အမျိုးသမီးများ နာတာရှည်ရောဂါ ကင်းဝေးရလေအောင်


အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့ ရောဂါဘယတွေကို ဖြစ်စေတဲ့ အချက်တွေကတော့ အများကြီးပါပဲ ။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေကို လိုက်နာမယ် ဆိုရင်တော့ နှလုံးရောဂါ ၊ ကင်ဆာရောဂါ ၊ လေဖြတ်တာနဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတချို့မဖြစ်အောင် ရှောင်ရှားနိုင်ပါလိမ့်မယ် ။ အမျိုးသမီးတိုင်း အစဉ်ကိုယ်ကျန်းမာ ၊ စိတ်ချမ်းသာရှိနေဖို့ ဘဝနေထိုင်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် လိုက်နာဖို့လိုပါတယ် ။

1.    ဆေးလိပ်မသောက်ပါနှင့်
ဆေးလိပ်သောက်တာက ရောာဂါပေါင်းများစွာကို ဖြစ်စေနိုင်ကာ သေဆုံးစေနိုင်တဲ့ အချက် တစ်ချက်ဖြစ်ပါတယ် ။ သင်က ဆေးလိပ်သောက်သူဖြစ်ရင် နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေက သိသိ သာသာ မြင့်တက်လာပါလိမ့်မယ် ။ သန္ဓေတားနည်းကို သုံးနေသူဖြစ်ရင် ဆေးလိပ်သောက်ပါက အဆို ပါရောဂါတို့ဖြစ်နိုင်ခြေကို ပိုမြင့်တက်စေပါတယ် ။ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူရင်လည်း အလားတူကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ် ။

2.    ကိုလက်စထရောကို လျှော့ချပါ
သွေးတွင်းကိုလက်စထရော အဆင့်များတာက နှလုံးရောဂါဖြစ်စေနိုင်ပါတယ် ။ အမေရိကန်နှလုံး ကျန်းမာရေးအသင်းအရ အသက် ၅၅နှစ်မှစ၍ အမျိုးသမီးတစ်ဦးရဲ့ သွေးတွင်းကိုလက်စထရောအဆင့်ဟာ အမျိုးသားတစ်ဦးထက် မြင့်တက်နေတတ်ပါတယ် ။ ရူမတွိုက်အဆစ်ရောင်နာရှိတဲ့ အမျိုးသမီးတွေ က နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများတာကြောင့် သွေးတွင်းကိုလက်စထရော အဆင့်ကို စောင့်ကြည့်သင့် ပါတယ် ။ နှလုံးသွေးကြော ကျန်းမာရေးကိုလည်း အမြဲစစ်ဆေးသင့်ပါတယ် ။ ကိုလက်စထရောလျော့ ကျစေတဲ့ အစားအသောက်တွေကို စားပေးဖို့လိုပါတယ် ။

3.    ကိုယ်အလေးချိန်ကို စောင့်ကြည့်ပါ
အမျိုးသမီးတွေက ကိုယ်အလေးချိန် ပေါင် ၂၀နဲ့ အထက် ပိုများနေရင် သွေးဖိအား လည်း မြင့် တက်နေနိုင်ပါတယ် ။ အဆီတွေ များလွန်းနေရင် ၊ အထူးသဖြင့် ခါးတစ်ဝိုက်မှာ အဆီပိုတွေရှိနေရင် ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေ မြင့်တက်နေပါတယ် ။ ဖြစ်နိုင်တဲ့ ရောဂါတွေက ဆီးချိုသွေးချိုရောဂါ ၊ နှလုံးရောဂါနဲ့ လေဖြတ်တာတို့ပဲ ဖြစ်ကြပါတယ် ။ ကိုယ်အလေးချိန်လျော့ကျစေဖို့ ကာဗိုဟိုက်ဒရိတ် ၊ အချိုစာနဲ့ အဆီအဆိမ့်များတဲ့ အစာကို လျှော့စားသင့်ပါတယ် ။

4.    ပြည့်ဝဆီရှောင်ပါ
အဆီအဆိမ့်များတဲ့ အစာတွေကိုစားတာက ကင်ဆာရောဂါ အမျိုးမျိုးဖြစ်နိုင်ခြေကို မြင့် တက်စေနိုင်ပါတယ် ။ လေ့လာမှုအရ အဆီအဆိမ့်များများစားတာက ရင်သားနဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ကို မြင့် တက်စေတယ်လို့ သိရပါတယ်။ ထပ်ပြန်ကြော်ဆီတွေကိုလည်းရှောင်ပါ ။

5.    ဟင်းသီးဟင်းရွက်စားပါ
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေများတဲ့ အစားအစာတွေက သွေးတွင်း ကိုလက်စထရော ကို လျော့ကျစေပါတယ် ။ လေ့လာမှုတချို့အရ ဟင်းသီး ဟင်းရွက်တွေကိုစားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ်လို့ သိရပါတယ် ။ လတ်ဆတ်တဲ့ အပင်ထွက်ပစ္စည်းတွေကို စားပါ ။ တစ်နေ့ငါးကြိမ်လောက် စားပေးသင့်ပါတယ် ။

6.    အပန်းဖြေပါ
သင့်ခန္ဓာကိုယ်ကို အနားပေးဖို့ အရေးကြီးပါတယ် ။ တရားထိုင်တာ ၊ အသက်ပြင်းပြင်းရှူတာ ၊ စာဖတ်တာ စတာတွေအားလုံးက သင့်စိတ်ကို အနားရစေတဲ့ နည်းတွေပါပဲ ။

7.    လေ့ကျင့်ခန်းလုပ်ပါ
ဘယ်လိုလေ့ကျင့်ခန်းပုံစံမဆို သင့်ကို ပိုမိုကျန်းမာပြီး လန်းဆန်းမှုရရှိစေပါတယ် ။ သင်က အားကစား ခန်းမမှာ ချွေးထွက်အောင် လေ့ကျင့်ခန်းမလုပ်ဖြစ်ရင် အဆင်ပြေတဲ့အချိန်တိုင်း လမ်းလျှောက်ပေးပါ ။ ကလေးတွေနဲ့အတူ ပြေးလွှားဆော့ကစားပါ ။

8.    ပုံမှန် သားအိမ်ခေါင်းအသားစယူစစ်ဆေးပါ
သားအိမ်ခေါင်း အသားစယူစစ်ဆေးတာက ကင်ဆာအကြိုပြောင်းလဲမှုတွေကို အစောပိုင်း အဆင့်မှာကတည်းက သိနိုင်ပါတယ်။

9.    သွေးဖိအားကို ပုံမှန်တိုင်းတာပါ
သွေးတိုးတာက အများအားဖြင့် လက္ခာဏာ မပြတတ်တာကြောင့် သွေးတိုးနေတဲ့သူ အများစု က သွေးတိုးရောဂါရှိမှန်း မသိကြပါဘူး ။ ဒါကြောင့် သွေးဖိအားကို သိနိုင်အောင် ပုံမှန်တိုင်းတာပါ။

10.    ရင်သားကိုစစ်ဆေးပါ
ရင်သားကို မိမိဘာသာ တစ်လတစ်ကြိမ် စစ်ဆေးပါ ။ စစ်ဆေးလိုက်လို့ အလုံးအကျိတ်စတဲ့ သံသယဖြစ်စရာ အပြောင်းအလဲတွေ တွေ့ရင် ဆရာဝန်ထံသွားပြပြီး ရင်သားဓာတ်မှန်ရိုက်သင့် သလားဆိုတာ တိုင်ပင်သင့်ပါတယ် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ