မျက်စိထိခိုက်ခြင်း အရေးပေါ်အခြေအနေများ


မျက်စိထိခိုက်ခြင်း အရေးပေါ် အခြေအနေတွေမှာ မျက်လုံးကို ထိခိုက်ရှနာဖြစ်ခြင်း ၊ ကုတ်ခြစ်မိခြင်းများ၊ ဓာတု ပစ္စည်းများ မျက်လုံးထဲသို့ ဝင်ခြင်း ၊ မျက်လုံးကို တုံးသောအရာဖြင့် ထိုးမိခြင်း ( ခိုက်ရန်ဖြစ်ပွားတဲ့ အခါမျိုး မတော်တဆ ထိခိုက်မိတာမျိုး ) ရောဂါကြောင့် နီရဲရောင်ရမ်းခြင်းအပြင် တခြားသော မျက်လုံး အတွင်းသွေးခဲခြင်း တွေ ပါဝင်ပါတယ် ။ ဖြစ်ပေါ်လာသော အကြောင်းတွေကတော

၁ .ထိခိုက်ဒဏ်ရာရခြင်း

ညိုမဲဖူးယောင်လာတဲ့ မျက်လုံးတွေက ထိခိုက်ဒဏ်ရာကြောင့် ပဲဖြစ်ပါတယ် ။ မျက်လုံး အရေပြား တဝိုက် သွေးခြည်ဥရာကနေ အညို အမည်းတွေ ဖြစ်လာတာပါ ။ အရောင်တဖြည်းဖြည်းလျော့ သွားပြီး ပျောက်ကင်းသွားဖို့တော့ အချိန် ၂ပတ်ခန့် ကြာပါတယ် ။ မျက်လုံးကိုတိုက်ရိုက်မထိခိုက်ဘဲ ဦးခေါင်းရိုးထိခိုက်အက်ကွဲခြင်း ( skull fracture) မှာလည်း ညိုမည်းတဲ့ မျက်လုံး (Panda eyes) တွေ ဖြစ်လာတတ်ပါတယ် ။

၂.ဓါတုပစ္စည်းများဖြင့် ထိခိုက်မိခြင်း

ဓါတုပစ္စည်းများဖြင့် ထိခိုက်မိခြင်းဟာ များသောအားဖြင့် လုပ်ငန်းခွင်မှာ ထိခိုက်မှုတွေ ဖြစ်ပါတယ် ။ အက်ဆစ်များ ၊ထုံးစတဲ့ အယ်လ်ကာလီ ပျော်ရည်များ ၊ ဥယျာဉ်လုပ်ငန်းသုံးဓာတ်မြေသြဇာအရည်တွေ ၊စက်ရုံသုံးဓာတုပစ္စည်းတွေ ရေခဲသေတ္တာတွေမှာ သုံးတဲ့ ဆိုဒီယမ် ဟိုက်ဒြောက်ဆိုက်များဟာ မျက်ကြည်လွှာကို ထိခိုက်ပျက်စီးစေပါတယ် ။ အိမ်သုံး ဆပ်ပြာဆီ၊ ရေမွှေး ၊hair spray ၊air spray စတဲ့ အငွေ့လွှတ်ပစ္စည်းတွေကလည်း မျက်လုံးကို ထိခိုက်စေတဲ့ chemical burns တွေကို ရစေတာပါပဲ။ အဲ့ဒီအတွက် ဓာတုပစ္စည်းများ ကိုင်တွယ်ရတဲ့ လုပ်ငန်းတွေမှာ လက်အိတ် ၊မျက်မှန် များ ( Safety glasses) တပ်ဆင် အသုံးပြုပြီး ကိုင်တွယ်သင့်ပါတယ် ။

၃.မျက်ခွံကို ဒဏ်ရာရစေခြင်း မျက်ခွံထိခိုက်ခြင်းက မျက်လုံးကိုပါသက်ရောက်သော ထိခိုက်မှု ဖြစ်စေပါတယ်။

၎ မျက်စိအတွင်းသို့ ပစ္စည်းများဝင်ခြင်း ဖုန်များ သဲများနှင့် တချို့လုပ်ငန်းခွင်များတွင် ကျောက်စများ မျက်လုံးထဲဝင်ခြင်းဟာလည်း သင့်ရဲ့မျက်လုံး အရှေ့ပိုင်းကို ဖုံးအုပ်ထားတဲ့ မျက်ကြည်လွှာကို ထိခိုက်စေပြီး မျက်စိနာကျင်ကိုက်ခဲခြင်း ၊နီရဲခြင်းများဖြစ်လာပါတယ်။

#မျက်စိထိခိုက်တဲ့အခါမှာ ထိခိုက်မိတဲ့ အနာတရအပေါ်မူတည်ပြီး ဖြစ်ပေါ်ခံစားနိုင်တာတွေကတော့ သွေး သို့မဟုတ်တခြားသော မျက်ဝတ်၊ပြည်စသည်များထွက်ခြင်း မျက်လုံး ညိုမဲ ရောင်ယမ်းခြင်း ပုံရိပ် ၂ထပ်မြင်ခြင်း အမြင်ဝေဝါးခြင်း မျက်စိ နီရဲနာကျင်ခြင်း အလင်းရောင် ထိသောအခါ မျက်စိနာကျင်ခြင်းတို့ အပြင် အမြင်အာရုံပျောက်ကွယ်သည် အထိ ဖြစ်တတ်ပါတယ်။

#အိမ်တွင်း သို့မဟုတ် လုပ်ငန်းခွင် အရေးပေါ်ကုသနည်းတွေအနေနဲ့ လုပ်ပေးနိုင်တာတွေကတော့ ဖုန် ၊အမှုန် ၊မျက်တောင်မွှေးစတဲ့ သေးငယ်တဲ့ အရာဝတ္ထုတွေအတွက် လက်ကို ဆပ်ပြာဖြင့် သေချာ စွာ ဆေးကြောပါ ။ အလင်းရောင်ကောင်းသော နေရာမှာ တစ်စုံတစ်ယောက်ရဲ့ အကူအညီယူ၍ မိမိမျက်စိကို သေချာစွာကြည့်စေပါ။ မျက်ခွံအတွင်းထဲမှာလို့ သံသယရှိတဲ့အခါ အောက်မျက်ခွံဆိုလျှင် မျက်ခွံကို လက်ဖြင့် ညင်သာစွာဆွဲချပါ။ အပေါ်မျက်ခွံဆိုလျှင်တော့ သန့်စင်သော ဂွမ်းတုတ်တံ ( cotton swab ) ကို မျက်ခွံပေါ်တင်ပါ ။ မျက်ခွံကို ဆွဲတင်ပြီး ဂွမ်းတုတ်တံပေါ်ခေါက်တင်လိုက်ပါ ။ မျက်ခွံအတွင်း ဝင်နေတဲ့ အရာဝတ္ထုလေးကို တွေ့လျှင် သန့်စင်သောရေဖြင့် ဆေးကြောဖယ်ရှားပါ ။အကယ်၍ မရ လျှင် နောက်ထပ် ဂွမ်းတုတ်တံတစ်ချောင်း ကို အသုံးပြုပြီး ဖယ်ရှားကြည့်ပါ ။ ဝတ္ထုဟာ မျက်လုံးရဲ့ မျက်နှာပြင်ပေါ်မှာဆိုရင်တော့ ရေနဲ့ ပဲ ဆေးကြောပါ ။ မျက်စဉ်းကိုလည်း အသုံးပြု နိုင်ပါတယ် ။ အဲ့ဒီလို ဖယ်ရှားသော်လည်း ကျန်နေသေးတယ်လို့ ခံစားရလျှင်တော့ နီးစပ်ရာ ဆေးခန်းကို ပြသပါ ။ တကယ်လို့ ဝင်ရောက်နေတဲ့ အမှုန် ကျောက်စ ခဲ စသည်ဟာ အရွယ်အစားကြီးမားနေတဲ့ အခါမှာတော့ ဒီအတိုင်းပဲ ထားပါ ။ ဖယ်ရှားဖို့ မကြိုးစားပါနဲ့ ။ ပွတ်ချေတာ ဖိတာတွေက ပိုဆိုးသွားနိုင်ပါတယ် ။ ဖြစ်နိုင်ရင်တော့ မျက်လုံး လှုပ်ရှားမှု နည်းသွားအောင် ပတ်တီးလေး စည်းပေးတာမျိုး လုပ်ထားပေးတာက ထပ်မံ ဒဏ်ရာရခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ် ။ ပြီးရင်တော့ နှောင့်နှေးမနေဘဲ မျက်စိကုသမှု ခံယူ ရန် ဆေးရုံဆေးခန်းကို သွားပါ ။ Acid ,Alkali စတဲ့ ဓာတုပစ္စည်းများ ဝင်ရောက်တဲ့ အခါ လူကို ဘေးတိုက်စောင်းပြီး မျက်လုံးဖွင့်ထားကာ ဘုံဘိုင်ရေ (running water) နဲ့ ၁၅မိနစ် မိနစ်၂၀ခန့် ဆေးကြောပေးရမှာ ဖြစ်ပါတယ်။မျက်ကပ်မှန်တပ်ထားခဲ့ရင် ရေဆေးတဲ့အခါ မျက်ကပ်မှန်က မကျွတ်သွားဘူး ဆိုရင် ရေဆေးပြီးမှပဲ မျက်ကပ်မှန်ကို ဂရုတစိုက်ချွတ်ပါ ။ ပြီးလျှင် ထပ်မံပြီး မျက်လုံး ကို ရေဖြင့်ဆးကြောပါ ။တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများမှာပါ အဲ့ဒီဓာတု ပစ္စည်းတွေ ပေကျံနေ ရင် ဆေးကြောရပါမယ် ။ မျက်လုံးကို ပိတ်ထားခြင်းက အဲ့ဒီဓာတုပစ္စည်းတွေနဲ့ မျက်လုံးကို ပိုမိုထိတွေ့စေသလိုဖြစ်တတ်ပါတယ် ။မျက်လုံးကို ဖွင့်ထားပါ ။ ထိခိုက်မိခြင်း ၊ထိခိုက်မိခြင်း ၊ထိုးမိခြင်း အတွက် ရေခဲကပ်ပေးနိုင်ပါတယ် ။ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်အောင်လို့ပါ ။ ရေခဲကို အရေပြားပေါ်တိုက်ရိုက်မကပ်ဘဲ ရေခဲနဲ့ အရေပြားကြားမှာ သန့်စင်တဲ့ အဝတ်စလေး ခံပေးပါ ။၂၄နာရီ နောက်ပိုင်းမှာတော့ ရေနွေးဖတ်ကပ်ပေးခြင်းက အညိုအမည်းစွဲတာတွေ ကို လျော့ပါးစေမှာပါ ။ သွေးထွက်နေတဲ့ဒဏ်ရာ အနာတရတွေကိုတော့ သန့်စင်တဲ့ အဝတ်စနဲ့ ဖုံးအုပ်ပြီး ဆေးကုသမှုခံယူဖို့ သွားပါ ။

# မလုပ်ရမဲ့ အရာတွေက မျက်လုံးကို ဖိပွတ်တာမျိုး ချေတာမျိုး မလုပ်ရပါဘူး မျက်လုံးထဲကို စိုက်ဝင်နေတဲ့ ပစ္စည်းတွေကို အတင်းဖယ်ရှားဖို့ မကြိုးစားပါနဲ့ သိသာတဲ့ နာကျင်ရောင်ယမ်းမှု မရှိသေးရင် မျက်ကပ်မှန်ကို မချွတ်ပါနဲ့ ။ချွတ်ဖို့ ကြိုးစားခြင်းက မျက်လုံးကို ပိုမိုထိခိုက်စေပါတယ်။ ရေဆေးကြောပြီးသောအခါမှ ချွတ်ပါ။ ဆူးထွင်ရန် ကျောက်စ ဖယ်ရှားရန် မျက်လုံးထဲကို ဇာဂနာ အပ်စတဲ့ ချွန်ထက်တဲ့ အရာများနဲ့ မထိုးပါနဲ့။ မျက်ခွံတွင် ငြိနေသော အရာများကိုသာ ဂွမ်းတုတ်တံ ( cotton swab ) လေး သုံးနိုင်ပါတယ်

----------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့ ...
ခွန်းညိုသွေး
HealthGuide
https://www.facebook.com/pg/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ