အရက် သို့မဟုတ် ဝိုင်တို့ကို တစ်နေ့တစ်ခွက်သောက်သုံးခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်


တန်ဆေးလွန်ဘေး ဆိုထားသလိုပင် အရက် သို့မဟုတ် ဝိုင်တို့ကို တစ်နေ့လျှင် တစ်ခွက် သောက် သုံးခြင်းဖြင့် နှလုံး ရောဂါနှင့် နှလုံးနှင့် ပတ်သက်သည့် ရောဂါများကို ကာကွယ်စေနိုင်ကြောင်း သြစတြေးလျနိုင်ငံ Alfred ဆေးရုံမှ နှလုံးနှင့် ပတ်သက်သည့် ရောဂါများကို သုတေသန ပြုလုပ်နေသည့် ဆရာဝန် Peter Kistler မှ ပြောကြားခဲ့ကြောင်း သိရသည်။

အရက် သောက်သုံးခြင်းသည် ကျန်းမာရေးနှင့် မညီညွတ်ကြောင်း လူအများ သိရှိထားသော်လည်း အရက် သို့မဟုတ် ဝိုင်တို့ကို တစ်နေ့လည်း တစ်ခွက် သောက်သုံးပေးခြင်းဖြင့် သွေး လည်ပတ်မှု အားကောင်းမွန်စေ သည့်အပြင် နှလုံးနှင့် ပတ်သက်သည့် ရောဂါများကို ကာကွယ်နိုင်ပြီး နှလုံးနှင့် ပတ်သက်သည့် ရောဂါတို့ကို သုတေသန ပြုလုပ်နေသည့် ဆရာဝန် Peter Kistler နှင့် အဖွဲ့တို့မှ လူ ၁၀၀၀ တို့၏ အရက်နှင့် ဝိုင်ကို အသင့်အတင့် သောက်သုံးသည့် လူများနှင့် အရက်နှင့် ဝိုင် လုံးဝ မသောက် သုံးသည့် လူများ၏ နှလုံးကို စမ်းသပ်ရာတွင် အရက်နှင့် ဝိုင်ကို အသင့်အတင့် သောက်သုံးသည့် လူများ ၏ နှလုံးက ပိုမိုကျန်းမာနေကြောင်း သိရသည်။

သို့သော် အရက် သို့မဟုတ် ဝိုင်များကို အလွန်အကျွံ သောက်သုံးပါက ကျန်းမာရေးကို ထိခိုက် စေနိုင်၍ ကျောက်ကပ်နှင့် ပတ်သက်သည့် ရောဂါများကို ဖြစ်ပွားစေနိုင်ပြီး ဘီယာကိုလည်း အလွန်အကျွံ သောက်သုံးပါက ဦးနှောက်ဆဲလ်များကို ပျက်စီးစေနိုင်ကြောင်း ဆရာဝန် Peter Kistler မှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ