် ကလေးငယ်တစ်ယောက်နေ့စဉ်သောက်သုံးသင့်သည့် ပမာဏ ထက်ဝက်ခန့် သို့မဟုတ်သုံးပုံနှစ်ပုံခန့် အထိပါဝင်နေကြောင်း လေ့လာမှု အသစ်တစ်ခုအရသိရသည် ။ BMJ Open အွန်လိုင်းဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သောသုတေသနအသစ်တစ်ခုတွင် သဘာဝ သစ်သီး ဖျော်ရည်များ ၊ စက်ဖျော်နှင့်လက်ဖျော်သစ်သီးဖျော်ရည်များတွင် ပါဝင်သော သကြားပမာဏသည် လက်ခံနိုင်ဖွယ်မရှိလောက်သည်အထိမြင့်မားနေကြောင်း သိရှိရပါသည် ။

Yale Health မှအချက်အလက်များ အရ ပျမ်းမျှအမေရိကန် တစ်ယောက်သည် သကြားလက်ဖက်ရည်ဇွန်း ၂၂ ဇွန်းခန့် ထပ်တိုး စားသုံးနေကြပြီး ဆယ်ကျော်သက်များတွင် ၃၄ဇွန်းခန့်ရှိနိုင်သည်ဟု ဆိုပါသည် ။
 ၁၂ အောင်စဆိုဒါတစ်ဘူး တွင်သကြား စားပွဲတင်ဇွန်း ၁၀ ဇွန်းခန့် ပါဝင်သည်။ ကလေးငယ်များ အနေဖြင့်တစ်နေ့လျှင်သကြား လက်ဖက်ရည်ဇွန်း ၃ ဇွန်းထက်ပို၍ လည်းကောင်း ၊ ဆယ်ကျော်သက်များ အတွက် လက်ဖက်ရည်ဇွန်း ၅ ဇွန်း ထက်ပို၍ လည်းကောင်း မစားသုံး သင့်ကြောင်းကို အမေရိကန်နှလုံး အဖွဲ့အစည်းမှအကြုံပြုထားပါသည်။

လီဗာပူးလ်နှင့် လန်ဒန်တက္ကသိုလ်မှ သုတေသနပညာရှင်များက သစ်သီး ဖျော်ရည်များ ၊ ကလေးငယ်များ အတွက် ဦးတည် ထုတ်လုပ်ထားသော သစ်သီးများပါဝင်သည့် အအေးဘူး များတွင် ပါဝင်သည့် အရည် ၃.၅ အောင်စလျှင် ပါဝင်သော သကြား ဓာတ်ပမာဏကိုလေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်သည် ။ သဘာဝသစ်သီး ဖျော်ရည်၂၁ မျိုးတွင် ပါဝင်သော သကြားဓာတ်ပမာဏမှာ ၁၀၀မီလီ လီတာတွင် ၁၀.၇ ဂရမ် သို့မဟုတ် လက်ဖက်ဇွန်း ၂ ဇွန်း ကျော်ခန့်ပါဝင် နေပြီး စက်ဖြင့်ဖျော်ထားသော သစ်သီးဖျော်ရည်များ တွင်လည်း ၁၀၀ မီလီလီတာတွင် ၁၃ ဂရမ်သို့မဟုတ် လက်ဖက်ဇွန်း၂.၅ ဇွန်း ကျော်ခန့် ပါဝင်နေသည် ။ လေ့လာမှုတွင် ပါဝင်ခဲ့ သော ကုန်ပစ္စည်းများအာလုံး၏  ၄၀%  တွင်သကြားဓာတ် လက်ဖက်ဇွန်း ၄ဇွန်းခန့် သို့မဟုတ် ၁၉ ဂရမ်ခန့် ပါဝင်နေကြောင်း ယင်းပမာဏသည်ကလေးများအတွက်နေ့စဉ်စား သုံးရန်အကြုံပြုထားသောပမာဏ၏ အမြင့်ဆုံး ကိန်းဂဏန်းပင်ဖြစ်သည် ဟုယင်း သုတေသနကဖော်ပြထား ပါသည် ။

Dr A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ