သွေးဖိအားမြင့်တတ်ခြင်းကို ကာကွယ်ပေးစေနိုင်တဲ့ အစားအစာများ



 နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဆားပါဝင်မှုများနေတာ ၊ အရက်သောက်သုံးမှုများတာ ၊ အဝလွန်တာ ၊ ဟင်းသီးဟင်းရွှက်အစားနည်းတာနဲ့ လှုပ်ရှားမှုနနည်းတာတို့ကြောင့် သွေးဖိအားကိုများစေပါတယ်။ ဒီလို သွေးဖိအားများနေပြီဆိုရင် ပြန်လည်လျော့ချပေးစေနိုင်တဲ့ အစားအစားများကို ဖော်ပြပေးလို့ပေးချင်ပါတယ်။



 ပထမဆုံး ပြောပြချင်တဲ့အစားအစာကတော့ သဘောင်္သီးဖြစ်ပါတယ်။ သဘောင်္သီးမှာ ဗီတာမင်စီဓါတ်တွေ များစွာပါဝင်နေတဲ့အပြင် အမိုင်နိုအက်ဆစ်နဲ့ ပိုတတ်ဆီယမ်ဓါတ်တွေလည်း အများအပြားပါဝင်နေတာကြောင့် သွေးဖိအားမြင့်တတ်မှုကို ပြန်လည်ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာရေးကိုပါ အထောက်အကူပြုနိုင်ပါတယ်။


 နောက်အစားအစာတစ်မျိုးကတော့ ခရမ်းချဉ်သီးပါ။ ခရမ်းချဉ်သီးကတော့ သွေဖိအားအဆင့်ကို ထိန်းညှိပေးတဲ့ အစားအစာတွေထဲမှာ အကောင်းဆုံးလို့တောင် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် အာနိသင် ပိုထိရောက်စေချင်ရင်တော့ ခရမ်းချဉ်သီးကို မချက်ပြုတ်ပဲ ဒီအတိုင်းစားသုံးရမှာ ဖြစ်ပါတယ်။

 ထောပတ်သီးဟာလည်း သွေးဖိအားမြင့်တတ်မှုကို ဟန့်တားပေးနိုင်တဲ့ အစားအစာတွေထဲမှာ တစ်ခုပါဝင်နေပါတယ်။ ထောပတ်သီးမှာ ပိုတတ်ဆီယမ်တွေ အများကြီးပါဝင်နေသလို အမျှင်ဓါတ်လည်းပါဝင်နေတာကြောင့် သွေးဖိအားမြင့်မားနေမှုကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် အာလူး ၊ ဒိန်ချဉ် ၊ ကီဝီသီး ၊ ဖရဲသီးနဲ့ မုန်လာဥနီတို့ဟာလည်း သွေးဖိအားများနေမှုကနေ ကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာ။




( VitamiN )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Ba-bamail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ