အသက်ရှူတာလည်း လိုပါတယ်


စိတ်ဖိစီးမှုပြေပျောက်ဖို့အတွက် နှာခေါင်းနဲ့တင် မဟုတ်ဘဲ ဝမ်းဗိုက်နဲ့ပါ အသက်ရှုပေးဖို့ လိုပါတယ် ။ စိတ်ဖိစီးခြင်းက အသက်ကို ခပ်တိမ်တိမ်သာ ပြီးစလွယ်ရှုမိစေပါတယ် ။ ဒီလိုအသက်ရှုရာမှာ ဝမ်းဗိုက်က ကန့်လန့်ဖြတ် ကြွက်သားတွေက ဒီအတိုင်းရှိနေပြီး နံရိုးကို ဝန်းရံထားတဲ့ ကြွက်သားတွေကသာ အလုပ်လုပ်ရပါတယ် ။ ဒီကြွက်သားတွေက တဖြည်းဖြည်း မာသထက်မာလာတာကြောင့် စိတ်ဖိစီးမှု များတဲ့ နေ့တစ်နေ့အဆုံးမှာ ကြွက်သားတွေ မာကျစ်ပြီး ပခုံးကြော နာကျင်ကာ ဇက်ကြောတက် ရခြင်း ဖြစ်ပါတယ် ။

ဒီလိုမဖြစ်အောင် ပုံမှန်အသက်ပြင်းပြင်း ရှုပေးသင့်ပါတယ် ။ ချက်အောက်ပိုင်း အတွင်းဘက်မှာ ဘောလုံး တစ်လုံး ဖောင်းလာတယ်လို့ စိတ်ကူးပြီး အသက်ပြင်းပြင်း ရှုသွင်းလိုက်ပါ။ ငါးစက္ကန့်၊ ခြောက်စက္ကန့်လောက် ခဏအောင့်ထားကာ နှာခေါင်းကနေ ဖြည်းဖြည်းရှုထုတ်လိုက်ပါ။

နာရီအနည်းငယ်ခြား တစ်ခါလောက် လုပ်ပေးကာ တစ်ခါလုပ်ပါက ရှုသွင်းရှုထုတ် ဆယ်ကြိမ်ကနေ အကြိမ်နှစ်ဆယ်လောက် ပြုလုပ်ပေးသင့်ပါတယ်။

ဒီလိုအသက်ရှုနည်းက ငယ်စဉ်ကလေးဘဝကတည်းက ရှုတဲ့နည်းဖြစ်ပါတယ်။ အားလုံးက အသက်ကောင်းစွာရှုနည်းနဲ့ မွေးဖွားလာတာဖြစ်ပေမယ့် ကြီးလာတဲ့အခါ အသက်ကောင်းကောင်းရှုဖို့ မေ့လျော့နေတတ်သွားတာ ဖြစ်ပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ